ကျ မ ဆယ်နှစ်သမီး အရွယ် ဖေဖေ ရဲ့ ဇာတိ ဖြစ်တဲ့ မတူပီမြို့ ပမိုင်း ရွာလေးကို အလည်
သွားစဉ် ချိန် .
.
မတူပီ မှ လွီဗန်းရွာထိ ခြေလျင်ခရီး လျှောက်ရင်း ....မောနေတဲ့ ကျမ ကို.....
ဒါ့မှ '' ချင်းသမီးကွ '' လို့ ခဏခဏ မြှောက်ပေးရင်း နဲ့ ကျ မ ပင်ပန်း နေ တာကို
သက်သာစေချင်တဲ့ဖေဖေ့ ရဲ့စကားသံတစ်ချို့ .....
သူ့လူမျိုး သူ့တိုင်းပြည်ကို သိပ်ပြီး ချစ်တတ် သော ဖေဖေ ၊
ပြောသမျှ စကားထဲမှာ ငါတို့လူမျိုး
ငါတို့ တိုင်းပြည် ဆိုပြီးအမြဲ....တမ်း... ပြောနေကျ ...
ဖေဖေ ရဲ့ အလေးစားဆုံး ပုဂ္ဂိုလ် က ဗိုလ်ချုပ် အောင်ဆန်း ၊ ပြီးတော့ဗိုလ်တိုက်ချွန်း .....
ကျ မ သိသော ဗိုလ်တိုက်ချွန်း ဆိုတာ ဖေဖေတို့ ရွာကိုမရောက်ခင် တစ်ထောက်နားပြီး
ညအိပ်ရတဲ့ ရွာလေး ၊ ခရီးပန်းတဲ့ဒဏ်နဲ့ ငယ်သေးတဲ့အရွယ်မို့သတိမထားမိပေမ
လွီဗန်း ရွာရောက်တဲ့ည မှာ ရွာက ရှိသမျှ ဖေဖေရဲ့ အမျိုးတွေ ၊ သူငယ်ချင်းတွေ ထမင်းတွေ
ထချက်ကြ ၊ တစ် ချို့ အိမ်တွေ ဆိုကြက်တွေ သတ် ပြီး ချက် လို့ပေါ့...
ပြီးတော့အိပ်ချင်တယ် မစားချင်ဘူးလို့ပြောနေတဲ့ငယ်ငယ်
ဖေဖေဘာသာပြန်အပေး မှာဝိုင်းရယ်နေ ကြတဲ့ လွီ ဗန်း ၇ွာက ဆွေမျိုး တစ်စု..
ချင်း ရိုးရာ ဓလေ့ တစ်ခု မို့အိပ်ချင်မူးတူးနဲ့ထမင်းလို
ကျ မ ... အခုထိ မှတ်မိ နေပါ သေးတယ်....
ဖေဖေနဲ့ ဆွေမျိုး နီးစပ်တော်စပ်တဲ့ ဗိုလ်တိုက်ချွ န်း ကို ကျ မ အဲဒီတော့မှ သိခွင့်ရခဲ့ပါတယ်
မနက်မိုးလင်း လို့ ပမိုင်းရွာကိုခရီးဆက်မယ့် အချိန် မှာ....
လွီဗန်း ရွာ မှအထွက် အုတ် တိုင် တွေနဲ့ချင်းဘာသာလိုကမ္မည်းမော်ကွ
ကျောက် တိုင် တွေ ရှေ့မှာ ....သမီးခဏ စောင့် လို့ ပြောပြီး....
ရှိသမျှ အထုတ်အပိုးတွေ ချ ...ဖိနပ်ချွတ် ပြီး အလေးပြု နေတဲ့ ဖေဖေ...
အဲဒီအချိန် က....ငယ်သေးတဲ့အရွယ်မို့ ဖေဖေ ပြောသမျှ ၊ ရှင်းသမျှ ကျ မ နားမလည်ခဲ့ပါဘူး....
''သမီး အဲဒါ အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း လေ ၊ ဖေဖေတို့လူမျိုး သူရဲကောင်းကြီးပေါ့
တဲ့.."..ကျ မ အဲလောက်ပဲနားလည်ခဲ့ပါတယ် ...ကျ မသိခဲ့သော ၊ ကျမ နားလည်သော
ဗိုလ်တိုက်ချွန်း အကြောင်းကို အရွယ်တစ်ခုရောက် မှ စာပေတွေကတစ်ဆင့် ဖတ် မှတ် ခဲ့
လို့ ဖေဖေ နည်းတူ လေးစား ဂုဏ်ယူ မိပါတယ်...
ကျ မဖေဖေ လေးစားဂုဏ်ယူ တဲ့ ဗိုလ်တိုက်ချွန်းဆို တာ ၊ ကျ မ သိခဲ့သော ဗိုလ်တိုက်ချွန်းဆို
တာ သာမာန် တောခေါင်ခေါင်ရွာလေးကပါ...အင်မတ
မှာ ပေါက် ခဲ့တဲ့ ချင်း မြေ ရဲ့ အဖိုးတန်ပန်းတစ်ပွင့် ရယ် ပါ..။
တောင်ဇလပ်
No comments:
Post a Comment