Wednesday, October 1, 2014

ငြိမ်းချမ်း ရေး တေးသံ

 
ကမၻာၾကီၤး
 ငြိမ်းချမ်း စွာအိပ်စက်
ဒီတစ်နေ့
ဒီတစ်ရက် မှာ
  ငြိမ်း ချမ်း ပါစေ ...

  တောင်းဆို သံတွေ ကြား
သီဆိုသံ တွေ လား
  မျှော်လင့်ချက် တွေ ရော စပ်
လူသားတွေ ဟစ်အော်နေကြပြီ
''ငြိမ်းချမ်းကြစို့ ''
''ငြိမ်း ချမ်း ကြ ဖို့''
'' ငြိမ်း ချမ်း ချင် ကြ လို့'' တဲ့....

စစ်မီးတွေ နဲ့
လူတွေ မပြတ်ညည်းနေကြပြီ
စစ် မက် တွေ နဲ့
လူ တွေ အသက် မဲ့ ကုန်ကြပြီ
ဘယ်လို လုပ်မ လဲ ?
ဒီတစ်နေ့ လား ?
မနက်ဖြန်တွက်လား ?
  ငြိမ်းချမ်းရေး အရသာ
  ငြိမ်းချမ်း ရေး အဓိပ္ပါယ်
  ငြိမ်း ချမ်း ရေး ဆိုတာ.....

အတ္တမီး
ဒေါသမီး
မောဟမီးတွေ
အကုန်ငြိမ်း သတ်မှ

ငြိမ်းချမ်းရေး အထိမ်းမှတ်ဖြစ်မယ်
လူမမယ် နဲ့ သားသည် အမေ
  ငြိမ်းချမ်းခြင်းမှာ တေးဆို နိုင်စေ
အဘိုး ၊ အဘွား ၊ သက်ကြီးအို
တရား ဇရပ်မှာ အားထုတ် ခိုဖို့

ငြိမ်းချမ်းခြင်းမှာ မွှေ့လျော် စေ
ကမ္ဘာနဲ့စစ်မက်
အပေါင်းသင်းပျက်လို့
  ငြိမ်းချ မ်းခြင်း တစ်နေရာ
ကမ္ဘာအတွက် ဖြစ်ပါစေ
ဒီနေ့ မှာ ရယ်သံလွင့် လို့
မနက်ဖြန်တိုင်း ကူးစက်စေ ဖို့

ငြိမ်းချ မ်း ရေး တေးသံ
လှပ စွာ ပြိုင်ဆိုင်
ကမ္ဘာ အနှံ
ပျံ့ နှံ မြို င် ဆိုင် နိုင်ပါစေ.......။( ငြိမ်းချမ်းရေးနေ့ အမှတ်တရ )

No comments: