Wednesday, October 8, 2014

လမင်း မှ



ဆိုးနွဲ့တတ်တဲ့ ကိုယ့်ကိုယ်များ
သိပ်ကို စိတ်ပျက် သွားပြီလား
  တွေးရင်း တွေးရင်း ၀မ်းနည်းသမျှ
နားလည်ပေး မလား မျှော်လင့်ရ
ချစ်သူ လေးရယ် သနားလှည့်ပါ
ဒီလို တစ်ည မှာ
ပို....အဖော်မဲ့စွာ
ရင်မှာ တိတ်တဆိတ်
တမ်းတ မိ သေး တာ
သူယုံမလား မေးကြည့်ပေးပါကွာ
ကိုယ် ငိုတာ မြင်တဲ့သူ ရှိတာ
  ဟော .. ဟိုး အပေါ် က
  ကောင်းကင်ထက် မှာ... .. လ
  ပြုံး နေတဲ့ လမင်းကြီးကို များ
မင်းယုံအောင် ပြောပြ ပေးဖို့လား
  တောင်းပန်ကာ မှာထား ခဲ့ သူ ပါ
မကြားချင် သမျှ နားပိတ်ထားသော်ငြား

ကောင်းကင်ကိုသာ ... မော့ ကြည့်ပေးပါ ခဏ...။

No comments: