Friday, February 13, 2015

အမြဲတမ်းတွက် Valentine

 
တစ်နေ့တစ်ချိန်မှာ
ပုန်းကွယ်အိပ်စက်နေတဲ့
လရိပ်လေးရဲ့ နဘေးကို
ချွေးသိပ်ခိုလှုံဖို့ ရာ
ကိုယ်အရောက်လာခဲ့တဲ့အခါ
ချစ်သူ လေးရယ်
ပြုံးနေပေးပါ
လှပမှုတွေ
နှုးညံ့မှုတွေ
ချစ်ခြင်းတရားတွေ
စုန်ဆန်မျောတဲ့
အချစ် ပင်လယ်ကြောမှာ
သစ္စာတွေနဲ့ကူးခတ်ဆန်တက်ဖို့
အလွမ်းတွေကို
လှော်တက်အဖြစ်
ခဏ ပဲအသုံးပြု ခဲ့မှာပါ အချစ်ရယ်
နေရာတကာမှာ
ယုံကြည်မှု သောင်ကမ်းပါးတွေ
သံသယလှိုင်းပုတ်ခတ်လို့
ကြွေပဲ့ လွင့်ပါ သွားပါစေ
အချစ်ရဲ့ တွန်းကန်အားနဲ့
နှလုံးသားပဲ့ကိုင်သမားကို
ယုံကြည်စွာအပ်နှံထားသူမို့
အချစ်နဲ့ကိုယ်ရဲ့ကြားမှာ
အမုန်းဆိုတဲ့အရိပ်ယောင်မသန်းအောင်
စိတ်စေညွှန်း ရာ
အဖော်ပြု ခရီး
အချစ်နဲ့ကိုယ့်ရဲ့ နှစ်တွေထဲ
Happy valentine day တွေပဲပေါ့ အချစ်ရယ်...။

မိုးသောက် ခဲ့ သော

 

ငါပင်ပန်းနွမ်းနယ်တဲ့အခါ
ဘယ်ရင်ခွင် ခိုလှုံ ရမယ်မသေခြာ
အကြင်နာ ...လမင်းလေးက
ဟိုးအဝေး မှာ ,သာ
အချစ်...မင်းမရှိပါ
ငါ ဆိုတာလည်းမသိပါ
နေရာတကာမှာ
တွေ ဝေ ကာသာ
မသေခြာသောလမ်း
ရီဝေစွာဆက်လျှောက်
ငါ့အတွေးတွေတိမ်းမှောက်
လမ်းပျောက်သော ညများစွာ
ညင်သာစွာ
မှေးသိပ်ခိုမယ့်
လရိပ်လေး အုပ်မိုးပေးပါ
ငါတစ်ကယ်
အထီးကျန်ခြင်းမှာ
က,ကြိုးပျောက်
မိုးသောက်ခဲ့သောညများစွာ...။

တွေးမိသမျှ





''နွားကွဲရင် ကျားဆွဲတတ်တယ်''တဲ့...ရှေးစကားပုံဆိုရိုးအတိုင်း မြန်မာပြည်
ကြီးမှာနေထိုင်ကြတဲ့ တိုင်းသူပြည်သား သွေးချင်းညီအစ်ကိုတိုင်းရင်းသားတွေကို စည်းလုံးညီညွတ်စေချင်တဲ့ ဖခင်ဗိုလ်ချုပ် ဟာ တိုင်းရင်းသားအရေးကို အဓိက ထားပြီး ဆောင်ရွက်ခဲ့တာကိုသူလုပ်ဆောင်ခဲ့သမျှ မှတ်တမ်းတွေ ပြန်လည် ဖတ်မိရင်သိသာလွန်းပါတယ်..ဂုဏ်ယူမိပါတယ်...

