ကျ မ သိပ် ကြိုက်တဲ့ ကော်ဖီ တစ်ခွက်....
ရင်နာနာနဲ့ ဖြတ် ပစ်ရတော့မယ်....
အဖိုးတန် စားစရာ တွေနဲ့....
လှဲလှယ် မရ တဲ့ ကော်ဖီ တစ်ခွက်....
အခု တော့ .....မေ့ ပစ် ၇ တော့မယ်...
တစ်ခါ တစ်လေ စက်ရုပ်အထင်နဲ့....
ကိုယ့် ကိုယ် ကို ဂရု မစိုက်....
အချိန် တစ်ချို့  မှာ....
ကော်ဖီ အရာသာ တစ်ခုနဲ့...
ပျော်ဝင် နေ ခဲ့ မိတာ တွေ....
ကဗျာ တစ်ပုဒ် ထွက်ဖို့ အတွက်...
ကော်ဖီ တစ်ခွက် က ...အားဖြည့် ပေး တဲ့ စိတ်ကူး....
ကျမ သိပ်ကြိုက် တဲ့ ကော်ဖီ ခါးခါး...
ကဗျာ တစ်ချို့  ပါ ကူးစက်....
ခါး သက်ကုန် ရဲ့ ထင်....
နေ့စဉ် သောက် သမျှ...
အချိန် တန် ရင် တမ်းတ မိသူ ကျ မ....
အစာအိမ် က ဒုက္ခ ပေး....
ကော်ဖီ ဖြတ် ရမယ့် အခြေ....
ကော်ဖီ ခွက် လှလှ လေး တွေ နဲ့....
ကော်ဖီ ရနံ့ လေး တွေ ကို....
နာကျင် မှု နဲ့ လဲလှယ် ပြီး...
ကြိုး စား မေ့ ပစ် ရတော့မယ်.....
ကျ မ ဘ၀ မှာ...
ချ ပြ စရာ ဆို....
ကော် ဖီ တစ်ခွက် နဲ့ ကဗျာ တစ်ပုဒ်.....
စွဲ လန်း ခြင်း တွေ ထဲ မှာ....
လောလော ဆယ် ကျ မ အတွက်....
ကဗျာ တစ် ချို့  ကျန် နေ သေး ရဲ့....
ဘယ်နေ့ များ မှ.....
ကဗျာလေးတွေ ...ကို... ပါ....
စွန့် လွှတ် ရ မယ် မသိ....
ဟော....! ပြော ရင်း နဲ့.....
စား ပွဲ ပေါ် မှာ...
ယောင် မှား ပြီး ..... ဖျော် ထား မိ တဲ့....
ကော်ဖီ.... ပူ ပူ လေး ...တစ်ခွက်...။
တောင်ဇလပ်
No comments:
Post a Comment