တောင်ဇလပ်မြေ...
လွမ်းနေပြီလား ဖေဖေ...
မြူနှင်း တွေ ဝေ ဆိုင်း...
ချင်း မြေ ကိုမှ လွမ်း တယ် တဲ့လား ဖေဖေရယ်...
သံယောဇဉ် အပူကြောင့်...
ပြန်မရောက် တာ ကြာလေ ရော့လား...
ဆွေမျိုးများလည်း လွမ်း နေရော့မယ်နော်...ခေတ်လူငယ်မို့...
``မင်း မျိုးနွယ် ´´ လို့ ဆိုလာတဲ့စကား...
သမီး ရယ်ခဲ့ မိတာ ခွင့်လွှတ်ပါ ဖေဖေ...
ရိုးရာ ဓလေ့ အမျိုးမှန် မမေ့အောင်...
အမြဲ သွန်သင် ဆုံးမ ခဲ့တာတွေ...
အခု ချိန် ပြန်လည်တွေးရင်း...
အမျိုး ဂုဏ် ထိန်းသိမ်း သင့်တာတွေ...
သမီး တစ်ကယ် နားလည်ခဲ့ပါပြီ ဖေဖေ...။
တောင်ဇလပ်
1 comment:
အရမ်းကောင်းတယ်ထိထိမိမိပဲ
Post a Comment