Monday, August 11, 2014

အပြုံး များ ရေတွက် ချိန်


ကိုယ်.....


 

ဘာကြောင့် များ မှ
မသနားပါ နဲ့လား ချစ်သူ

ပျော့ညံ့ မှု တစ်ခုတွက်
ငါ့ကိုယ်ငါ ဆုံးမနေပါတယ်

စိတ်ကြိုက် ..ဆုံးဖြတ်
ကိုယ် နာခံ နေပါ့မယ်
အချစ် ဆိုတာ ကိုယ့်တွက်
သင်ခန်းစာ တွေ အဖြစ်နဲ့
သိမ်းဆည်းမထားချင်တော့လို့ပါ

သွားချင်ရင်သွား
  နှုတ်မဆက် ချင်လည်း နေ
  မေးခွန်း မရှိ တဲ့
ကိုယ့် ဘ၀ကို
မင်းထားခဲ့တဲ့နေရာမှာ
ဒဏ်ရာ တွေ ထပ်မဖြစ်ဖို့
မင်း အမုန်းတွေ
ဝန်မမျှ တဲ့ နှလုံးသားကို
ဒုက္ခ မပေးချင်တော့ ဘူးကွာ

အမှားတွေ
အရှုံး တွေ တွက်
  အော်ဟစ် ငိုကြွေးခဲ့ တဲ့
နာရီ တွေ......
ကုန်လွန်ခဲ့ပြီးပါပြီ
လူတကာသိတဲ့
ကိုယ့် သမိုင်းဆွေးကို
ဘာနဲ့မှာ ထပ်မဖြည့်ပရစေနဲ့

ကိုယ်... ဟာ မင်းပြောသလို
စွပ်စွဲ သလို
အချစ် နဲ့ မထိုက်တန်သူ ပါ....
သနား တယ် ဆိုတဲ့ စကားတစ်ခွန်း နဲ့
ကိုယ့်ကိုယ်
အပစ်ပယ်ခံ ....သတ္တ၀ါလို
မင်း.... မမှတ်ယူ သွားဖို့ပဲ ....
ကိုယ်.........။

အလွမ်း တစ်ပုဒ် ပန်းတစ်ဆုပ်


 

သီချင်း တစ်ပုဒ်
ပန်းတစ်ဆုပ်
ကဗျာ တစ်ပုဒ်
အလွမ်း တစ် ဆုပ်

ပန်း တွေသီ
အလွမ်း နဲ့အ ညီ


မင်း ဆီ ပို့မယ့်
ကာရံ တစ်ကုံး
ပန်း အပြုံး မှာ

နှလုံးသား နဲ့
အရင်...
နားဆင်


လွမ်း ကြောင်းလေး ပြော
ပန်း အကြောင်း လေး ရော
ချစ် တဲ့ စကား တစ်ခွန်း နှော
ပြုံး သော့သော့
အ မုန်း မရော သော
အချစ် တေး ကျော့ သီ
ဘယ် မှာမရိုးတဲ့
ချစ် သံစဉ်
နှလုံသား နဲ့
မင်း နားဆင်...။

ဘယ် တော့ မှ


 
တိတ်တိတ်လေး 
နေတတ်ပါတယ်
တိုးတိုးလေး လည်း 

ပြောတတ်ပါတယ်
သူ မကြားအောင်လည်း
ကိုယ် ငို ပြတတ်တယ်
သူ မသိအောင်လည်း
ကြိတ် နေ တတ်ပါတယ်

စိတ်သာချ ပါ
မင်းအလို မ ကျ အောင်
ဘယ်တော့မှ 

နေမယ့်သူမဟုတ်လို့
တိုးတိတ် နေဖို့
အလိုက်မသိသလို
မလုပ်ဖို့...
  တောင်းပန်တယ်

မမေးလည်း

ဖြေတတ်သူ
မပြောလည်း
ကြားတတ်သူ မို့
မင်း စိတ်ညစ်အောင်
အပိုတွေ လုပ်မပြတာ
အသေခြာ

  ပျော်သလိုနေ
ကြိုက်သလို ဆုံးဖြတ်
ကိုယ် ဟာ
အသံမဲ့ ဘာသာရပ်တွေနဲ့
တတ်မြောက် မှု
  နေတတ်မှု
လွန်မြောက်ခဲ့ ဖူး သူ

မင်း သိအောင်
တိတ်တိတ်လေး ပြောမယ်
ဘယ်တော့မှ
ဘယ်တော့မှ
ဘယ် တော့ မှ လည်း.....
ကိုယ်..........။

အချစ် ရဲ့ အဝေး



 

အချစ် ကျ မ 
ခဏ
  ပြေးထွက်လိုက်အုံးမယ်
ညတစ်ည မှာ
နာကျ င်စွာ

မိုးနဲ့ အပြို င်
ခိုး မသိပ် နိုင်
မိုး နဲ့ အဖြို င်
ရွာခဲ့ မိတယ်

ဒီနေ့
သိပ်ကြောက်မိတဲ့
အချစ်ရဲ့ အဝေးကို
ကျ မ ခဏ လေး

ပြေးထွက်လိုက်အုံးမယ်
နှလုံးသား ထဲက ထုတ် ပြီး
တစ်နေရာမှာ
ခဏ ထား ရင်း
  မော တဲ့ ရင် ကို
ရယ်သံ တွေ ရှာဖို့
ခဏ လေး

ပြေးထွက် လိုက်မယ်
ညက လေ
မိုးနဲ့အပြို င်
စိုရွှဲ တဲ့   မျက်ဝန်း
ခဏ လေး နားခွင့် ရအောင်
အချစ်ရဲ့ အဝေးကို
ကျ မ ခဏ 

ပြေးထွက်လိုက်အုံးမယ်
သူ့ကို များ   တွေ့ရင်
အချစ် ရဲ့ အဝေးကို
ကျ မ
ဒီကနေ့
ဒီတစ်နေ့ ပေါ့...။

အနီကတ် အရှုံး သမား


 

ဆောရီးပါ
လာမပြောနဲ့
မရှိ တော့ဘူး ဟာ
နင့် ဘ၀ ကို
ငါ့ ဘ၀ နဲ့
ပေါင်းထပ် ပြီး

 လောင်း ကြေး သတ်မှတ်ခဲ့တဲ့
ကစားပွဲ မှာ
ငါ ဟာ
ဒိုင် သတ်မှတ်တဲ့
အနီကတ် ပြ ခံ ရသူ....


နင် ... ပေး တဲ့နာကျင် မှု ကို
ဘယ်သူ မှ မမြင်လိုက်ပဲ
ငါ ဟာ ပွဲ ပယ် ခံ ရသူ လေ

အောင်နိုင်သူ နင် က
အရှေ့ ၊ အလယ် ၊ အနောက်
တစ်ကွင်း လုံး လှည့်ပတ်
ရိုနယ် ဒို တစ်မျှ
စွမ်း ဆောင်ပြ နိုင်သူ...


တိုက်စစ်မှုး ရဲ့ မာန်အပြည့်
ကစား ကွက် လှ လှ တွေ နဲ့
ပရိသတ် ကိုစည်း ရုံး ပြ တာ
ငါ ဆိုတဲ့ နောက်တန်းသမား က
တစ်ချက် မှား  ကာကွယ်မှု ကြောင့်
အနီကတ်ပြ.... ပွဲ ပယ်ခံရတာ
ပရိသတ် ရဲ့ ငြိုငြင် မှု တွေ နဲ့ ပါ
...
 

