Friday, March 28, 2014

ခဏ လေး


ကြင်နာ တဲ့  ....စကား လေး တွေရယ်..
ညင်သာ တဲ့ ....  အပြော လေး   တွေရယ်..
နွေး ထွေးတဲ့ ....  အကြည့် လေး တွေရယ်..
သာ ယာ တဲ့.....  စကား လေး တွေရယ်..
ကိုယ် .... ခဏ ချန်ရစ်လို့..
ခရီး တစ်ခု ... အစ ပြု တဲ့ အခါ...
မငို ပါနဲ့  ကဗျာလေး ရယ်..
ကိုယ် ခဏ..
ရင်ခုန် ခြင်း တွေရဲ့ .....  အဝေးကိုပါ...
ကိုယ်ခဏ...
ရှင်သန် ခြင်း တွေရဲ့ ..... အဝေးကို ပါ..
ကိုယ်ခဏ..
ပျော်ရွှင် ခြင်း တွေရဲ့ ....  အဝေးကို  ပါ...
ကာရံ လေး လည်း  မငိုနဲ့....
ဂီတာ လေး လည်း   မမှိုင် နဲ့..
ခွဲခွာ ခြင်း တွေ.... မပြီးဆုံးခင်..
တမ်းတခြင်း တွေ....   ရောက်မလာသေး ခင်..
ဝေး ကွာ ခြင်း   မိုင်တိုင်  တွေ ကြားမှာ...
ကိုယ်.. ခဏ လေး .... ခဏ  လေး  ရယ် ပါ...။
တောင်ဇလပ်