Sunday, February 16, 2014

မှေးစက်ပျော် မရ တစ်ကိုယ်ရည် ည


မှေးစက် မရတဲ့  ...အိပ်ပျက်ညမှာ...
မင်း ကိုလွမ်းတယ်  ချစ်သူ...
ညင်သာ ဆိုတေး ....ကာရံချိုလေး...
မှေးစက်ပျော်  ဖို့...
သီကျူးပေးကွယ်...

တစ်ကိုယ်ရည် ဒီည...
အပြင်မှာ  သိပ်လှနေလို့...
ကိုယ်..     အိပ်မရ ဘူးကွယ်... 

ကိုယ်  ဖွင့်ထားတဲ့...
အိမ်   .. ပြ  တင်း....တံခါး...
အလွမ်း  တွေများ....
ခိုင်းစေ ရော့လား..
နယ်ကျွံ  ဒီအချစ်...
ပြန်မလာခင်ထိ...
ဖွင့် ထားမိနေတယ်...

မွန်းကြပ်မှု နဲ့...
အခန်းကျဉ်းလေးထဲ...
ဝေဒနာတွေ ..၀င်မလာဖို့ရယ်..
ဖေး ကူလို့ တားပေး...
ဒီည လေး ..အတွက်ပါကွယ်..။
တောင်ဇလပ်
 


Thursday, February 13, 2014

Valentine' s day...အမှတ်တရ


စိတ်


သေ မတတ် အောင်..  နာကျင်ဖူး တာတောင်မှ...
အမှတ်  မရှိတဲ့... ဒီ  အသဲ...
ငါ   မုန်းမိတော့မယ်...
တစ်ဆစ်ဆစ် နဲ့.. နာကျင်နေတဲ့  စိတ်...
စိုး ရိမ်မူ့တွေနဲ့...
မပျော် တဲ့  ဒီစိတ်ကို...
ငါ   ဘယ်လို ဖြေသိမ့်ရမလဲ...

တမ်း တ  နေ... သေးတယ်...
လွမ်း   ချင်  သေးတယ်...
ချစ်   ချင်  ... သေး  တယ်ပေါ့လေ...

နင်   ခံစား  သလောက်...
အပြင် မှာ  ... ငါ  ဟန်မလုပ်တတ်တော့...
ပို ...ဆိုး  တယ် ဆိုတာ...
နားလည် ရက်နဲ့...
အထဲ  ကနေ...
နာကျင် မှု တစ်ခု...
မကြာခဏ  သတိပြုမိအောင်...
ခပ် ပြင်းပြင်းလေး  ...
ရိုက်နှက် နေတယ်ပေါ့...

ကျေးဇူး  ပြု ပြီး...
နာကျင် မှုတွေ   ...ထပ် မလာခင်...
မနိုး သော အိပ်ခြင်း တွေနဲ့....
ငါ့ ကို  သာ...
အိပ် စက် ခွင့်...ပြုလိုက်ပါတော့...
တောင်ဇလပ်









ကျေးဇူး ကြီးပေ, အားလုံးရဲ့... ဖေဖေ


မမေ့ နိုင်ပြီ   အာဇာနည်...
ကျွန်မတို့  ၏  ကျေးဇူးရှင်..
ကိုယ်  ကျိုးစွန့် လို့  ပေးဆပ်သွား...
သမိုင်း တွင် စေ  ... မြတ်စိတ်ထား...
ရိုးဖြောင့်   တည်ကြည်...
ကြောက်စိတ် မတည်...
အသက်  ကိုပင် စွန့်ခဲ့သည်...
တိုင်းတစ်ပါး  ကြား..  ဂုဏ်ယူ  ၀ံ့ကြွား...
သူမတူ  သည့်   မြတ် စိတ်ထား...

အာဇာနည်   တစ်ပါး...
ထွန်းကာ  ဖွား....
ကျေးဇူး  ကြီးလှ   မိဘ  နှစ်ပါး...
နတ်မောက်မြို့တွင်   သူဖွားမြင်....
အညာ မြေ  ရဲ့...အလှ ပန်း....ပင်...
ရိုးသား  ကြိုးစား...သူစွန့်စား...
အညံ့မခံ.... သူ့စိတ်ထား...
လွတ်လပ်ရေးတွက်...ကြိုးစားခဲ့...
နည်းပရိယာယ်ပေါင်း ... များစွာနဲ့...
တိုင်းတစ်ပါး  အလယ်...ကြောက်စိတ်ပယ်...
ရိုး  သည့်စိတ်က..  ပွဲတင့်တယ်...
ဘယ်သူလာလာ...သူမမှု...
နှုတ်ရေး  နှုတ်ရာ....ကျွမ်းကျင်မှု...
ကြီးသူ ရိုသေ ၊ ငယ်သူ သနား...
တန်းတူ ဆိုရင် ... သူလေးစား...
စကားအရာ...လွန်ပြတ်သား...
``အရိုင်း´´ ဟုပင် ကျီစယ် ထား...

တိုင်းပြည်ရေးကို...
မျှော်တွေးခေါ်..
စိုးရိမ်စိတ်...  ကပြောတိုင်းပေါ်...
အနာ ဂါတ် ကို... ကြိုမြင် ထား..
သူ့စကားများ...
သက်သေ     အလား...
ပြောမကုန်ပေ....ကျေးဇူး တွေ...
အာဇာနည်ရဲ့...ဂုဏ် ပုဒ် တွေ...
ဒီ မွေးနေ့မှာ...ရေး သီကုံး...
ကျေးဇူး ရှင်...အတွက်...
ကန်တော့ပန်း  ... လေး ...တစ်ကုံး...။
တောင်ဇလပ်