Saturday, January 24, 2015

ယုံ



လှည့်စားခြင်းတွေနဲ့
နေသားကျ နေသူလား
လေတိုက်တိုင်းလွင့်ပါတဲ့
သစ်ရွက်လိုချစ်သူလား
တယုတယခူးပြီးမှ
ခပ်နာနာခြွေဖျက်သွားဖို့
အားအင်တွေရှိနေသူလား
မသိပါရစေနဲ့
ပြောမပြပါနဲ့
အနမ်းတစ်စုံနဲ့
အလွမ်း တစ်ဖုံပေးပြီး
ဝေဒနာဆေးခါးတွေ
မညှာမတာပေးသွားရက်သူ
နာကျင်တဲ့အသဲက
တမင်မငိုတာသိပေမယ့်
တစ်ကယ်တော့
ကိုယ်ဟာလေ
လှည့်စားခြင်းဆိုတာတွေနဲ့
အကျွမ်းတ၀င်ရှိဖူးသူပါ
အရိပ်ပြလို့အကောင်မထင်
နုံအအ ပုံပြင်တွေ ကို
တစ်မှေးအိပ်ဖို့
ယုံ , ယုံ လေးပြောပြသွားတာ
အိပ်ပျက်ခြင်းတွေထဲမှာ
မှေးပျော်မိသူ ပါ
ပုံပြင်တွေနဲ့အထာကျ 

 သဘာကြီးတစ်ယောက်ကိုမှ
အယုံလွန်မိသွားတဲ့သူ
ဒဏ်ခတ်လို့အပြစ်ပေး
ကိုယ်....
အချစ်ဆိုတာရဲ့ အဝေးမှာ
ဆိတ်ဆိတ်လေး နေရစ်ဖို့
ထပ်တစ်ခါ
လာမရစ်ပါနဲ့
တောင်းပန် တယ်...။

ခပ်ခွာခွာ



ဘယ်သွားနေလဲ
ဘာလုပ်နေလဲ
ဘယ်သူနဲ့ရှိမလဲ
ဟာတာတာအတွေးတစ်ခု
အစိုင်ခဲတစ်ခုပြု
ငါ့ရင်မှာအနည်ထိုင်သွားခဲ့တယ်
ပြန်လာပါ ပြန်ချစ်ပါလို့
ခေါ်ပိုင်ခွင့်မရှိတဲ့ဘဝ
နေသာသလိုနေသင့်ပါတယ်
ပျော်စရာတွေပစ်ထည့်သွားတဲ့
ငါ့ရင်ခွင်အခန်း ကျ ဉ်းထဲမှာ
အလွမ်း တွေ မှိုတက်
အချစ်တွေ စွန့်ထုတ်ပယ်ဖို့မလိုအောင်
ခံစားမှု တွေ သံချေးတက်ခဲ့ပြီပဲ
အဖော်မလိုအောင်
အပျော်တွေအကုန်ပြေးထွက်သွားပြီ
နင်လိုရင်ခေါ်ပေါ့လို့
ဘယ်တော့မှ မပြောတော့မယ့်သူ
သေခြာတာတစ်ခုက
ငါ လေ..
အခု...
အချစ်နဲ့အမုန်းကြားမှာ
ခပ်ခွာခွာလေး နေ ..နေတယ် ဆိုတာ. ..။

ပညတ်တော် အောက်မှာ



အသက်ရှင်သော
သမ္မာတရား
သိုမှီးနှလုံးသားမှာ
ဆင်ခြင်လိုက်လျောက်
အသက်တာတစ်လျှောက်
ပညတ်တော်အောက်မှာ
ခက်ခဲခြင်းရဲ့နေ့များကြား
ရှင်သန်လှုပ်ရှားခါ
စာတန်တန်ခိုး
လွန်စွာတိုး
လှုပ်နှိုး သွေးဆောင်ရာ
အပြစ်တရားအခ
သေခြင်းတရား
လွှဲရှောင်လို့မရတာ
ပညတ်တော်ဖြင့်
အသက်ရှင်ခြင်း
စစ်မှန်ခြင်းလမ်းမှာ
စိတ်လိုဆန္ဒ
ချုပ်တည်းထား
ငြိမ်သက်ခြင်းများစွာ
သစ္စာရှိသောငယ်သားကောင်း
ကိုယ်တော်ပေးသနားရာ
ပိုင်ဆိုင်ဆုလဘ်
အလွန်အဖိုးထိုက်
ထာဝရအသက်မြတ် ပါ....။