သယံဇာတ ပေါကြွယ်လွန်းတဲ့ မြန်မာပြည်ကို နယ်ချဲ့ တိုင်းတစ်ပါးတွေ မျက်စိကျ စရာ
အဖက်ဖက်ကပေါများလွန်းပါတယ်၊ လွတ်လပ်ရေးရပြီးမကြာခင်က သူများတိုင်းပြည်တွေ
နဲ့အမှီလိုက်လို့စိုက်ပျိုးရေးတွက် တိုင်းတစ်ပါးကပညာရှင်တွေကို ခေါ်ယူပြီး သုတေသန
လုပ်ဖို့ ငှားရမ်းခဲ့ပါတယ်၊ သုံးရက်လောက်နေပြီး ထိုပညာရှင်တွေပြန်သွားပါတယ်
'' ခင်ဗျားတို့မြေ မှာ ဘာအပင်စိုက်စိုက်ပေါက်နေတာကိုဘာလို့သုတေသနလုပ်စရာလိုမှာ
လဲ '' ပေါ့...အဲဒီတော့မှ ကိုယ်နေထိုင်ပိုင်ဆိုင်တဲ့မြေကြီး ကို အကျိုးရှိမှန်းသိခဲ့ရပါတယ်
ရေတံခွန်၊ ချောင်းမြောင်း ပေါများလှတဲ့ မြန်မာပြည်ကိုတိုင်းတစ်ပါးအမြင်နဲ့ကြည့်ပြန်တော့
လည်း ခင်ဗျားတို့ပြည်မှာရေတွေဒီလောက်ပေါတာ ကျု ပ်တို့ဆိုရင်လျှပ်စစ်ဓာတ်အားတွက်
့သုံးမှာပဲ..တဲ့ ...

ရေ ၊ လေ ၊ သဘာဝ မျှ တမှု ၊ အဖိုးတန်သယံဇာတပေါကြွယ်ဝမှု တွေကြောင့်
နီးစပ်ရာအိမ်နီးချင်းနိုင်ငံတွေ သွားရေကျ စရာကောင်းလောက်အောင်ကို
အစစအရာရာ ပေါများနေတဲ့တိုင်းပြည်က လူတွေတိုင်းတစ်ပါးကိုကျွန်ပြု လို့
အလုပ်လုပ်နေကြရပါတယ်၊ ကိုယ့်မြေမှာ ရွှေထွက်ပေမယ့် ကိုယ်မ၀တ်ရတဲ့ဘဝ
ကိုယ့် တိုင်းပြည်မှာ ပြည့်စုံနေပေမယ့် ထမင်းငတ်နေတဲ့ဘ၀ ကို ပြန်တွေးမိရင်
စီးပွားတစ်ခုကလွဲလို့ ငှဲ့ညှာမှုမရှိတဲ့ အိမ်နီးချင်း ရဲ့လှည့်ကွက်ထဲသာ တိုးဝင်သွား
မယ်ဆိုရင် မြန်မာပြည်ဟာ ရင်လေးစရာပါ၊

ပင်လယ်ထွက်ပေါက်အရ အဓိက အချက်ချာဖြစ်တဲ့ မြန်မာပြည်ဟာ တိုင်းတစ်ပါး
လူမျိုးခြားတွေ တွက်စစ်ရေးအရရော ၊စီးပွားရေးအရပါ မျက်စိကျ လောက်စရာ
ကောင်းလှတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက်.''.ငါတော့ကွာ လွတ်လပ်ရေးရရင် အုပ်ချုပ်ချင်တဲ့
သူတွေ အုပ်ချုပ် ကြပါစေ ၊ အိမ်မှာပဲ စာလေးဘာလေးရေးပြီးမိသားစုတွက်အချိန်ပေး
မယ်''လို့ ပြောရှာတဲ့ ဗိုလ်ချုပ် လို ဘက်မလိုက် တဲ့သူ ၊ကိုယ်ကျိုးမကြည့်တတ်တဲ့သူ
စွန့်စားတဲ့သူကိုမှ အကောင်းမမြင်ပဲလုပ်ကြံ သေးတဲ့ လွန်ခဲ့တဲ့နှစ်များစွာကခေတ်နဲ့
ဒီခေတ်လိုမယောင်ရာဆီလူး ၊ အမေကျော်ဒွေးတော်လွမ်းတဲ့ခေတ်မှာနေထိုင်ပြီးအများယောင်လို့
ယောင် အမောင်တောင်မှန်းမသိမြောက်မှန်းမသိတဲ့ ကာလ မှာဘယ်လိုများစခန်းသွား
ကြလေမလဲ

