Sunday, November 30, 2014

Sweet December

ဖေဖေ မသိသော အပြုံး


 
 ဒီတစ်ခါ အိမ်ပြန်လမ်းမှာ
ခံစားမှု အတိမ်အနက်ကို
ချိန်စက်ကြည့်နေတဲ့
အဖေ့ရဲ့ မျက်ဝန်းတစ်စုံ
မပြောပဲသိတဲ့
အမူယာတစ်ချို့ 
ဟန်မဆောင်တတ်သူရဲ့အပြုံး
အဖေ့သမီး ရဲ့ စကားတွေ
မပြောပဲဖတ်တတ်တဲ့ ဖေဖေ
နာကျင်နေမှန်းသိနေလွန်းတဲ့ သူ
ဘယ်လို ပုံစံ
ဘယ်လို အနေထား
သမီး လေးကို
မျက်ဝန်းစကားကနေ
ပုံမဖော်ပေးပါနဲ့လား ဖေဖေ
အချစ်ဆိုတာ
ဟာမိုနီမဖြစ်တဲ့သံဇဉ်တစ်ပုဒ်လို
ကြိုးစားချိန်ညှိခွင့် မရှိနိုင်တော့ဘူးဆိုတာ
ဟန်ဆောင်မှု မျက်ဝန်းအောက်က
  နှလုံးသားတစ်စုံကို
  ဖေဖေ ကြို မြင်နေတာလား
  ပေါ်လွင်နေတဲ့ ခံနိုင်ရည်မဲ့ခြင်းတွေထဲမှာ

 သမီးကို
ဒီတိုင်းလေးပဲ
မမြင်ယောင်ဆောင်ပေးပါ ဖေဖေ
  နှစ်သိမ့်ခွင့်တစ်စုံတစ်ရာမလိုပဲ
အဖေ့သမီး
  နေတတ်ခဲ့ပါပြီ
  ဖေဖေ့အဝေးမှာ
  နှလုံးသားဒဏ်ရာတွေ နဲ့
အချစ်ကံမလှတဲ့
သမီးရဲ့ အဖြစ်ကို
  ဖေဖေယူကြုံးမရ ပေမယ့်
သမီး အခု
  ပြုံးထားနိုင်ပါပြီ ဖေဖေ
အဖေ့သမီး
  ပြုံးတတ်နေပါပြီ....။

Saturday, November 29, 2014

အချ စ် မာရသွန်



လိုက်လေ ဝေးလေ
  ပြေးလေ
အချစ်တစ်ခုထဲမှာ
မာရသွန်တာဝေး
မမောပဲပြေးခဲ့တာ
ပန်းဝင်မလှမှ
  နွမ်းယုံမက
ကမ်းကုန်အောင်မိုက်ခဲ့လေသော
အချစ်မိုင်တိုင်များစွာ
တစ်ခါလည်ပြန်အငှဲ့
အမှားအသေင်္ချေ
လက်ပြနှုတ်ဆက်
ဥပေက္ခာ
လက်ခုပ်သံတစ်ချို့ တစ်ဝက်
အမုန်းတွေကို
ဖက်ပြိုင်ယှဉ်ဖို့
ဒိုင်သတ်မှတ်ကြေးက
ငါးရာနှစ်ဆယ့်ရှစ်ထက်အနည်းငယ်ပိုမတဲ့
တန်ကြေးမမျှလို့
  ပြန်ပေးမရတဲ့
တာဝေးသမားအချစ်တစ်ပွဲ
ဆက်မနွှဲချင်ကာမှ
  နောက်ကောက်ကျ ခဲ့လေသော
အချစ်အရှုံးသမား
အမုန်းကြားက
  နှလုံးသားတစ်ခုတော့
  ပြန် ရ ကောင်းပါရဲ့...။

အတိတ် ချည်တိုင်



ခါးပြီးရင်ချို အုံးမလား
သကြားမလို
အခါးမပိုသော
ဘ၀တစ်ခုရှိအုံးမလား
တစ်ခါတစ်လေ
ကွယ်ရာချောင်တစ်ခုမှာ
အကူညီပြု မယ့်မနက်ဖြန်တွေကို
အစီရီစီခြယ်ထားပေမယ့်
အမှားတွေက
တစ်နေရာစာမက
  နေရာယူနေလိုက်ကြတာ
မှန်ကန်သောတစ်နေ့တာတွက်
တန်းစီမယ့်စိတ်ကူးကိုမှ
  မောဟ တွေနေရာဦးပြီးလို့
  နောက်တစ်နေ့အကူးမှာ
  ဒေါသတွေကို
  နေရာပေးမိပြန်တယ်
  တေလေ စိတ်နဲ့
တစ်နေ၀င်အတွေးကို
အတ္တတွေ ဦးဆောင်မိပြန်တော့
ထပ်တစ်ခါ
  နေရာပျောက်ပြန်တယ်
မခိုင်တဲ့အတွေး
ယိုင်နဲ့နဲ့စိတ်ဆွေး
အတိတ်ချည်တိုင်က

