Wednesday, May 21, 2014

တိမ် ပလီ


ရှင် ရယ်


တစ်နေ့ နေ့ .. ပေါ့


ကဗျာ .. သမား..ရဲ့..ဒုက္ခ


မေမေ့ ...အလှ


ခွင့် ပြု ပါ


လွတ် လပ် ခွင့် ...တစ်နေရာ


ကဗျာလေး... သို့


ဝေဒနာ..တစ်ရေးနိုး


မိုး..သို့...တမ်း...ချင်း


အချစ် တစ်ခု ရဲ့ အဖြေ

Sunday, May 4, 2014

စစ်မှန်ခြင်း...ထဲမှာ


ပြေး  ထွက် ကာမှ....
ဝေး  ရက်  ပြီ  ကော တဲ့...
မေ့ ခဲ့ ကြာ မှ...
တမ်း တ ရင်မော သတဲ့...
သြော်...အချစ်..အချစ်..
ပစ်  ထား ကြာ မှ...
အသစ် အလား ..ပြန်ရစ်ဖို့..
ခွေ တစ် ချပ် လိုများ..
ပြန် ကောက် ကာ မသုံး နဲ့...
ခပ်ညံ့ ညံ့ မှတ် ဥာဏ်မှာ...
အမှတ် ရ စ ရာ....
မကျန်  လို့....
ရီမု ကွန်ထရိုး နဲ့...
ထိန်း ချုပ် ဖို့...ကြိုး စား ချင်တဲ့...
ဒိတ် အောက်တဲ့ အတွေး တွေ...
ဟိုး ...ဝေး ဝေး မှာ...
စွန့် ပစ် လိုက်..
ငါ  အခု..
ဦး နှောက် အစစ် နဲ့..
အသက် ရှင် နေတယ်...။
တောင်ဇလပ်

အတိတ် နဲ့ စိတ်


မင်း သိ အုံးမလား...ဒီနေ့ ကို..
မှတ်မိ အုံး မလား..ဒီရက် ကို လေ..
တစ်ခါက..တစ် ချိန်က ..အဖြစ်ပျက်..
ကိုယ့် ရင်မှာ မမေ့ နိုင်တဲ့ ရက်တစ်ရက်...
ပေး ခဲ့ဖူး တဲ့  လက်ဆောင်ရယ်..
ပြော ခဲ့ဖူး တဲ့..ကတိစကားရယ်..

ရက် များကြာ ညောင်း...
နှစ် များ အို ဟောင်း သွားပေါ့လေ..
ခပ် ဆွေး ဆွေး ဖြစ်နေတဲ့..
ဝက်ဝံ ရုပ် လေး က..
ကိုယ့်ကို များ ... ပြုံး ပြနေသလား..
စားပွဲ ပေါ် က ...
ကော် နှင်း ဆီ နီ တွေ ဆီ..
အမှတ်တမဲ့.. ရောက်သွားတဲ့..
ကိုယ့် အကြည့်  ဝေ  ရီ..
အမှတ် မထင် အချက် ပြ လာတဲ့..
ကိုယ့်  ရင် က ဒဏ်ရာ အကြွင်း ကျန် နဲ့...
အမှတ်တရ  တွေ ဆီ..
အလည် လွန်တဲ့  စိတ်ကို..
ပြန် ချည် လို့...
နှလုံးသား ကို    လွှတ်ချ  လိုက် တဲ့ ...ခဏ..
ဒီ နေ့ လေး ဟာ    လှပ သွားသလိုပါလား..
လွတ် မြောက်   သွား သလိုပါလား...
သြော် ... အတိတ်.. အတိတ်...
အလည်  လာပြီး များ...
ဒီ စိတ်ကို ၀င်မွှေ သွား သေး  သတဲ့လား....
ဒီတစ်ခါ ...မင်း  ငို ရ အောင်..
ငါ ဒီ နေ့  ပျော်နေလိုက်မယ်... စိတ်ချ..။
၃.၅.၂၀၁၄ ...မွေးနေ့ အမှတ်တရ...
တောင်ဇလပ်






ပြော ပြ ပေးပါ


အပြင် မှာ   ... မှောင်နေလား...ပြောပါ..
ကောင်းကင်မှာ..ကြယ်  ကြွေ  နေ လား ....
ငါ့ ကို...ပြော ပါ...
ဝေဟင် မှာ...လေထန်နေလား...
.ပြော ပြ ပေး ပါ လား...
ကောင်းကင် တစ်နေရာ မှာ..
ပုန်း ခို ဆော့ ကစားတဲ့..
လ...တစ်စင်း ကို ရော..
တွေ့မိ ကြလား...
 ကျေး ဇူး ပြု ၍...
ပြော  ပေး  ပါလား...

 တိမ် တွေ ရော..
လမင်း ရော..
လေ ပြေ ရော...
ကြယ် တွေ ရော..
သူတို့ ငါ့ကို...
သတိရ .. မရ..
အခန်း ကျ ဉ်း ထဲ  က..
မှေး စက် မရတဲ့..
အပြင်ကမ္ဘာနဲ့..
နယ် နိမိတ်ခြား..
ညများ စွာ ထဲက လူ  ..ကို..
ပြော.....ပေး ပါ..
ပြော......ပြ.. ပေး... ပါ..။
တောင်ဇလပ်



စိတ္တဇ .. ဆယ် စုနှစ်


ထွေး ပွေ့ ကြင်နာ....
ကင်းကွာ ဆယ်နှစ်...
မာယာ များ နဲ့ လုံး  ခြာ ရစ်...
လိုက် သူ နဲ့ ပြေး  သူ....
မော လေ ရော့ ...ဒီခရီး....
အောင် နိုင် သူ ပန်း ၀င်ဖို့...
အပြုံး  ၊  မျက် ရည် ဖဲ့ ချွေ ရင်း....
စတေး တာ လား....
အရှုံး လား...
ကိုယ့်  ရင် ကို ....နင်း ခြေ ချန်ရစ်....
အလွမ်း နှစ်....အဆွေး နှစ်...
တစ္စေ... ခြောက် ည....
ပျောက် ကျ  ...ကျန် ရစ်...
ရယ် သံ ...လွင့်  လွင့်...
စိတ္တဇ....  ဆယ် စု နှစ်...။
တောင်ဇလပ်