တစ်ရေးနိုးတဲ့ည...
မွန်းကြပ်မှု့ ရင်အစုံနဲ့၊
သန်းခေါင်ယံ အိမ်မက်ဆိုးကြောင့်...
နိုးတစ်ဝက် ယောင်ယမ်းကာအော်၊
အနားမှာ အဖော်မရှိ...
တစ်ယောက်ထဲ ဆိုတဲ့ အသိကြောင့်၊
ပိုပို ကြောက်မိရင်းနဲ့...
ထိန်းမရတဲ့ မျက်ရည်တွေကြောင့်၊
အားရအောင် ငိုခဲ့မိတယ်...
တိတ်တိတ် လေးပေါ့။
တောင်ဇလပ်
No comments:
Post a Comment