ခြေ မမျှ တဲ့....
 အရှုံး သမား ဖြစ်ပေမယ့်
ငါ ဘယ်တော့ မှ
ဒူး မထောက်ဘူး ဆိုတာ
  အောင်မြင်မှု မှေးမှိန် လာချိန် မှာ
နင်တစ်နေ့
စာ နာ တတ်တဲ့ အခါ....
ငါ့ ရင်.... ကို
နင် ကစား ခဲ့ သလို
ရှုံး ပွဲ မရှိ
ရလဒ်တွေ များစွာ
ပိုင်ဆိုင် ဖို့
ငါ .......
ဆု တောင်းပေး နေ မှာ..ပါ ....။

တောင်ဇလပ်

ငှက် ကလေး သို့

 

ငှက်ကလေး ရယ်
ဘယ်အဝေး ကွယ်
တစ်ရက် ဝေး လဲ
ချစ် နေမယ် 


လှောင်ချို င့်ဖွင့်ထွက်
ပျံ ၀ဲ ချင် ရဲ့
အတောင်ညောင်း တစ်ချက်
  ပြန်စောင်း ငှဲ့ ကွယ်


ဟို ဒီ ပျံ သွား
တစ် နေ့ ပျံ အနား
အလွမ်း.. လှောင်ချို င့် မှ
ငှက် ကလေး ငယ်

  ဖော်ကွာ ဝေးမှာ
ပျံ ရှာ... ပြေးသွား
ဘယ်တော့များ မှ
  ပြန်လာ မယ်


ဒီ ရင် ဒီ အလွမ်း
  လှောင်ချို င့် စခန်း မှ
သခင် စောင့်စား
အလွမ်း ပြတင်း မှ ကွယ်


  မျှော် ငေး ဘယ် ၀ယ်
တိမ် တိုက် ကြား မယ်
ဝဲ လွင့် ပျော် မြူး
စုန် ဆန် အကူး
အတူ ပျံ ၀ဲ မယ့်
စိတ်ကူး ရယ်

ဘယ် ခါ မပျောက်
တစ် နေ့မှာအရောက်
အချစ် ငှက် လေး
ပျံ လာပေး ကွယ်..။

ဖြစ် နိုင် မယ် ဆိုရင်



သစ္စာ မဟုတ်ဘူး နော်
သိပ် ကျေနပ်မနေနဲ့

မင်းလို လူ တွက်
ငါ့ရင် မှာ
သစ္စာ ဆိုတာ

 ပြတိုက်မှာ ထားပြီးပြီ
ယုံကြည် မှု လို့လည်း
  ယောင် မှားပြီး
ကမ္မည်း မထိုးလေ နဲ့
ငါ့ ရင် မှာ
နင့် အတွက်
သံသယ တွေ အကုန်
သွန်ချ မှောက်လှန် ပြီးပြီ

သိပ်ခက် တဲ့ငါ့ စိတ် မှာ
ဘယ်သူ က မှ
နင့်လောက်
နင့် နီးပါး
မရက်စက် ခဲ့ဖူးပေမယ့်

မာကျော တဲ့ အသဲ
မာ ကျော တဲ့ စိတ် ကို
ဘရိတ်အုပ်မရအောင်
အမုန်း တွေ မွေးဖွား ပေးခဲ့တဲ့နင့်ကို

ငါ့ ရင် တစ် ချက် အောင့်တိုင်း
ငါ့ နှလုံးသား တစ်ချက်
နာကျင် ရ တိုင်းမှာ
အသစ် အသစ် ဖြစ်သွားတဲ့
စုး နစ် တဲ့ ဒဏ်ချက် တွေ က
အမြဲ အချက် ပြ နေ တယ်

နင် တစ်ကယ် ..
ငါ့ ဘ၀ ကို
အနိုင် နဲ့ လှည့်စားဖို့
  မွေးဖွားခဲ့ လေ သလား....

အသက်ရှင်ခြင်း မှာ
နင် ရှိ နေမယ်ဆို ရင်
ငါ တစ်ကယ် 

သေဆုံးသွားလိုက်ချင်တယ်
ငါ တစ်ကယ်
သက်ရှိ ကမ္ဘာ မှာ
  ဖြစ်တည်ခြင်း မရှိ ခဲ့တဲ့
  ဒြပ် တစ်ခု အဖြစ်နဲ့
  မွေး ဖွားခြင်း အစ ကို
မနေ့ တစ် နေ့ က လို
အဖြစ်မျိုး နဲ့

ငါ... 

ပြန်ရောက်သွားချင် မိတယ်
  ဖြစ် နိုင် မယ် ဆို ရင် ပေါ့..
..။