တစ်ခါက ည
တစ်ခါကညတွေ
စီခြယ်ရီလို့
ကြယ်တွေကိုလည်း
တိုင်တည်ဖူးတယ်
ချစ်သူ့ညတွေ
လမထွက်တိုင်
ဘ၀တစ်သက်ဆိုင်
လင်းလက်နိုင်ဖို့
တာရာပွင့်ညီ
ချစ်သက်ဆီ
သီကုံးပို့ဆောင်
ညတွေမမှောင်စေဘူးနော် တဲ့
တိမ်လိပ်တစ်စိုင်
လကိုခြံလည်း
လေပြေစကား
ကြို မှာကြား
ချစ်သူအနား
ပြေးမသွားဖို့
သော်တာလဆန်း
ချစ်သူလန်းအောင်
ဆောင်ယူအဝေး
ညမမှေးခင်
မှာထားပေးသတဲ့ လေ
တစ်ခါကည
တိမ်ငိုပြအောင်
ချစ်တတ်လွန်းသူ
ကြင်သူဆိုစကား
ခုများဘယ်ဆီ
လ ရိပ်မပီ
ညအိပ်သည်ထိ
ချစ်သူပုန်းသွား
တိမ်စိုင်ကြားမှာ
တိမ်ညို မဲမှောင်
လ,ပိတ်လှောင်
ညနက် ပိုမှောင် ခဲ့ ..လေ..ပြီ....။
No comments:
Post a Comment