ကိုယ်ငိုတဲ့နေ့…လမင်းကြီးက မြင်ယုံသနား ၊ လပြည့်ညတောင်
တာဝန်ပျက်ကွက် သူမထွက်ရဲဘူးတဲ့လေ…
ကိုယ်ငိုတဲ့ နေ့… တိမ်တွေထူထပ် ငြိုးမာန်ပြင်းတဲ့ မိုးမင်းကြီးလည်း
ကိုယ်နဲ့ရောယှက် ငိုပွဲဆင်လျက် ကူမယ်တဲ့လေ….
ကိုယ်ငိုတဲ့ နေ့… ကြယ်တွေပျောက်ဆုံး ၊ ကြွေမည်စိုး ၍ ကိုယ့်ကိုယ်ပုန်းရှောင် ဆွေးသည်တဲ့လေ…
ကိုယ်ငိုတဲ့နေ့… နေမင်းကြီးလည်း ၊ လင်းရောင်ပျပျ ၊ လင်းရုံမျှဖြင့်
ညှာသည်တဲ့လေ..
ကိုယ်ငိုတဲ့နေ့… စမ်းရေခမ်းခြောက်
ပန်းတွေပျောက် ၍ ပျားပုတုန်းလည်း ငိုပွဲဆင်လျက် ၊
လိပ်ပြာအသွင် ကူးပြောင်းစွန့်ခွာပန်းရှိရာဆီ..။
(နှုတ်ဆက်ထွက်ခွာပျံသန်းရှာပြီ..)။
တောင်ဇလပ်
No comments:
Post a Comment