Wednesday, December 3, 2014

လူသား ပကတိ




တစ်စုံတစ်ရာ
ကျ ရှုံးသွားလို့
  နှလုံးမလှ
  ပြုံးမရတဲ့အခြေ
ဘ၀ဆိုတာ
အတိုင်းဆမဲ့
မှန်းဆ ခက်တဲ့ ကမ္ဘာ
ငိုကာတစ်လှည့်
ရယ်ပြန်ရင်လည်း
မမြဲခြင်းတစ်ခဏ
ဘုံဘ၀မှာ
  တွေ့ဆုံကြုံ ကွဲ
အချစ်နဲ့အမုန်း
သံသရာထုံးကို
ဘယ်လိုနည်းနဲ့
  ဖြတ်ကြမလဲ
  နေ့ရက်ဟူသမျှ
ပူပင်ရရင်
ဘယ်မှာတရားရှိမှာလဲ
  နေ့ရက်ဟူသမျှ
  ငြိမ်းအေးရရင်
ဘယ်မှာအပူ ရှိမှာလဲ

ခဏတာကို
အမြဲသာလို့
ဆွဲမှတ်နှလုံး
မှတ်ယူ သုံးရင်
အတ္တနဲ့ဖက်
  ကောင်းကျိုးပျက်မယ်
တစ်နေ့တစ်ရက်
စက္ကန့် အလှည့်
မပျက်စက်ဝန်း
ချိန် ရှိ တုန်း
စာနာတရား
အကြင်နာပွား
  မေတ္တာစိတ်များ
  ဖြန့်ကျ က်ထားကာ
ရှင်သန်သတိ
ရင်မှာရှိ
လူသားပကတိ
  နေထိုင်ကြည့်လိုက်ပါ...။

Tuesday, December 2, 2014

နှင်းမရှဲ ခင်



အလွမ်းတွေထိုင်ကောက်
  နှင်းတွေ ခြောက်မှ
ကိုယ်တွေ့လိုက်ရတယ်
  အော်
အချစ်တစ်ခုက
အာရုဏ်မတက်ခင်
လွင့်ထွက်ပြေးသွားပြီပဲ
ကဗျာမသီတဲ့
ကဗြာကသီ နေ့တွေ မှာ
အလှမ်းဝေးအချစ်ကို
စမ်း...ရေး မိသူ
အသဲမှာလား
ဦးနှောက်တစ်နေရာမှာလား
မအားလပ်ပေမယ့်
တမ်းတတတ်သေးတယ်
မချစ်တတ်တော့ပေမယ့်
အချစ်ငတ်နေသေးတယ်
မုန်းမိပေမယ့်
  ပြုံး မိနေသေးတယ် လေ
  ဖြူ စင်ခြင်းနှင်းတစ်ပွင့်ကို
အလွမ်း ကျိန်စာသင့်
  ဆောင်းတစ်သက်တိုင်
ကျွမ်းရက်စေရန်
အချစ်နဲ့မထိတွေ့ဖို့

 ဟေမာန်တစ်ခုကို
တမင်သဏ္ဍာန်ပြု
  ဆွေးစေဖန်သူ
  နှင်းကိုလား
  ဆောင်းကိုလား
အချစ်ကိုလား
ကိုယ်
  ရှောင်ပုန်း ရမှာ
အချစ်နှင်းမကျ တဲ့
  ဆောင်းမနက်များ
  ပြောင်းလျက်မသွားခင်
  ပြောထားပေးခဲ့ပါ ..။

ယုံချင် ရက်



ငါ့မှာ မှုန်ဝါးဝါးမာနအရိပ်လေး
မမှေးမသိပ် ရှိနေသေးတယ်
လာလာနောက်ပြီး
ကြာကြာပျောက်မသွားပါနဲ့
အများနဲ့မတူတဲ့
ငါ့ နှလုံးသားငယ်
ကွဲအက်ခံစားလွယ်တယ်
ကြုံသလိုလည်းပြောတယ်
ယုံသလိုလည်းဖောတယ်
  တော်ကီတွေပစ်ပြီး
ယုန်ကောင်တွေအစာကျွေး
ငါ့စိတ်ထဲပစ်ပေးသွားတာ

