fb ..ကမ္ဘာကြီး ရယ်....အရိုးသားဆုံး မျက်လုံး များနဲ့....
လူတကာ ကိုကြည့်ခွင့် ပေးပါ့လား..
မင်းဖန်တီး တဲ့...မျက် မမြင် ကမ္ဘာ မှာ...လူတစ်ချို့  ရှုးသွပ် လို့.....
အိပ် မပျော် တဲ့ ဝေဒနာ တွေ နဲ့...
အနားက သက်ရှိ တွေ ကို... ဥပေက္ခာ ပြု ထား ကြ ပြီ...
ကမ္ဘာ တစ် ၀ှမ်း ကို ... အချစ် virus တွေ ပို့လွှတ် ပြီး..
နှလုံး သား တွေ ကို ....ကိုက်စား ခိုင်းနေ တာလား....
မင်း ရဲ့ အောင်မြင်မှု မှာ....
တစ်လောက လုံးက လူတွေ .... အတုံး အရုံး ကျ ရှုံး ကုန် ပြီ....
နေ့ နဲ့ ည မှား....
မှား ယွင်းတဲ့ .. ရင်ခုန်သံ တွေ ကြား မှာ....
လူတွေ ရဲ့ ဘ၀ တွေ ... ပျက် မှာ စိုးရိမ် တယ်.....
အနီးနားက သဘာဝ အလှ တွေ ကို...
fb ... က အလှ ပ တွေ လောက်...
မတိမ်းမွတ် ချင် တော့ တာ....
မရှုး သွပ် ချင် တော့တာ...
မင်း ..ဘယ်လို ဖြေရှင်း ပေးမှာ လဲ....
တစ်ခါ....တစ်ခါ...
ရိုးသား မှု တွေ နဲ့.....fb..ကမ္ဘာ ကို ကြည့်ချင် ပေမယ့်....
မင်း ပြန် ပြတဲ့....လက္ခဏာ က... မိုင်း နပ် စ် ဖြစ် နေတယ် လေ....
မုသား တွေ ကိုယ်စီ နဲ့ ရောဖျော် ထား တဲ့...
တိုးတက်မှု အဆိပ်တွေ ကို....
အကြိမ်ကြိမ် မျို ချ မိ နေတာ....
ငါ တစ်ယောက် အပါဝင် ဆိုတာ.....
မင်း က တော့ ....လှောင် ရယ် နေ လောက်ပြီ ပေါ့.....
အပြင်ကမ္ဘာ က.....ဘ၀တစ်ခု ကို...
fb...မှာ ဘ ၀ အဖုံဖုံ နဲ့....
လုပ်ဇာတ် ခင်း .... အဟုတ်မှတ် ...ပုံသွင်း ကြတာ...
မုသား ကမ္ဘာ တစ်ခု.....ဖန်ဆင်း လိုက် လေ သလား...
ဖန်ဆင်းရှင် ပါ....လက်မှိုင် ချ လောက်စရာ.....
fb...ဆိုတာ လောက နိဗ္ဗာန် လား....
လောက .... ငရဲ တစ်ခု ပဲလား.....
ဆန်းစစ်ရင်း ....fb..ပေါ် မှာ .... ငါ....
ကိုက်စား ခံရင်း နဲ့....
တိုးတက်မှု တစ်ခု ရဲ့....
နည်း ပညာ တစ်ခု ရဲ့....
virus ...တစ်ကောင် ရဲ့....
သား ကောင် တစ်ကောင် .... အဖြစ် နဲ့...။
တောင်ဇလပ်
No comments:
Post a Comment