မိမိ သာ လျှ င်
သစ်တစ်ပင်
ညင်းလေ သွေ့ယုံနဲ့
သစ်တစ်ရွက်ပင်
မကြွေပျက်ပါဘူး လေ
သို့ ဆိုပေမယ့်
လူသားဟူသည်
သတ်မှတ်စံထား
ကိုယ်ကျင့်တရားလား
သို့တည်းမဟုတ်
ဂုဏ်သိက္ခာလား
ကိုယ် မြတ်နိုးရာ
ဗီဇ ၀ါသနာ
တစ်ခုခုကို
စွဲမြဲစံယူ
ကျင့်သုံးသူဖို့
လေညင်းခတ်ယုံ
ကျီစယ်ယုံဖြင့်
မခိုင်စိတ်က
မာန်စိတ်ခ သည်
ဆင်ခြင်မိသာ
ခဏတာ
ကိုယ်မှာသူတစ်ပါး
မေတ္တာပွားစေ
စာညွှန်းဝေ၍
ရင်မှာဆန္ဒ
ဖွင့်ခြွေ မျှ လည်း
လူသာလူဖြစ်
လူ စိတ် နှင့်သာ
မေတ္တာခမ်းကာ
တုန့်ပြန်မိသည်
လေ မှာဖြန့်ကျက်
မွှေ့ပျော်သူ ထဲ
ကိုယ် တစ်ယောက်လည်း
ပါ မြဲ ဓမ္မတာ....။
No comments:
Post a Comment