Tuesday, September 30, 2014

`` ? ''

  



 

 လျှော်ဖွတ် မရ
စိတ်အညစ်အကြေး
အဖြူ ရောင်လေး ဘယ်မှာ

စွန်းထင်းခဲ့ရ
အတိတ်နေ့များ
လွတ်မြောက်ခြင်း ဘယ်မှာ

  မေ့ဖျောက် မရ
စိတ်ဒဏ်ရာများ
ခွင့်လွှတ်ခြင်း ဘယ်မှာ

  ပြေးထွက်မရ
ပူလောင်ခြင်း များ
  ငြိမ်းချမ်း ခြင်း ဘယ်မှာ

ချ နင်းခံ ရ
ရိုးသားခြင်း များ
မှန်ကန်ခြင်း ဘယ်မှာ

အရှုံး.... အနိုင်
မဝေခွဲ နိုင် သမျှ
မှားယွင်း ခြင်း များစွာ...။

လယ္သူပ် ိဳ




မိုးရွာ ရေဖွေး
ကွင်းပြင်လေး
စိမ်းစိုလန်း လို့ 

နေချည် သေး
  ကောက်စိုက်ပျို မေ
  ဖော်တစ်ဆွေ
တူညီ ဆေးချယ်

မြ ဆေး ရည်
တစ်ချက်ချင်း မှာ
ကျွမ်းကျင် သမျှ
ကွင်း ပြင်ကျယ်လေး
စိမ်းစို မြ
လယ်စိုက် သူတို့
  တေးသံ ဆို
  ကောက်ပင် လေးများ
ယိမ်းက, သလို
တစ်ယောက်တစ်လက်
အပြိုင်နွဲ
လယ်သူ ပျို ရဲ့
ကျွမ်းကျင် မှု အောင်ပွဲ....။

ကဗျာ အိပ်သော နေ့



ကဗျာ မခြွေ
စာ မနေ သော
ပျင်းတွဲတွဲ နေ့

ဘယ်မှာ မှေး အိပ်

ကဗျာ တစ်ပိုဒ်
စာ မနှို က်
ရင် မ အိုက် သော နေ့

ကလောင် မသွေး
စာ မနွေး
ကဗျာ မဲ့ သော နေ့
ကာရံ ပျောက် သော နေ့
စကားလုံး များ ပုန်းအိပ်

တစ်ရက်ပြီး တစ်နေ့
အမြန် ဆုံး ရင်
ကဗျာ တစ်ပုဒ်
ဖွင့်မယ့် စိတ်
မိုးမလင်း ခင်
ဒီတစ်ည
လွတ်လပ် စွာ
  မှေးစက် ကာ အိပ်.....။

ဘယ်မှာ


မင်းနဲ့ ဒို့ ရဲ့ကြား
  ဝေးကွာ ခြင်း နံရံတစ်ဖက်ခြား
ဆုံနိုင်ခြင်း မရှိ သော
ဘ၀ တွေ လား
ဘယ်အရာက
ချု ပ်ကိုင် နှိပ်စက် ထား
အဖြေ မလိုသော
ပုစ္ဆာတစ်ပုဒ် လေလား
လန့်နိုး မှ
အိပ်ပျော် ခွင့် ကို တ
ဒီ အိမ်မက်
  မေ့ပျောက်ခက် သော အခါ
သူ မရှိ သော
အချစ်မဲ့ကမ္ဘာတစ်ဖက် မှာ
အချစ် ပျောက်သော
  နေ့ည များစွာ ကြာ
တစ်ခါ တစ်နေ့

ပြန်ရခွင့် ဘယ်မှာ...။
မေစနိုး

Friday, September 19, 2014

နင် မရှိသော



နာကျင် မှု က
  ပြန်ထ ချိန် မှာ
ဒဏ်ရာတစ်ခုတော့
ကျ န် ရစ် ခဲ့ ပါတယ်
ဒါကို မှ
နာသလား မေးရင်
အဟုတ်တစ်ကယ်
  သေ မတတ် လောက်ပါပဲ
အချိန် ရယ် တစ်ကာလ
  ဝေ ဒ နာ
လွန် ပြန် မှ ရယ်
အသေခြာ 

ပြန်စစ်မှ
လူ့မနော ကို
စစ်ကြော မသိတဲ့ အရွယ်

အချိန် ရယ်
သွန်သင်မှ
လဲရာက
  ပြန်ထ နိုင်ခဲ့တယ်

တော်ပါပြီ
ဒီ စိတ် ဟိုင်း
ရာဇ၀င် ရိုင်းမှာ
ချ ည် ကာ ထား မယ်

ငါ ဟာလေ
ငါ ပါ ပဲ
နင် မပါ ပဲ 

အသက်ရှင် ပြမယ်
နင် ပေးတဲ့
ဒဏ်ရာ နဲ့
နင့် ကို ငါ
  ကျေးဇူး ပြန်ဆပ်မယ်

နင်တစ်နေ့
ငါ့  စိတ်နဲ့
ဒဏ် ရာ မဖြစ်ဖို့
ကြို ဆုတောင်း ပေးမယ်

နောင်တ မရှိတဲ့
ရင်ခွင် တွက်
နင် အခု
  ပျော် နေ ပါ သေးတယ်

နင် ပျော်ဖို့
ငါ အခု
ဒဏ်ရာတွေ

ဆေးသိပ် ထားတယ်
ထပ် သုံးဖို့
ထပ် ပြုံးဖို့
ထပ် တစ် ခါ တွက်
နင် ဟာ ငါ့ ရဲ့
အတိတ် ဆီ မှာ ပဲ
အိပ် ပျော် ကာ
  နေ သင့် ပါ တယ်.....။

