နေမ၀င် အလွမ်း
ရပ်စောင့်နေပါတယ် ချစ်သူ
နေမ၀င်မချင်း
မဟုတ်ပါဘူး
ည တစ်သက်
လ ထွက် သည့်တိုင်
မျှော်ကာတလင့်
စောင့်နေနှင့်ဆဲပါ
မမျှော်သူကို
မကြို သူစောင့်လို့
နေမ၀င်အလွမ်း တွေ
သန်းခေါင် တန်းဝင်
ငှက်တွေ တောင်မှ
အိပ်တန်းတက်ပြီ လေ
မသိသောတစ်နေရာမှာ
အသစ် အသစ်သော
ရင်ခုန်ဖက်တစ်နေရာရောက်လို့
ခြေရာဖျောက် နေတာလား
တွေဝေခြင်း များစွာ မှာ
သေသပ်တဲ့ အလွမ်းတွေထည့်
မမြင်ရက်တဲ့ တစ်မြေခြား
ချစ်သူ ကို
အနေမခက်စေဖို့
ဒီတစ်ညပဲ
ရပ်ကာစောင့်
မိုးတစ်မနက်သောက်ရင်
တိုးတိုးလေးပဲ
လွမ်းနေပါ့မယ် ချစ်သူ...။
No comments:
Post a Comment