အချင်းချင်း မှ စည်းလုံးမှု မရှိသေးပဲနဲ့ တိုင်းတစ်ပါးရန်ကို ဘယ်ပုံစံနဲ့ကာကွယ်ကြ
မလဲ ၊ ဒီခေတ်မှာ ခံယူချက်ရှိတဲ့လူနည်းစု က အရှုးတွေလို ၊ အမှန်တရားပြောရင်
ပဲ ငကြောင်တွေလိုသတ်မှတ်ခံရဖို့ရာနှုန်းများတဲ့အခါ မျက်စိမှိတ်နားပိတ်ပြီး
မမြင်ချင်ယောင်ဆောင် လို့နေပါများရင်.နွားကွဲမှ ကျားဆွဲရ လွယ်ကူ အောင်....
အချင်းချင်းသွေးခွဲပြီး တိုင်းတစ်ပါး ကုတ်သွေးစုပ်လို့ တိုင်းပြည်ဘဏ္ဍာတွေရော
အဖိုးတန်ရတနာတွေရောတစ်ဖြည်းဖြည်းနဲ့ကုန်လု ကုန်ခင် ၊ ပျောက်လု ပျောက်ခင် ....

မိသားစု တွေအချင်းချင်းလည်းရန်ဖြစ်လာတာနှစ်ပရိယာယ်တော်တော်ကြာညောင်းခဲ့ပါပြီ
အဖိုးတန်လူ့အသက်တွေလည်း ကြွေပျက်ပေါင်းများပါပြီ...ငြိမ်းချမ်းဖို့ရှေ့ရှု နေတဲ့
အချိန်၊ မလိုလားတဲ့အနှောင့်ယှက်တွေ ၀င်လာပြီး ရန်စ ,ပွားစေ ရင်ဖြင့်
ဗိုလ်ချု ပ် မျှော်လင့်ထားတဲ့ ကြိုးပမ်းထားတဲ့လွတ်လပ်ရေး ဆိုတာ
ပြည်ထောင်စုသားတွေ ညီညွတ်စေချင်တဲ့ဗိုလ်ချုပ် ရဲ့ စေတနာတွေ
အလကားမဖြစ်စေဖို့ ၊ အချည်းနှီးမဖြစ်ပါစေနဲ့လို့ ရည်ရွယ်မျှော်လင့်ရင်း....သာ...။

Thursday, February 12, 2015

ပြည်ထောင်စု နေ့



 တိုင်းရင်းသားတွေ
သွေးမစည်းကြသရွှေ့
ပြည်ထောင်စုနေ့
လှပနိင်ပါ့မလား
တိုင်းရင်းသားတွေ
မငြိမ်းချမ်းသေးသရွေ့
ပြည်ထောင်စုနေ့
အဓိပ္ပါယ်ရှိပါ့မလား
ကချင်၊ကယား
ကရင်၊ချင်း
သွေးစည်းမှုနဲ့
ရှိစေချင်တယ်
ဗမာ၊ မွန်
ရခိုင် ၊ ရှမ်း
စည်းလုံးမှုနဲ့
ပျော်စေချင်တယ်
ငါ့တို့ဒီမြေ
ငါ့တို့ရေမှာ
ဟန်ဆောင်အပြုံးတွေ
မလိုအမုန်းတွေ
စွန့်ဖယ်ခွာလို့
ငြိမ်းချမ်းခြင်းအစစ်
အပြုံးများအတိ
နှလုံးသားတွေတူညီမှုရှိမယ့်တစ်နေ့

ပြည်ထောင်စုနေ့
ညီညာစုမယ့်နေ့
သွေးချင်းတွေရဲ့တွဲလက်
အမှန်တစ်ကယ်ခိုင်မြဲ မယ့်တစ်နေ့
တစ်ချိန်မှာ ရဖို့
မျှော်ကာဆန္ဒတစ်ခု
ပြည်ထောင်စုကြီး ငြိမ်းချမ်း နိုင်ပါစေ...။
 

Tuesday, February 10, 2015

တစ်ခု သော ဖေဖော်ဝါရီ



အနေစုတ်ပေမယ့်
ရွှေထုပ်တဲ့မြပုဝါ
ဟန်မလုပ်လေတဲ့
သဏ္ဍာန်အဟုတ်နဲ့
မာန်မထုတ်တတ်သူပါ


စကားအရာ
တုမနှိုင်း
ဆိုတိုင်း ကျိုးရှိ
မဟုတ်မှန်လုပ်ကြံ
တစ်လုံးတစ်ပါဒ
မသုံးပါဘယ်ခါမျှ
ရိုးဖြောင့်တည်ကြည်
စိတ်ထားမြတ်လွန်း သည့်သူပါ


