Sunday, July 27, 2014
တိုးတိုး တိတ်တိတ် ကြိတ်ကာ ငို
ထမင်း တစ်လုပ်ကို ဖြစ်သလို စားမိတဲ့ အချိန်...
မျက် စိ တစ်မှိတ် ကို..... အချိန် အတိ ကျ မသတ်မှတ် တဲ့ အခါ.....
နာကျင် မှု ကို မခံစားရ မခြင်း ... ရောဂါတစ်ခု လို့ ဂရု မပြု မိ တဲ့ အချိန်....
ကြင်နာမှု နဲ့ ဖေးမ ပေးမယ့် အဖေ့ စကားသံ တွေ ရဲ့ အဝေးမှာ...
ကောင်းနိုးရာ ရာ တွေ ဖွယ်ဖွယ်ရာရာ ချက်ပြုတ် ကျွေးတတ်တဲ့ အမေ့ ရဲ့ အဝေး မှာ...
သမီး စည်း... ပျက်ခဲ့ ပြီ ဖေဖေ...
သမီး...မွတ်သိပ်... နေ တယ် မေမေ.... မိသားစု တစ်ခု ရဲ့....အားဖြည့် ကူညီမှု တွေ ...
မိသားစု တစ်ခု ရဲ့... ပျော်ရွှင် မှု တွေ...
ပြန် တမ်းတ မိတဲ့ အချိန်.....
ထမင်း တစ်လုပ်ကို.....
လေးတွဲစွာ ၀ါးမြို လို့...
အိပ် မရတဲ့ည တွေ ဆို..
ဖေဖေရဲ့ ဂရုဏာ ဒေါသနဲ့ ဆူတဲ့အသံ တစ်ချို့...
မေမေ့ ရဲ့... စိတ်ပူ နေတဲ့ အမူယာတွေ မြင်ယောင်ပြီး...
သမီး ... ဒီည ...
တိတ်တိတ် လေး ....
ငို နေတယ် ..မေမေ...
သမီး ဒီ ည....
တိုးတိုး လေး....
ငို နေမိ တယ် ... ဖေဖေ...။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment