အဖေ
တုန်ရီ နွမ်းလျ အဖေ့ စကားသံတွေ
လောကဒဏ်နဲ့ အထီးကျန်မူ့တွေကြောင့်
အဖေ ပင်ပန်းနေပြီလား…
တစ်ရွာတစ်ကြေး မျိုးဆွေကင်းမဲ့
အမှောင်ညတွေမှာ ဘယ်နှစ်ကြိမ်လောက်
ငိုခဲ့ဘူးလဲ အဖေ…
ဘာမဆို ရင်ဆိုင် အားမာန်အပြည့်နဲ့
ရွှင်မြူး တက်ကြွ ၊ မိသားစုအတွက် တံတိုင်းကြီး
ဖြစ်ခဲ့ တဲ့ အချိန်တွေကို သမီးမြင်ယောင်နေဆဲ ပါ အဖေ...
သမီး အတွက်ပူပင်စိတ်နဲ့ သောက အပူ ရင်မှာပိုက်လို့
ပြောမထွက်တဲ့ အဖေ့ စကား ...
သမီး ကြားနေရ ပါတယ် အဖေ။
No comments:
Post a Comment