ကိုယ် အရှုံး ဆိုတာတွေ .. တစ်ကယ် တော့ မလိုချင်ခဲ့ ပါဘူး..
ကိုယ် အနိုင်ယူ ချင်ပါသေးတယ်...
ကိုယ့်ရဲ့ အောင်ပွဲဟာ...
မျှတသော ၊ အနိုင်မယူသော ၊ ငြိမ်းချမ်း သော...
အောင်ပွဲ လေး ပဲ ဖြစ်ချင်ပါတယ်...
အရှုံး တွေ ကြားက ကိုယ့် ရဲ့ တောင့်တမှု ဟာ...
အနိုင် လိုခြင်း တစ်ခု ဆိုပေမယ့်လည်း...
ကိုယ် အရှုံး ပေးရင်း ၊ ခွင့်လွှတ် ရင်း ၊ ပေးဆပ်ရင်းနဲ့...
အနိုင်ရခဲ့ တယ် ဆိုတာ...
မင်း မှ မသိခဲ့ တာပဲကွယ်...။
တောင်ဇလပ်
No comments:
Post a Comment