ပါဝါ ချိန်း မယ့် အကြည့်


 

ငါ့ ကို နင်
မတွေ့ချင်ရင်နေပါ
ငါ့ အတွက် နင်
မဖြစ်ချင် ရင် နေပါ

ငါ့ကို နင်
မပြောချင် ရင် နေပါ
ငါ့ အနား နင်
မရှိချင် ရင် နေပါ

ငါ့ နှလုံးသား မှာ
နင့် အတွက်
အပိုနေရာ မရှိသလို
ငါ့ အကြည့်ထဲ မှာ
နင့် ပုံရိပ်တွေ
ကင်းမဲ့ နေပါပြီ
ငါ့ အသိထဲ မှာ လည်း
နင် ဟာ ဖြစ်တည်ခြင်း မရှိ ခဲ့သလို

ငါ့ အနား မှာ
ရှိခဲ့ ဖူး မှန်း
ပုံရိပ် သဏ္ဍာန်တစ်ခုမှ
ထင် ကျ န် ခြင်း မရှိခဲ့တာ ပါ
ရှုးသွပ်ခြင်းတစ်ခုမှာ
လက်ညိုးညွှန်လို့
ငါ့ ကို မှ
မျက်ကန်းသူဖြစ်
ကင်ပွန်းတပ်မယ်ဆိုလည်း
အမြင်ချို့ ယွင်းမှု ကြောင့်

အကြည့်တွေ
ပါဝါ မစစ် တာဖြစ်မယ်

ဒီဂရီ တိုးဖို့ များ
မင်းလို အချစ်မျိုးကို
မျက်စဉ်း ခပ်ယုံ
တစ်ခဏ
ကြည် ခဲ့မိတာ

တစ်ကယ်ဆို
ပါ ၀ါ များများ
အချစ် ပါးပါး
အကြည့်အားကောင်းဖို့
အာရုံကို စမ်းသပ်
အချစ် တွေ အပေါ်ယံသပ်
ပါဝါ မျက်မှန်
ခပ် မြန်မြန်တပ်

နင် မရှိ
အချစ် မရှိ
နင် သိ သလို
ငါ သိ ဖို့
အမြင်တွေ ကို
ပင်စင်ပေး
ပါဝါ ချိန်း မယ့်
အကြည့် စိမ်း
တစ် ချို့  နေရာ.။

Tuesday, September 16, 2014

ကဗျာ အဝေး



 ကဗျာ အဝေး
ခဏလေး
ထွက်ပြေးကာမှ

  မေ့မရ

စီကာပတ်ကုံး
ရီကာ ထုံး
ကဗျာ ကုံးလေး
မဲ့ နေပြီ

ဖွဲ့နွဲ့ရစ်သီ
ကိုယ့် ရင်ဆီ
အပြန်ပြန်ကျော့
အခါခါ ပေါ့
ကိုယ် ပြန်လာတော့
  ပြုံးဝေ ရီ...


မမောမပန်း
ဖွင့် စေ မြန်း
ကဗျာ နန်းလေး
ထုံဝေ စီ


မသုံး မ သီ
ပစ်ပယ် ရင်

နှုတ်ခြွေ ခွန်းဆင့်
ဖွင့် ဟ... ထိတ်
ကဗျာ ကုံးလေး
ပျက်ကြွေ သုဉ်း မည်.
..။

ကြောင်ပါး လေး




ငါ့ ရှေ့ မှာ
တစ် ယောက်သော သူတွက်
  ဖြူ စင်ချင်နေတဲ့ သူ
ငါး ကြော် ခွက်ကို

သွားရေကျ
  ကြောင်ပါး လေး ပဲလား
နင်က....
ဟား .. ဟား...ဟား...!

သိပ်မထုတ် နဲ့
အက်ရှင်တွေ
အိုက်တင်တွေ
အိုဗာတွေ မိုင်ကုန်တင်း
နင် နဲ့ ငါ နဲ့
တစ်ကယ်တော့
ဘာမျှ မဆိုင် လေ ခြင်း....
  ရေလာလို့ မြောင်းပေး
  ချောင်းရေ ပဲသွယ်သွယ်

မြစ်ရေ ပဲ ဆည်လုပ်
ငါ နဲ့ နင် နဲ့
ဘာမှမဟုတ်

  ကြောင်ပါး လေး လက်သည်း ၀ှက်
မသိသလို ပုံစံနဲ့
ငါ့ ရှေ့မှာ
လာ ရပ်မပြနဲ့
အက်ရှင်တွေ
အကြံဖန်တွေ
ဟိုခေတ်မှာ

ကျန်ခဲ့ပြီ
နင်ချစ်တာ
ငါ မဟုတ်
စိတ်ကြိုက်သာ လုပ်....

Please.....!
ငါ ရှေ့  မှာ
လက်သည်းဝှက်
ငါး ကြော် မကြို က် တဲ့
  ကြောင်သူတော်လေး
လာ.....လုပ်မပြ နဲ့..
..။