ှငှက်ကလေးသို့...
အချစ်ငှက်လေးရေ… မင်းအဝေးပျံ သွားတော့မှ ငါလှမ်းဆုပ် မရတော့လို့
ငါရင်နာနေရပါပြီ။
အချစ်ငှက်လေးရေ… မင်းရဲ့ ရိုးသားမူ့တွေ ပျောက်ဆုံးသွားမှ ငါဟာ ဖြူစင်မူ့ကို
တမ်းတနေခဲ့တယ် ဆိုတာလေ…
အချစ်ငှက်လေးရေ… မင်းရဲ့ အကြင်နာတွေ အားလုံး ယူဆောင်သွားတော့ ငါ့ရင်မှာ
ဟင်းလင်း ဖြစ်နေတဲ့ ကွက်လပ်တစ်ခု ကို ငါဘယ်အထိ သယ်သွားရ မလဲ
ပြောပါ။
တောင်ဇလပ်
ကာရံ မညီတဲ့ ကဗျာတွေသီကုံးရင်း ကိုယ်တစ်ယောက်ထဲ သိတဲ့ ခံစားချက်တွေကို
စာမျက်နှာပေါ် သွန်ချ လို့ တစ်ခဏ ပေါ့ပါးသွားတဲ့ စိတ်တွေကို ကျေနပ်နေမိတော့
ကြုံတွေ့ ရသမျှ ၀မ်းနည်းခြင်း၊ ပျော်ရွှင်ရ ခြင်းတွေကို စာရွက်ပေါ်
မှတ်တမ်းတင်လို့ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို စာလုံးတွေအဖြစ်
ကိုယ်ဖန်တီးလို့ ၊ ကိုယ်တစ်ယောက်ထဲ ကျေနပ်မူ့တွေနဲ့ ၊ ကိုယ့် ရဲ့ ဒိုင်ယာရီလေး
ကို ကိုယ် ဆက်ရေးနေအုံးမှာပါ။
No comments:
Post a Comment