မလွဲမသွေ
ကြုံ လေသမျှ
စာရိတ္တကို
အရောင်မှိန်မကျ
သိက္ခာဂုဏ် လည်း
စောင့်ထိန်းတတ်သူပါ


တိုင်းပြည်နဲ့လူမျိုးတွက်
ဘယ်သူ့မှ မငှဲ့ကွက်
အသက်ကိုစတေး
အမြဲဝန်မလေး
ငယ်စဉ်ခလေးမှ
တွေးထင်စ
သူ့ကျွန်ဘ၀က
လွတ်စေ ခဲ့( ချင် ) သူ ပါ


သာတူညီမျှ
မြတ်စိတ်ထား
အောက်ငယ်သားကြား
လုပ်ဆောင်ဖက်အများ
အချင်းချင်းငှဲ့သနား
ဇာနည်ကောင်းတစ်ယောက်
ပီသ လွန်းသူပါ


စာပေတွေကြား
ညမနား
ကြုံ ရာကျောခင်း
ဝမ်းမဖြည့်တင်းလည်း
ထမင်းတစ်လုပ်
ဒုက္ခတစ်အုပ်
တိုင်းပြည်ကိုယ်စား
စည်းစိမ် ရှား
အမြဲ မနေမနား
ကြုံ သလို ပဲ
နေ , စား တတ်သူပါ


အဘိုးမင်းရောင်
မြေးသား ခေါင်
ဇာနည်သွေးတို့
ယိုစီး စိမ့်သမို့
သွေးသောက်သစ္စာ
ပြု ကတိမှာ
သုံးကျိပ်ရဲဘော်
ဖွဲ့ စေညီဖို့
ဗိုလ်တေဇ လို့
ခေါ်တွင်စေသူပါ


ဖော်ထုတ်ကောင်းသတင်း
ကုန်ဖွယ်မရှိ ခြင်း
လွတ်လပ်ခြင်းတွက့်(လွတ်လပ်ရေးတွက်)
ပေးဆပ်ခြင်း
မြတ်ဗိုလ်ချုပ် ရဲ့
စွန့်လွှတ်ခြင်းတွေပါ


မြို့ ငယ်နတ်မောက်
ခေါင်းဆောင်တစ်ယောက်
ဖွားစေအပ်ပို့
မိခင်မြတ်မို့
တောက်သည့်နေမင်း
မညိုးသည့်ဂုဏ်သတင်း
ပြည်ချစ်ဇာနည်တစ်ပါး
ပေါ်ထွန်းဖွားသည့်
ဒီလို ...ဆောင်းတစ်လ
ဖေဖော်ဝါရီ...။


 ဗိုလ်ချု ပ် မွေးနေ့ ကိုဂုဏ်ပြု  လျက်...

ရာဇာဖွား သည့် သားကောင်း စနေ




ဆောင်းအကုန်
နွေအကူး
လေရှုးသုတ်ချိန်
ရာသီနွေဦး
မင်းလွင်မြူး
ရွှေရောင်ဝါ၀င်း
အင်ကြင်းဂနိုင်
ကြိုင်သင်းဝေဆာ
မြိုင်တစ်ကြောမှာ
တောပန်းစံပယ်
လေယူယာသွေး
ကြူ ကြူ မွှေး
ကွေးကျစ်လှုပ်လီ
ကသစ်ပန်းနီ
တျာတျာနီမြန်း
ပွင့်သစ်ဆန်း
ဆော်လေရှုးရာ
မြူးရှာကြ သည်
ဆောင်းကျန်ဆောင်းကြွင်း
ဆီးနှင်းပေါက်တို့
တဖြောက်ဖြောက်ကျ
သစ်ရွက်ပေါ် ,ခ
ပုလဲ ကသည့်နှယ်
ဥ , ဆင်းကျ
မြင်ရရှုစဖွယ်
မြူ ခြေအုံဆိုင်း
သွေးလိုက်တိုင်း
မြောက်လေအအေး

