Wednesday, September 4, 2013

အချစ် (သို) ဟာသ


အချစ်ဆိုတာ ဘာလဲလို့ သူငယ်ချင်းတစ်ယောက်ကမေးတယ်။ ကိုယ် ကတော့ 

“ဟာသတစ်ခု”ုလို့ ဖြေလိုက်လို့မကျေနပ်နဲ့  ပြန်ပြောတယ်။“သေမလောက်အောင်ခံစားနေရတာဘာလို့ဟာသလို့ပြောတာလဲတဲ့၊”

 စိတ်ညစ်စရာတွေ၊ဒေါသတွေ၊အားငယ်မှု့၊နာကျည်းမှု့တွေ၊၀န်တိုမှု့တွေ၊အနိုင်ယူမှု့တွေနဲ့ 

ဘာတစ်ခုမှ ကောင်းတာမရှိလို့၊ ပြီးတော့လည်းခံစားလွယ်တဲ့ ကိုယ့်အတွက် ရောဂါတောင် 

အဆစ်ရလိုက်သေးတယ်လေ…

ပျော်စရာဆိုတာ ဘာမှမရှိ တဲ့  ပူလောင်မှု့တွေနဲ့ လောင်မြိုက်နေတာ ၊ အရှုံးတွေနဲ့ 

ငိုကြွေးနေတာတွေကို သက်ဆိုင်သူကတော့ တယ်ဟုတ်တဲ့ ငါပါလားဆိုပြီး အချစ်ကို 

ဟားတိုက်လို့ ၊ ကိုယ့်ကိုယ်ကိုအောင်နိုင်သူလို၊ဂုဏ်ယူ ၊ မာန်တက်နေတာ ကိုယ် ကြုံခဲ့ 


.
၊ခံစားခဲ့ဖူးပါတယ်။

မညှာမတာ၊ ပေါ့တန်တဲ့အတွေးနဲ့၊ ပြီးစလွယ်ပြောတာမဟုတ်ပေမယ့်၊ဟာသတစ်ခုလိုခံစားတတ်အောင် 

ကိုယ်နှလုံးသားကို နှစ်ပေါင်းများစွာ ၊ သင်တန်းပေးခဲ့တာလေ၊ ရုးတော့မယ့်  အခြေနေကို 

ဆင်ခြင်စိတ်နဲ့ထိန်းခဲ့ရလို့၊ကိုယ့်ဆီမှာ ယောက်ယက်ခတ်တဲ့အတွေးတွေတော့ နောက်ဆုံးကျန်ရစ်ခဲ့တာပေါ့။ခံစားချက်တိုင်းကို 

ကဗျာ တွေစပ်ရင်း ကိုယ်တောင် ကဗျာတွေ အတော်စုမိ ခဲ့ပြီလေ။

ဒီအချိန်ပြန်ဖတ်ကြည့်တိုင်းဟာသတစ်ခု ဖြစ်ခဲ့တယ်ဆိုပေမယ့်လည်းရင်ထဲကဒဏ်ရာကတော့
 
္ဖ္ဖ္ဖ အချက်ပြလို့ နာကျင်တုန်းပဲတဲ့လေ…

အချိန်ကို နောက်ပြန်လှည့်တိုင်း  ငယ်ရွယ်နုပျိုမှု့တွေကို ၀ါးမြိုတိုက်စားခံခဲ့ရတဲ့ အချစ်ဆိုတဲ့

 အရာကြောင့် ကိုယ့်ရဲ့ အချိန်တွေကို အလဟသ ဆုံးရှုံးခဲ့သလို၊ ရယ်စရာဆိုတာတောင် 

  အဖြေရှာမရအောင် ကိုယ်   ခံစားမှု့နောက်ကောက်ကောက်ပါအောင် လိုက်ခဲ့ဖူးပါတယ်။ 


ခဏတာရခဲ့ ဖူးတဲ့ ပျော်ရွှင်၊ ကြင်နာမှု့တွေကို အစစ်မှန်တွေလို့ယုံကြည်စွဲလန်းခဲ့တဲ့ ကိုယ် 

ကတော့ ပြောင်းလဲခြင်းဆိုတဲ့  အရာကို လက်ခံဖို့  ကြောက်ရွံ့မိတယ်လေ၊ ဘာကြောင့်လဲ? 

