Thursday, January 30, 2014

နှစ် သိမ့် ခွင့်



                      နင် ၀မ်းနည်း လို့  အားငယ် တဲ့ အခါ...
                                     အားပေးဖော်  မ ဟုတ်တဲ့ ငါ က...
                     ဘာ အသုံး ကျ   အုံး မလဲ လေ...
                                    နင့် မျက်ရည်   ငါ့  ကြောင့်  မဟုတ်ခဲ့  ပစေ...
                    ဖြေသိမ့်  ခွင့်  မပေး  သမျှ....
                                   ငါ  ငိုတာ ထက်   ပို နာကျင်  ရ တယ်လေ...
                   အချစ် ဆိုတာ   ထပ်တူ ထပ်မျှ....
                                   မျှဝေ ခံစား... နှစ်  သိမ့် စရာများ  ဖြစ်မယ် ဆို...
                 ကြင်နာ  တဲ့ စကား လေး တစ်ခွန်း   ဖြစ်ဖြစ်...
                                 ပြော ခွင့် ရလို့....
                  မင်း  ဝေဒနာ  ခဏ...
                                  သက် သာ စေ မယ် ဆို..
                 ငါ နေ ပျော် မယ်  ထင်တယ်   ချစ်သူ...။
                                                                     တောင်ဇလပ်

Wednesday, January 29, 2014

ကျေး ဇူး ပါ ချစ်သူ

 
ချစ် သူ ပြော စကား ...
ကိုယ့် နား ထဲ ပဲ့တင်...
အား အင်တွေ မွေး ဖွား...
အချစ် စွမ်း အား ပဲ ထင်...
အား ငယ် မိ တဒင်္ဂ....
သူ့ အ ပြုံး က စွမ်း အင်...
နွေး ထွေးစွာ  ကြို ဆိုမယ့်...
အချို မြိန် ဆုံး ရင် ခွင် ဆီ...
တစ်နေ့ မှာ  ခိုလှုံ ဖို့...
ကြို မျှော်  လို့  ရင်ခုန် မိ  အစဉ်...။

တောင်ဇလပ်

နွေ ဦး ပုံပြင်


ရွက် ဟောင်း ကြွေ  ကျ...
မြေ  အခ  မှာ....
နွမ်း ကြွေ   ကိုယ့်  အသည်း...
လှမ်း   ချွေ ရက် သူ...
ပင် ရွက်  သစ် ပျို...
စိမ်း  စေ လို ၍...
နွမ်း    မခြောက်  မီ...
ညိုး ရော်    ရွယ် ရည်...
လှုပ်  ခတ်  ခြွေ သည်...
တ မင်  မြေ ခ...
စိမ်း ဟန် ပြ လို့....
ကြွေ  အ ကျ  မှာ...
ချွေ  သူ  အပြစ်  ...  ကြွေ  သူ  အချစ်...။

တောင်ဇလပ်

Tuesday, January 28, 2014

သူငယ် ချင်း များ အတွက်



လတ်ဆတ်တဲ့  လေညှင်း ....
ကိုယ်... ရှုရှိုက်ရင်း..

အားသစ် နဲ့.... ဒီ မနက်...
လန်းဆန်း....  ခြင်း တွေနဲ့...

နိုး ထ လို့ နှုတ်ဆက်...
သူငယ် ချင်း များ အတွက်...

ကြုံ လာမယ့်    အခက်ခဲများလည်း...
နောက် ဆုတ် လို့   မကြောက်ရွံ့ဖို့....
စကားလေး နဲ့ အားပေး ချင်ရဲ့...

Never , Never,  Never....  Give Up :
ဘယ်တော့မှ  ၊  ဘယ်တော့မှ ၊ ဘယ်တော့ မှ .....
အရှုံး  မပေး  ပါနဲ့....။

တောင်ဇလပ်

Miss you


ငြီး ငွေ့ မှုနဲ့  အထီးကျန်...
မင်း မရှိတဲ့  မနက်ဖြန်...
မင်း  ပေး လာ တဲ့  အချစ်....
ငါ  ခံစား တဲ့ အပြစ်ကြောင့်...
ပေး သူနဲ့ ယူ သူ.... မတူ ညီမှု ကြောင့်လား...
ငါ   မင်း  ကို  ပိုလွမ်း  တယ် ဆိုတာ...
မင်း သိအောင် မဖော် ပြ...
ငါ့  အားနည်း ချက် ကြောင့် သာ ရယ်...
တစ်နေ ကုန်တိုင်း ....
ပို သွား တဲ့ ခံစားချက်  က...
အလွမ်း  မြစ် များ ဖြစ်ရင်...
ဒို့  အတူ  ဆုံချိန် ကျ...
ပင်လယ်  တစ်မျှ  ဖြစ်မယ် ထင်...
လွမ်း မြဲ ၊ လွမ်း ဆဲ ...
လွမ်း နေရ အုံးမယ့်....
မနက် ဖြန်  များ စွာ  အတွက် ကြောင့်  လေ....။

   တောင်ဇလပ်

Sunday, January 26, 2014

အဆိပ် သင့် သူ


ကိုယ် ဟာ ဒဏ် ရာနဲ့လူ...

မကြင်နာ သင့် သူမို့...

ရှောင် ကာဖယ်  အပြစ်ယူလည်း...

ကြည်ဖြူ စွာ ခွင့်လွှတ် မယ့် သူမို့...

အစာနာ ကင်းမဲ့   သူ တစ်ယောက် အဖြစ်...

မင်း ရင် မှာ ကမ္မည်း တင်လည်း...

တစ်သက်မှာ   တစ်ခါ ချစ်မို့...
 
ရာဇ၀င် တွင်  ဒီအချစ် တွေကို...

သေရာ ပါ သယ်ဆောင်သွားမယ့်...

ကိုယ် ဟာ လေ...  တစ်ကယ်တော့...

မုဆိုး တစ်ပိုင်း  .... မိန်းမရိုင်း...။

 တောင်ဇလပ်

Saturday, January 25, 2014

အထီး ကျန် တမ်း ခြင်း


တစ်ကိုယ်တည်း မို့....ဆိုညည်းစရာ...

သံစဉ် တွေလည်း  ကိုယ့် မှာ မရှိ...

အလွမ်း ၊ အဆွေး ထုတ် နှုတ်ရေးဖို့...

ဝေဒနာ လည်း  ကိုယ့် မှာ နတ္ထိ...

သံ စဉ် ဖွေရှာ  ကိုယ့် ဂီတာ လည်း...

ချောင် တစ်ခု မှာ  ကိုင်ရက်စရာ မရှိ....

သံစဉ်  မရှိ ၊  အချစ် မသိ...

ကြိုး ပြတ် ဂီတာ ...

ရင် ဗလာ နှင့်...

အထီး ကျန်သူရဲ့   အဖြစ်....။

တောင်ဇလပ်