Wednesday, October 8, 2014
သီတင်းကျွတ်ပြီ
တစ်နှစ်ရယ်တစ်လ
ပြောင်းပါ လ
သီတင်းကျွတ် ပြန်ပြီ
တစ်ခါတစ်ချိန်
ပြန်လွမ်းနေ
ငယ်ဘဝ
ဒီလို အချိန်
မီးရှုး မီးပန်း
လွှတ်တင် ဆန်း
ကောင်းကင်ထက်မှာလေ
ရောင်စုံဆွဲချိတ်
ဟိုဒီ တွေ့
မီးပုံး လှလှ တွေ
ဟိုမှာဒီမှာ
ထွန်းညှိ ထား
ဆီမီး ခွက်လေးများ
လှလှပပ မီးပူဇော်
ထူးတဲ့ မြန်မာ ပွဲတော်
သက်ကြီးရွယ်များ
ဒီလို လ
ရှိခိုး ကန်တော့ကြ
ဘိုးဘွားမိဘ
ဆရာအပေါ်
ကုသိုလ်ယူလို့
သာဓု ခေါ်
ကောင်းမြတ်ပါတဲ့
မြန်မာဓလေ့
ဘယ်သောခါမှ
မရိုး လိမ့်
ဘုရားအစုံ
သွားရောက်ကာ
ဆီမီးထွန်းညှိပူဇော်တာ
မြန်မာ ရိုးရာ
ချစ်စရာ့ ဓလေ့
သီတင်းကျွတ် လရဲ့
ပျော်စရာ နေ့
လပြည့် ည ရဲ့
အခါတော် နေ့
မြန်မာတွေရဲ့
ထူး မြတ် သည့်နေ့
ငယ်ဘ၀ မှ
ယခုတိုင်
မေ့ မရ နိုင်
လှလွန်းတဲ့ ... နေ့တစ်နေ့...။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment