အဖြစ်ပျက်တွေက မြန်ဆန်လွန်းလိုက်တာ..ဒုက္ခတွေ၊
သောကတွေ က ၊ ကမ္ဘာတစ်ဝှမ်းမှာ
ဒုနဲ့ဒေး၊ ဆုံးရှုံးမု့ အတွက်ပူဆွေးသောက ရောက်နေကြတဲ့
သူတွေကို မြင်ရ ၊
ကြားရပြန်တော့လည်း၊ ၀မ်းနည်း စာနာမိတော့ ကိုယ်ယုံကြည်ကိုးကွယ်ရာ ဘုရားသခင်
ဆီသာ တိုင်တည် ဆုတောင်းရင်း ဒုက္ခဆင်းရဲတွေကနေ ကမ္ဘာကြီးမှာ ရှိတဲ့ သူအားလုံးကို
လွတ်ငြိမ်းစေချင်လိုက်တာ…
သဘာဝဘေးအန္တရာယ်ဆိုတာ လူမျိုးဘာသာ
မရွေး၊ ဆင်းရဲ ၊ ချမ်းသာမရွေးကြုံရစမြဲ မို့၊
သူ့ဘာသာ ငါ့ ဘာသာ ၊ သူ့လူမျိုး ၊ ငါ့လူမျိုးလို့ အတ္တလွန်ဆွဲပြီး
လိုရာဆွဲတွေးနေကြတဲ့
သူတွေရော သဘာဝဘေးကြီးက သူရဲကောင်းဘွဲ့ပေးလို့ လွတ်ငြိမ်းချမ်းသာခွင့်
တော့
ရနိုင်မှာ မဟုတ်ပါဘူး။
ဒုက္ခတွေကြားက အော်ဟစ်သံကိုမှ လှပတဲ့ သံစဉ်တစ်ခုလို
နားဆင်နေကြတဲ့ သူတွေ၊
မျက်ရည်တွေကိုမှ အမောပြေ ရေအေးတစ်ခွက်လို မက်မက်မောမော သောက်သုံးနေကြတဲ့
သူတွေ…လူတွေရဲ့ဘ၀တွေကို နင်းချေလို့ အမြင့် တက်အမှည့်စားချင်သူတွေ ကြားကနေ…ပျက်စီးဆုံးရှုံးသွားလို့နလန်မထူနိုင်ကြတဲ့
သူတွေခမျာတော့ မိအေးနှစ်ခါနာဆိုသလို ၊ ဒုက္ခပေါ်၊ ဒုက္ခဆင့် ဘယ်သူ့ ကိုမှ လက်ညိုးမထိုးနိုင်လို့
ပြိုယိုင်လဲသွားတဲ့ သူတွေ ကိုတော့ ..ကံဆိုးသူလို့ကင်ပွန်းတပ်၊၀ဍ်ကြွေးတစ်ခု လို့သတ်မှတ်ပြီး
မေ့ပစ်ချင်နေကြတဲ့ သူတွေကိုရော အတုံအလှည့်တွေကြုံရင်ဖြင့်
ကံ ၊ ကံ ၏ အကျိုးကို သိမြင်လို့ ဆင်ခြင်နိုင်ကြပါစေ။
တောင်ဇလပ်
1 comment:
Post a Comment