၊ဘာလို့လဲ၊?ဆိုတဲ့ မေးခွန်းတွေကြောင့်…ကိုယ့်ရင်မှာ ကြေမွလို့အကြောင်းပြချက်တစ်ခု  တောင်းခဲ့ 

ဖူးပါတယ်။ အောင်နိုင်သူကတော့  ဖြေရှင်းချက် မပေးပဲ၊ ကိုယ့်ရင်ကို မခံနိုင်တဲ့ 

စကားလုံးတွေ ၊ အမူယာတွေပြပြီး   ဥပခ္ခါပြုလို့ ဟားတိုက်တာခံခဲ့ရဖူးပါတယ်။


ကိုယ့် ဆီမှာ တော့ နာကျင်မှု့အစိုင်ခဲတွေ ကြီးထွားလာလို့ ၊ကိုယ့်မျက်ရည်ခမ်းခြောက်မှ ၊ 

ပိုင်ဆိုင် ခဲ့တာ ရင့်ကျက်မှု့ဆိုတာပါပဲ။  တစ်ခါတစ်ခါ တမ်းတ တတ်တဲ့စိတ်တွေကို 

…ကြိုးစားစွာမောင်းထုတ်၊ သူ့လက်ကိုကိုင်ဆွဲပါမှလှမ်းလျှောက်ဝံ့တဲ့၊ကိုယ့်ရဲ့ ပျော့ညံ့မှု့ကို

ဆုံးမလို့ အခုတော့လေ ..ကိုယ်တစ်ယောက်ထဲ ပျော်တတ်တာ မဟုတ်ပေမယ့် 

၊နေတတ်အောင်ကျင့်နေခဲ့ပါတယ်။ 

ကိုယ်ခံရသလို၊ပြန်ခံရဖို့ကိုယ်ဆုမတောင်းဖူးပါဘူး၊ကိုယ်ချစ်ခဲ့တာတွေက ဖြူစင်မှု့သက်သက်

 မို့  ကိုယ့်ရဲ့ရှင်သန်ချိန်တွေကိုအရင်လို ပြန်ဖြစ်ခွင့်၊ကိုယ့်ဆီမှာရှိခဲ့ဖူးတဲ့လွတ်လပ်ပျော်ရွှင်တဲ့

 ရယ်မောသံတွေ၊ ခံစားချက်မဲ့တဲ့ နှလုံးသားတွေသာပြန်ရခဲ့မယ်ဆိုရင် …အချစ်ကို  ဟာသ 

လို့မှတ်ထင်နေသူကို  ကိုယ် ခွင့်လွှတ် နိုင်မယ်ထင်ပါတယ်။ 


ကိုယ့် အပေါ်မှာ  မရိုးနိုင်တဲ့  အနိုင်ယူမှု့တွေနဲ့ ကျွမ်းဝင် နေတဲ့ သူကို  ၊ ကိုယ်အရှုံးပေးရင်း

 အခုဆိအနယ်ထိုင်စ ပြုနေတဲ့ကိုယ့်နှလုံးသားခံနိုင်ရည်ရှိလောက်ပါရဲ့လေ…ခံစားချက်ကင်းမဲ့သူအတွက် 

ဟာသ တစ်ခု အဖြစ် သတ်မှတ်ခဲ့ပေမယ့် ၊ ခံစားတတ်လွန်းသူ ကိုယ့်အဖို့  ဟာသ တ စ်ခု  

အဖြစ်သတ်မှတ်ဖို့ အားလုံး စတေးခဲ့ ရသူပါ။ အခု တော့ ကိုယ်ရယ်နေနိုင်ပြီလေ၊  ဒါပေမယ့်
 ဘယ်သူမှ မမြင်နိုင်တဲ့ ကိုယ့်နှလုံးသား ကတော့ တိတ်တိတ်လေး အော်ဟစ်လို့ငိုကြွေးနေတယ် ဆိုတာ..။
   တောင်ဇလပ်