’ ခံစားမှု အပိုင်းစ’’
ပျော်နိုင် အောင်ကြိုးစားရင်းနဲ့…ကိုယ်ဟာ
ပျော်ရွှင် မှု ရဲ့ အဝေးကိုရောက် ရောက် သွားမိတယ်…၊ တစ်ခါတစ်ခါ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်ကာ ငိုချင် မိပေမယ့်…ဖြစ်လာတဲ့
ဘ၀ ၊ ဖြစ်သင့် တဲ့ ဘ၀ ၊ ဖြစ်ချင် တာတွေ များလွန်းတဲ့ ဆန္ဒ တွေ ကြားမှာ ကိုယ့်ကိုယ်ကို
ဆုံးမ လို့ နေတတ်အောင် ကြိုးစားခဲ့ရတာလည်း အခါခါ၊ အသက်ရွယ် တစ်ခု မှာ ကိုယ်ဟာ သင်ခန်းစာတစ်ပွေ့
တစ်ပိုက်နဲ့ အရွယ်နဲ့မမျှ တဲ့ ဘ၀စာမေးပွဲမှာ…..စိတ်ဓာတ်တစ်ခု တည်းနဲ့ အလဲထိုး ၊ အနိုင်ဆိုတာ
မဟုတ်ခဲ့ ရင် တောင်မှ..ကျော်ဖြတ်နိုင်ခြင်း မှတ်တိုင် တစ်ခု ဆီ ကိုယ့် ရင်ထဲ မှာ စိုက်ထူနိုင် ခဲ့တယ်…
တစ်ခါတစ်ခါ လောကကြီးက ဘာကြောင့် များ ကိုယ့်ကိုယ်မှ
လို့ မေးခွန်းထုတ်မိပေမယ့် ၊ မတည်မြဲခြင်းတွေ ကို ပြန်စန်းစစ် ကြည့်ရင် ကိုယ် ကြုံခဲ့ရတဲ့
ဘ၀နိယာမ တစ်ခုကို လွဲခြော်မှု တစ်ခုလို့ ခေါင်းစဉ် မတပ် ရက်ခဲ့ဖူးလေ…လူသားပီပီ ခံစားချက် ပေါင်းများစွာနဲ့
နာကျင်စွာငိုကြွေးခဲ့ရတိုင်းမှာ အဖြေဆိုတာအသည်းသန်ရှာရင်း….လူတွေရဲ့အဝေးမှာ
ကိုယ်
နေထိုင်ချင် မိတယ်၊
ဘာကိုမှအတိကျမသိနိုင်ခင်မှာကိုယ်ဟာရှုံးနိမ့်စွာထွက်ခွာသူတော့မဖြစ်ချင်ခဲ့ဘူးလေ..ရှင်သန်ခြင်းဆိုတဲ့
အဓိပ္ပါယ်ကို အသဲသန် ရှာရင်းငြီးငွေ့ခြင်းတွေ ထဲ မှာကိုယ် ဟာ လောကကြီးရဲ့ ဖြစ်တည်ခြင်း
မှာ…သက်ရှိ ပီသ စွာနဲ့တစ်စုံတစ်ခုသော ရလဒ်ကို ချန်ထားခဲ့ချင် သေးတယ်…
လွဲ ချော်
မှု တွေ ၊ မထင်မှတ်မှု တွေ ကြားမှာ ကိုယ့်ဘ၀ ကိုပုံဆစ် ထုဖော်ရင်း ကိုယ့်ရဲ့ ပျော့ညံ့မှု
တွေ မောင်းထုတ် အားသစ်တစ်ဖန် မွေးရင်းနဲ့ …ဘ၀ ဆိုတာကို ရိုးသားစွာနဲ့…ရှင်သန် နေ အုံးမယ့်
သူ ပါ…..တည်မြဲခြင်း မရှိတဲ့ အတွေး တွေကို စွန့်ပစ်ရင်း နဲ့ကိုယ် အခု ပေါ့ပါးစွာ
ပြုံး တတ် ၊ ကြည့်တတ် ၊ နေတတ်အောင် လောကကြီးက
သင်ခန်းစာတွေပို့ချ ပေး ခဲ့တာ အတိုင်းတာ တစ်ခု
ထိ တော့ ရောက် တန်ကောင်းရဲ့လေ…. ရောက် နှင့် ပြီ ထင်ပါရဲ့ ….။
တောင်ဇလပ်
No comments:
Post a Comment