ခြံတစ်ခြံစာမက
ယုံကြည်မှုတွေ
  မွေးမြူ ခဲ့မိတယ်
ချို သက်မွှေးအီတဲ့
မုသားနှုတ်ခမ်းတစ်စုံကို
  နှစ်သက်စွဲလန်းယုံသာသာ
မဆီမဆိုင်တစ်နေရာမှာ
နင်မပါတဲ့တစ်နေရာ
ငါ့ တစ်ကိုယ်စာ
သီးသန့်သွားချင်ပါတယ်
အချိန်ရှိသလား
  လေ တွေထွားဖို့
Time Zoneကိုနောက်ပြန်ဆုတ်

 ဆွဲဆန့်ထားရမလား
နင်ပြောသမျှ ယုံတဲ့
ယုန်ကောင်လေး လည်း
အခု နှာစေးနေတယ်ဆိုတာ
သတိထား....။

တွေးရင်း ငေးရင်း ရေးရင်း ဖြင့်




ဝန်ခံရဲပါတယ်
ဆရာမကျ ပေမယ့်
အထာသမားမဟုတ်တဲ့
ကဗျာသမားသက်သက်
စိတ်လိုလက်ရ
တွန့်ကာတက်သမျှ
တစ်စစီဆွဲ ချ
ခံစားချက်လုပ်ရ
အဟုတ်မက ကျော်
လုပ်သမျှ နော်
  ရောယောင်ကာမတွေးခဲ့
အရေးသမား သက်သက်
ကယောက်ကယက်
အတွေးနဲ့
  ယောက်ယက်ခတ်
အလွမ်းနဲ့
အချစ်တစ်ခုထဲ
အလွမ်းတစ်ခုကဲ
ရိုးရိုးလေး
တိုးတိုးလေး
ခိုးခိုးပြီး လည်း
  ဆွေးဖူးပါတယ်
ခံစားချက်တွေ
ထုတ်နှုတ်

 ကာရံအစုတ်နှုတ်နဲ့
တန်းမ၀င်
ဒီအလွမ်းတွေ
ခန်းဆက်ရှည်ဖွင့်ဖို့
ရင်ခုန်သံတွေ
ကစားမိသေးတယ်
  ရေးရင်း..လွမ်းရင်း
  တွေးရင်း ..ဆွေးရင်း
ဘာလိုလို
ညာလိုလို
ဟိုလိုဒီလို
ကဗျာတစ်အုပ်တောင်မှ
ထုတ်ဖော်ပြီးခဲ့ပြီပဲ...။

အထီးကျန် ဆောင်း



အထီးကျန်နာရီ
အချစ်မရှိလေပြီ
ချမ်းအေး နေသလား
အသိမှာ ၀ိုးတစ်ဝါး
မပီပြင်သောဆောင်းည
အချစ်တစ်ခုက
ကွဲအက်ပျောက်ရှ
  နေ့နဲ့ည မှား
ချစ်ခြင်းရဲ့ကြားမှာ
ငါ ဆိုတာဘာလဲ
ဒီတစ်ခါဆောင်းဟာ
အချစ် ဆိုတာ
ပျင်းရိခြင်းလား
  လေးတွဲခြင်းလား
ရင်ခုန်သံအသေတွေကို
လူမမြင်အောင်
ထုတ်ပိုးရင်း
ဒီဇင်ဘာကို
အသက်သွင်း
အတိတ်တွေကို
  မြေမြုပ်ရင်း
အချစ်ရောက်မလာသောဒီဇင်ဘာ

အအေးကဲသော
  ဆောင်းမနက်များစွာ
ရင်မှာဘယ်မနွေး
  ဆောင်းအအေးထဲ
ရက်စက်ပြီလား
ခွဲရက် မှာလား
  ဆောင်း လှဒီဇင်
မပြောင်းကြွမှီ
ဒီရင်ကိုဆွတ်ဖျန်း
အချစ်နှင်းစက်များ အရင်....။

Happy Sweet December



ပျော်ရွှင်ပါစေ ချစ်သူ
  အေးချမ်းလှပ
  ဆောင်းအလှနဲ့
   နှင်းမှုန်စွတ်ဖျန်း
  မွေးနေ့မြတ်မှာ
လှပခြင်းအပေါင်း
စဉ်ခ, ညောင်းလို့
  ပျော်ရွှင်သာယာ
  နှစ်သစ်အခါကို
ကြို ဆိုဂုဏ်ပြု
အစဉ်လာတစ်ခု
ဒီနေ့ရက်မှာ