 ချမ်းစိမ့်မနွေး
နတ်မောက်ရွာကလေး
ချမ်းချမ်းဆေး
အိပ်မောကျ လျက်ရှိနေသေး
မှောင်မည်းခန်းတွင်း
အိပ်မောကျ
ချောင်းဟန့်သံတစ်ပါး
ချောင်းကပ်သံ ခဏ
လူခြေတိတ် လှ
ဆိတ်ငြိမ်လှသည်
''မောင့်တိုင်းပြည်
ငယ်ဌာနီကွာဝေး
ကြက်ဗဟိုရ်ပြုရတယ်
တောစုရွာ ကျေး''
တောသူတောင်သား
လင်မယားတို့
ချမ်းမြစိမ့်အေး
လုံမနွေး
ခြုံ ထွေးရာဆွဲ
ပျင်းတွဲတွဲဖြင့်
အိပ်ယာမှ, ထ
လင်သူယောက်ျား
ကိုယ်တွယ်ပတ်ရစ်
လက်တစ်ဖက်ဖြင့်
ဆေးပေါ့တစ်လိပ်
ဖွာရှိုက်အသွား
တင်းကုပ်နားဆီ
မယားသည်လည်း

စောင်ကြမ်းလွှမ်းခြုံ
ပါးစပ်တွင်ခဲ
ဆေးလိပ်မြဲလျက်
စပါးကိုချင်
တောင်းပြည့်လျှင်
ခါးစောင်းတင်မြဲ
အိမ်နံဘေးတဲ
မောင်းတင်းကုပ်ဆီ
ရှေးရှုသွားပြီ
ထို တစ်ခဏချင်း
တအိအိပေး
တကျ ည်ကျ ည်ကြွေး
ယာဆီသို့နှင်
ပျင်းရိဖင့်နွဲ့
မောင်းနှင်ထွက်ခွာ
လှည်းသံအိပဲ့
ကြိမ်တို့နှင်လျက်
ယောကျာ်း သခင်
ယာ ,လယ်သို့နှင်
လှည်းသံ ၊ မောင်းသံ ( ဆန်ဖွပ်သောမောင်းထောင်းသံ)
တဖြောင်းဖြောင်းညံ
တည်ငြိမ်ခြင်းအား
ဖြို ခွင်း ပြန်လား
ရွာစွန်း မြောက်ဖက်
ဘုန်းကြီးကျောင်းထက်
ဆည်းလည်းသံသာ
ငြိမ့်ညောင်းပီစွာ
လေဟုန်စီးနှင်

 တူရိယာအသွင်
တချွင်ချွင်ပေး
ကြည်နှုးဖွယ် တေး
ကိုယ်ထူးပျော်စံ
မိတ်နှံမနှော
ဥသြေ၇ွှကိုယ်
ဝေးသီမြင့်မား
ပင်ထက်ဖြားမှ
တောင်လေဟေမာန်
ဂိမာန်နွေသို့
ကူးပြောင်းမည့်ချိန်
ကြော်ဟစ်ကြွေးလား
ကျူးရင့်သံပေး
ဆောင်းအကူး
လေရှုးမှုံကြွ
တပေါင်းလ၏
ဆန်းစ,တစ်ရက်
အာရုဏ်တက်ချိန်
ဘုန်းကျောင်းအနီး
ရှေ့နောက်ပြေး၍
အိမ်ဘေးတစ်ဖက်တစ်ချက်
ဝဲယာဖက်မှာ
ကုက္ကို တန်းစီ
တစ်လမ်းခြာညီ၍
ကျယ်ဝန်းနေရာ
ခြံပတ်လည် မှာ
လေးမျက်နှာဝယ်
လေးသွယ်လမ်းကြီး

 ညာဘယ်ရှေ့နောက်
ဝန်းကာဆီးသည်
ထိုခြံတွင်း မတော့
ကိုင်းခက်စုံအခက်
နှစ်ပင်မန်ကျ ည်း
ပင်ဖွံ့ ထွားစုံ
စောင့်ကြပ်နေပုံ
ရှေ့နောက်တစ်ပင်
မျှ ညီစောင့်မိုး
ရိပ်မိုးလမ်းပေါ်
ပြာညို ရီမှောင်
လရောင်မဲ့သော
ညကောင်းကင်မှာ
ထင်သားပေါ်လွင်
အိမ်ကြီးရှင်၏
တန်းစားမြင့်ပုံ
ချမ်းသာနှိုင်းယုံ
မြင်နိုင်သိငြား
ထိုစဉ်မဝေး
နောက်ဆောင်ခန်းဘေး
မှိတ်တုတ်မှိတ်တုတ်
မီးခွက်ရေနံ
ရောင်ခြည်တန်းလေး
ထရံကြားမှ
ထိုးထွက်အပြင်
အချိန်မတော်လင့်
ထိုအိမ်တွင်းရှိ
ယောကျာ်းမိန်းမ