 ဖြည် ချ
ပစ္စု ပ္ပန်ကိုဦးတည်လိုက်မှ
စစ်မှန်တဲ့တစ်နေရာစာ
သူ့အလိုလိုရောက်လာတယ်
  အော်....
ငါ အိပ်ပျက်ခဲ့တာ
အတိတ်များထဲမှာ
ရက်များ
အတော်
ကြာခဲ့ ပြီပဲ....။



ငြိမ်းချမ်းခြင်းထဲ မှာ



အခါခါပြုတ်ကျ မိတဲ့
စိတ်ဓာတ်အပိုင်းစ
မသေခြာမရေရာတဲ့
  မျှော်လင့်ချက်
အစအန
ကိုယ်ကိုယ်တိုင်မသိတဲ့
ခံစားမှု တစ်စွန်းတစ်စ
သူ့နေရာသူ
အံဝင်ခွင်ကျ
ထားသိုနိုင်ဖို့
ကြိုးစားခဲ့သမျှ
  တွေဝေလေးလံ
  မှေးမှိန်သော
အနာဂါတ်တစ်ချို့ 
  လှောင်ရယ်ပြ
ငါ့ကိုငါပြန်မေး
အဖြေပေးခဲ့ရ
  မေးခွန်းပေါင်းများစွာ
မှန်ကန်သောပုစ္ဆာလား
မှားယွင်းသောလွဲချော်မှုတွေလား
ဒီကနေ့နဲ့မနက်ဖြန်
အချိုးညီစွာယှဉ်တွဲ
ဒွန်တွဲရင်းရှေ့ဆက်
တစ်ခါတစ်ရံ

 တွေ့နိုင်ကောင်းပါရဲ့
လိုက်ရှာမိသော
သီဆိုချင်သော
ခံစားချင်သော
  ငြိမ်းချမ်းရေး
  တေးတစ်ပုဒ်
ဟစ်ကာကြွေး
လွတ်လပ်ခြင်း ရဲ့အသက်
ဘယ်နေ့များမှ
ရှင်သန်ခွင့်ရမလဲ......။

ချစ်ခြင်း ဖြင့်



အပြုံးတွေဆေးခြယ်
အမုန်းတွေ ဘေးဖယ်
အချစ်တွေသုံး
အပြစ်တွေ ဖုံး
  နှလုံးသားအလှ
သုံးထား တစ်ဘဝ
အချင်းချင်း ချစ်ကြ
  မေတ္တာအနန္န
  လောကမြေတစ်ခဏ
အလည်လာကြ
ဧည့်သည်အများ
မလိုမုန်းထား
အပြစ်အငြိုးတရား
  နှစ်ဦးနှစ်ဖက်
ဆိုးကျိုးသက်သက်
မမုန်းသူငှာ
အပြုံး တူစွာ
ဒီကနေ့စ
မနက်ဖြန် မှ
ကူညီရိုင်းပင်း
စာနာခြင်းနဲ့
  မေတ္တာသက်နှင်း
ချစ်သထက်ချစ်ခြင်း
မျှ ဝေခြင်းနဲ့
ခရီးဆက်စို့
သူငယ်ချင်းတို့ရယ်...။

တစ်နှစ်မကူးခင်


သူ ကျမကို
ကြိုးစားမေ့ မတဲ့
  ပြောသွားသေးတယ်
သူ ကျ မ ကို
  မေ့ဖို့အတွက်တဲ့
ကြိုးစားခဲ့တာ
  ပြောသွားခဲ့ ပါတယ်
  ပြောထွက်ရက်တဲ့
ချစ်သူရယ်
အချစ်နဲ့အမုန်းကို
အချိန်တစ်ပြေးညီ
ခံစားဖို့
ငါ့စိတ်တွေမအားသေးတာခက်တယ်
စိတ်ချ ပါ
သိပ်ခက်မနေပါနဲ့
တစ်ဝက်တစ်ပျက်အလွမ်းတွေ

ဘောင်ဘင်ခတ်တဲ့
ခံစားမှု တွေအကုန်
သွန်ချ မှောက်လှန်ပေးပါ့မယ်
သိပ်ခက်နေသလား
စိတ်ပျက်နေသလား
မထူးတော့တဲ့
ဒို့အချစ်တွေကို
ကုန်တော့မယ်
ဒီတစ်နှစ်အဆုံးမှာ
အချစ်နှစ်သစ်မကူးခင်
ရင်နာစရာအလွမ်းဇာတ်ထုတ်ကို
တစ်နှစ်ဆုံးမှာ
သိမ်းရုပ်လိုက်ပါ့မယ်

 လောလောဆယ်
ချစ်ခဲ့ကြောင်းတွေ
  နှင်းစက်မပြောင်းခင်
ခရစ်စမတ်မရောက်ခင်ထိ
ငါ့ရင်တစ်နေရာလေးမှာပဲ
  နေသာသလို ဟန်မပျက်လေးနဲ့
အရင်တစ်ခါဆောင်းပမာ
မပြောင်းမလဲရှိနေပေးပါ
တစ်နှစ်မကူးခင်တစ်ခဏ
  တောင်းပန် ခွင့်ပြု
  မေ့ ခွင့် ပြု မှာပါ....။