င့ါ ဘ၀ ထဲကို
ပျော်စရာတွေ ၀င်လာခွင့်မပေးဖို့
ကံကြမ္မာ က စီမံထားလေသလား
တန်ခိုးရှင် ကို ပဲ အပြစ်တင်ရမလား
ကံကောင်းအောင်ပဲ ယ တြာ ချေ ရမလား
ထပ်မဖြစ်ဖို့ပဲ အစာရှောင် ဆုတောင်းရမလား
အလိုတော်ကိုဝန်ခံရင်း
ကံကို အပြစ်တင် နေမိတာ အခါခါ
ဒွိဟ စိတ် နဲ့
ယုံကြည် မှု တွေ
ပြောင်းပြန်မှောက်လှန်
ဆုတောင်းရင်း အဖြေရှာ
တစ်ခါ တစ်ခါ
လက္ခဏာ ကို ပြန်ကြည့်
အဖြေရှာမိ ပြန်တာ
မနက်ဖြန် မှာ ဘာဖြစ်မလဲ
အဖြေ တစ်ခု မှာ
စိတ်နဲ့ ငါ
ဘ၀ နဲ့ ငါ
အတိုက်ခံ ဖြစ်
ဆုတောင်း ခြင်းများ
တစ်နေရာမှာ ရှိ နေရင်
ငါ့ ငိုကြွေးသံ တွေ
ငါ့ အော်ဟစ်သံ တွေ
တစ်ချိန် မှာ
တန်ပြန်ဖြစ်
မျှော်လင့်ခြင်း အသစ်တွေ
ပြန်လာခွင့်
ပျော်ရွှင်ခွင့်တွေ
ပြန်လာခွင့် ပြု ရင်
ငါ ဒီကနေ့
ကံတရား မှာ
ရပ် ကာမနေပဲ နဲ့
ဆုတောင်းခြင်း တစ်ခုမှာ
ငါ့ ဘ၀ကို ဆွဲဆန့်မထားပဲ
လက်တွေ့ မှာ နစ်မြုပ်
ငါ့ကိုယ်ငါ ပဲ
ဆုံးမ လို့
ဒီတစ်ခါ
ငါ ဆက်လျှောက်မှာ
ငါ့ကိုယ်ငါ
ငါ ပြီးရင် ငါ
ငါ တစ်ယောက်ထဲ သာ...။
No comments:
Post a Comment