 ခါတိုင်းမတူ
တမူထူးခြား
များမြောင်အလုပ်မအား
အထင်းသားပေါ်လွင်
ရံဖန်ခါတွင်
အော်ညည်းသံကြား
မိန်းမတစ်ယောက်၏
အသက်လုပွဲလား
စက္ကန့်,မိနစ်
မိနစ်,နာရီ
ကုန်လွန်ခဏ
ငြိမ်ဆိတ်ဝန်းကျင်
ညံစာငိုကြွေး
ပဲ့တင်ရိုက်ခတ်
အိမ်ချင်းနားထပ်
ကောဇာသက္ကရာဇ်
၁၂၇၆
အင်္ဂလိပ်အက္ခရာ
၁၉၁၅
ဖေဖော်ဝါရီလရဲ့
၁၃တစ်ရက်
တိုင်းပြည်လက်ဆောင်
အနာဂါတ်ခေါင်းဆောင်
သားလှတစ်ပါး
မွေးဖွားရာတစ်ည
ဝေးရပ်မြေခြား
တိုင်းတစ်ပါးလယ်

 ဥရောပ၀ယ်
ဆီးနှင်းဖြိုက် ဖြို က်
ဖုံးလျက် ရေခဲ
လွင်တလင်းထဲ
လူလူချင်းသတ်
တိုက်သံခတ်သံ
ပစ်ခတ်သံဖြင့်
တုန်ဟည်းရှိချိန်
`ဌာန သည်မြေ
မြန်ပြည်မြန်မာ
နတ်မောက်ရွာမှာ
ဘေးရန်မခ
အေးမြလှသည်
အမိဒေါ်စု
ဖခင်ဦးဖာ
မွေးလှသားရတနာ
ထွန်းတောက်နက္ခတ်
မှတ်သားတွက်ချက်
ပေရွက်ပေါ်ဝယ်
ကညစ်ဖြင့်မှတ်
ရာဇာဖွားသည့်
သားလှစနေ
ထက်မြက်တုမရှိ
ကြောက်စရာအတိ
ရာဇာဖွားတဲ့သားစနေ
ဘုန်းတန်ခိုးတေဇော
ဥာဏ်စုံပြည့်ငြား
သတို့သားကို

 မာတာမိခင်
ဖွားသန့်စင်သည်
ညီသညာခေါ်
နာမရှိန်ဝင်း
မောင်ထိန်လင်း ...
နောင်တစ်ချိန်
ခေတ်သစ်
တိုင်းပြည်ချစ်မည့်
လွတ်လပ်ရေးတွက်
စွန့်စား ရွတ်ချွံ
တော်လှန်မည့်သူ
ရိုးသားဖြောင့်မတ်
မဟုတ်မခံစိတ်ဓာတ်
သတ္တိတစ်ခွန်
လူရည်ချွန် သည်
ဆောင်ရွက်ထမ်းသမျှ
တိုင်းပြည်တွက်သာ
ပဓာနဟု
ကြင်နာပြည့်ဝ
နှလုံးလှသည့်
ရိုင်းဆင်ဟန်နှော
ပြင်သဘော သာ
သွင်ပြင်မူယာ
ဟန်မပါပွင့်လင်း
ကြည်လင်မနောဟုန်
ချစ်ကြည်ကုန်သည်
သူ့ကျွန်တွင်းမှ
လွတ်ကင်းရန်ပါ့

ကယ်တင် ကြိုးစား
ဇာနည်တစ်ပါး
ထွန်းကာဖွားသည့်
၁၃.ရက်မြတ် ....ဖေဖော်ဝါရီ...။
 

ဗိုလ်ချုပ်အောင်ဆန်း ( အတ္ထု ပ္ပတ္တိ မှ မှီငြမ်း ရေးသည် )