တောင်းဆု ပြု
  နှင်းစက်များနဲ့
ချစ်ခဲ့သမျှ ကို
  ဆောင်းမနက်လို
  အေးချမ်းလှပ
  ပြည့်စုံ စေ ကြောင်း
ဆုချွေ တောင်းသည်
ချို မြိန်သာယာ
ဒီဇင်ဘာ မှာ...။

တစ်ခါက Sweet December

 
 '' Happy Sweet December '' ပါ သူငယ်ချင်းတို့ရေ...
December comes again ...!
ဒီည ၊ ဒီလ ၊ ဒီနှစ်မှာ ခါတိုင်းနဲ့မတူ ပဲ ချမ်းအေးလိုက်တာ အများအားဖြင့်တော့church
သွားပြီး ဆုတောင်းကြလေရဲ့...တစ်ချို့ နေရာတွေမှာဆိုရင်ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီး
ဒီဇင်ဘာကိုကြို ဆိုနေကြတယ် လေ...
ခရစ်တော်မွေးဖွားတဲ့လမြတ်ကိုစတင်ဝင်ရောက်တဲ့အနေနဲ့ ပြုလုပ်ကျင်းပ ကြ တဲ့သဘော
  ပေါ့ ...ညဆယ့်နှစ်နာရီထိ စောင့်ပြီး ဘုရားဆုတောင်းကြတဲ့ခရစ်စမတ်အကြို ဆုတောင်း
ပွဲကို အမြဲကျင်းပနေကျတစ်ခါတုန်းက ခလေးဘ၀ တစ်ချိန် မိသားစုအကြောင်းလေးကို'ဒီညမှာ ပြန်ပြောင်းပြီးသတိရနေမိပါတယ်...

ဒီလိုညတွေဆို တစ်ညလုံး မုန့်လုံးရေပေါ်လုံးရင်း အိမ်နီးနားက အသိမိတ်
  ဆွေတွေနဲ့ စားသောက်ပွဲလေးလုပ်လို့ မိသားစုတွေစုပြီးခရစ်စမတ်ညကိုနှစ်စဉ်လိုလို
ကြို ဆိုခဲ့ဖူးပါတယ်၊ အဖေ့ရဲ့ ဂီတာသံ.. မောင်နှမတွေရဲ့သီချင်းသံတွေနဲ့
အမေ့ရဲ့လက်ရာ အထူးတလည်ပြုလုပ်ထားတဲ့မုန့်မျိုးစုံ အသိမိတ်ဆွေတွေနဲ့စိုပြေသာယာ
ခဲ့ဖူးတဲ့ ခရစ်စမတ်တစ်လလုံးလုံးမှာ ပြန်ပြောင်းတွေးရင် အမှတ်ရစရာတွေက
တစ်ပုံတစ်ပင်ပါ...
ဆယ့်နှစ်နာရီမထိုးမချင်းအိပ်ငိုက်နေလည်းမအိပ်ပဲထိုင်စောင့်ခဲ့ရတဲ့ခရစ်စမတ်
အကြို ညတွေ မိသားစုရဲ့ တေးသီချင်းချီးမွမ်းသံတွေ အဖေ့ရဲ့ဆုတောင်းသံတွေနဲ့ကင်းဝေး
ခဲ့ရတဲ့ ဒီဇင်ဘာအကြို ညတွေ အခုဆိုရင် အတွေးတစ်ချို့ မှာ မပီပြင်တော့သလို
မှုန်ဝါးဝါးနဲ့ကျန်ရစ်ခဲ့ပါပြီ...
တစ်ယောက်ထဲစောင့်ရတဲ့ခရစ်စမတ်အကြို ည..ဒီဇင်ဘာ ဆောင်းည
ချို မြိန်တဲ့ဒီဇင်ဘာ ၊ လှပတဲ့ဒီဇင်ဘာ ၊ အေးချမ်းတဲ့ ဒီဇင်ဘာ
  ပြီးတော့ အဖော်ဝေး တဲ့ အခုလို Sweet December...အိပ်မငိုက်တဲ့ဒီဇင်ဘာည
ဒါပေမယ့် ....မိသားစု ရဲ့အဝေးမှာ...။