Thursday, April 24, 2014

မန်း မြေ ရောက် နွေ ဧည့် သည်


သိပ်ကို ပူတဲ့   မန်း   နွေရယ်....
ကိုယ် ....တစ်ကယ်... ခံရခက်တယ်....
ဆယ်နှစ် စာ.... ဒီအလွမ်း...  တောင်...
ဘယ် ဆီကို....  ကျ ပျောက်တယ်...  မသိ....
ဒီ နွေ မှာ ....ကိုယ် ... လိုက်ရှာမိ....
ဟိုး ....  အရင်က...  ပျော်မြူးး စရာ...  အတိ...
စွဲ လမ်း စိတ်.... ပယ်ဖျောက် စေ ရော့လား..
ဒီ နွေ မှာ.....  ကိုယ်ရောက်လာမိတာ....
မန်း တောင်နဲ့  ကျူံးးနဘေး  အလှရယ်က...
ကိုယ့် စိတ်မှာ   ရိုးအီ သွား သလိုများ..
ဒီ အချိန်  ခံစားမိ ပုံများ....
သေခြာ အောင်  ချိန်စက် ကြည့်ရင်...
ကိုယ့်  ရင်မှာ ... နာကျည်း မှု  ဒီဂရီ...
ဒီ နွေ ထက် .... ပို ကဲ လေ ရော့  ထင်..
ဆေး  မန်း   နဲ့   မိန်း ထဲ .... ရောက်ပြန်တော့...
ကိုယ့် ရင် မှာ .... ဘာမှ  မဖြစ် သလို  ပေါ့....
ဒီ ရင် မှာ  ခံစား  ခဲ့  လေ  ရော့....
သြော်...ကျေ  ပါ  စေ ... ကျေ လောက်  ပါ ရဲ့ လေ...
လှောင်  ချိုင့် ဆီ  ...က ... ငှက် ခလေး .... နှစ်ကောင်နဲ့...
ဆု ချွေ  ကာ .... လွှတ်  ပေး မိ ပါရဲ့....
မန်း မြေ ရဲ့ .... အလွမ်း  တွေ ပါ ... မကျန်  စေ ဖို့....
ဆန္ဒပြု .... ဆု တောင်း ခဲ့  မိသား..
ဒီ နွေ နဲ့ .... ဒီလူ ရဲ့  ....အပူ တွေပါ..
သယ်   ဆောင် သွား  ...
လွတ် မြောက် ခြင်း  ... တစ် နေ ရာ...ရာ..
တောင်ဇလပ်





အလွမ်း နေ၀င်ချိန်


အလွမ်းတွေရယ်...အလွမ်း တွေ ရယ်..
ဒီရင်ကို နှိပ် စက်ပြန်ပြီ...
ခြေမွခံ ရတဲ့  ရင်ခွင်  ... ခပ်နွမ်းနွမ်း....
ဝေဒနာ တွေ  ထပ် ပေါင်းထည့်...
မင်း လည်း သိလောက် ပါရဲ့လေ....
ငါ   ဒူး ထောက်ခဲ့ ဖူးတယ်...
ငါ  ...  ဆုတောင်းခဲ့ဖူးပါတယ်....
ဝေဒနာ ခါး  သက်သက်တွေ..
ထပ်ထပ် ... မလိုချင် တဲ့ အခါ....
ကောင်းကင် ကို  မော့ကြည့်...
ခံနိုင်ရည် မဲ့   ခြင်း တွေ  နဲ့....
အားကိုး ရှာ ...  ဆုတောင်းမိတဲ့  အခါ...
အဖြေ  ဆိုတာ  ဘာလဲ.....
ဝေဒနာ ဆိုတာ... ထပ်တိုးလာ  ပြန်ပြီ...
ပြေးထွက်ရင်း.... ရှောင် ခွာရင်း....
ချောင်  တစ်ခု  မှာပဲ....
နေ၀င် ... နေ ထွက်....
အလွမ်း ...ခပ်  အက်အက်....
တစ်မိုး  ချု ပ်... ခဲ့ ပြန် ပြီ ...  ပေါ့   လေ....။
တောင်ဇလပ်



ခရီး သည်


  ငါ့ အနားမှာ....
   သက်မဲ့  အရာ...
 ရင်ခွင်ဗလာ...
   အဖော်မပါ...ခရီးသွား...
မိုင်တိုင်  များစွာ....
  အလွမ်း တစ်စုံ....ထုပ်ပိုး...
နှစ်ဆ  တိုး  သယ်ဆောင်...
   ငါ့  အိတ်လေး  တောင်...
နွမ်း ရိ လျော့ရဲ...
   ဆွေး  လု  ... စုတ်  လု...
ရင်ခွင်  အတု  နှင့်  လူ...။
 တောင်ဇလပ်

ကဗျာ ရှုး မ လေး


ချစ် သူ .. သို့


စိတ်ကူး


လွတ်မြောက်ခြင်း တစ်နေရာ သို့


နားလည် ပါ စေ


သနပ်ခါး ချစ်သူ ပန်း ကြိုက်သူ


ဆုတောင်း


စိမ်း


စိုးရွံ့မှု ဒီဂရီ


ဝေး