`` ? ''
လျှော်ဖွတ် မရ
စိတ်အညစ်အကြေး
အဖြူ ရောင်လေး ဘယ်မှာ
စွန်းထင်းခဲ့ရ
အတိတ်နေ့များ
လွတ်မြောက်ခြင်း ဘယ်မှာ
မေ့ဖျောက် မရ
စိတ်ဒဏ်ရာများ
ခွင့်လွှတ်ခြင်း ဘယ်မှာ
ပြေးထွက်မရ
ပူလောင်ခြင်း များ
ငြိမ်းချမ်း ခြင်း ဘယ်မှာ
ချ နင်းခံ ရ
ရိုးသားခြင်း များ
မှန်ကန်ခြင်း ဘယ်မှာ
အရှုံး.... အနိုင်
မဝေခွဲ နိုင် သမျှ
မှားယွင်း ခြင်း များစွာ...။
No comments:
Post a Comment