လည်လွန်းတဲ့ လောက



အမြဲလိုလို
နှုတ်ဆိတ်နေတတ်တဲ့အဖြစ်
အကျင့်တစ်ခု လိုသာ
အရာရာအလျော့ပေးတတ်တဲ့အကျင့်
အနိုင်လိုမှုတွေ ကြားမှာ
ရယ်စရာကို အဖြေရှာမိတဲ့ အဖြစ်
မျက်ရည်များ နဲ့ ကျွမ်းဝင်ခဲ့ သူ ပါ
ပေးဆပ်ဖို့တွက် တေးမှတ်မှု မရှိတဲ့
အသဲ နု သူ တစ်ဦး ပမာ
ခွင့်လွှတ်ခြင်းနဲ့ စွန့်လွတ်ခြင်း ရဲ့
အဖော်မွန်တစ်ဦးလေပဲလား
တွေဝေခြင်းများစွာ
အလျော့ပေးသမျှ
သီးခံ ရ မက
ပြုံးခဲ့ရ အခါခါ
တမင်ပြု သမျှ
သိလွန်းလှလည်း
ရှုး ချင် ယောင်
မသိချင်သယောင်
ပြု မိသေးပြန်တာ
လည်လွန်းတဲ့ လောက
အဖြေမရှာချင်သော ဘ၀ဒသန
ကိုယ်ကိုယ်တိုင် က
ခက်ခဲခြင်း တွေနဲ့စီးချင်းထိုး
အော်... အခုထိ မှ
မမောသေး( မပန်းသေး ) ပဲ... ကိုး....။

ကျ မ အခု



ချစ်သူကိုတွေ့ရင်
ကျ မကိုယ်စားပြောပေးပါ
အလွမ်းများများထည့်သွားတဲ့
အချစ်ခါး ကော်ဖီတစ်ခွက်
ဆက်မသောက်ချင်တဲ့အကြောင်း
လှောင်ပြုံး တွေနဲ့
ကြောင်တောင်တောင်အသုံးနှုန်းတွေ
ဒီမှာတင်ရပ်လို့
ကြင်နာသူ အဖြစ်ပြတ်စဲ ပေးပါ လို့...
ကျ မ... အခု
စိတ်ကူးကော်ဖီတစ်ခွက်ကို
အချစ်သကြားတွေရောမွှေထည့်လို့
အလွမ်းမပါကော်ဖီတစ်ခွက်
ဖျော် သောက်ဖို့ပြင်နေတဲ့ အတွက်
တစ်ခါတစ်ခါမှ
ယောင်လည်လည် လှည့်ပြန်လာတဲ့
ဆောင်းသဏ္ဍာန်
နှင်းဆန်သွားတဲ့
အနွေးမဲ့ကော်ဖီ တွေ
ကျ မ ရင်မှာအေးခဲ ပြီ ဆိုတာလေး
သူသိအောင်ပြောလို့ ပေးပါ
ကျ မ..... အခု
ကော်ဖီစစ်တစ်ခွက်
အကြင်နာသကြားထည့်
အချစ်တွေနဲ့ရောမွှေနေတယ်...လို့...။

ရင်ခွင်တော်ထက် မှေးစက်ပျော်ပါစေ



တဏှာမီးလား
ရတက်မီးပွား
လူမဆန်လုပ်ရပ်မှား
အမျိုးကောင်းပန်းနှစ်ပွင့်
ပျက်ကြွေလွင့်ကာ
သွားလေသူ ရင်ပူမီး
ကိုယ်တော်မြင်ကြည့်ပေးပါ
အလိုတော်လို့မဆိုသာသမို့
ဘယ်လို ဖြေ ဖျောက်
မပြေပျောက်နိုင်သော ဝေဒနာ
ချစ်ခြင်းကြင်နာ
ကင်းကွာလူသား
ကိုယ်တော်ရှင်းပြပေးလှည့်ပါ
မတရားသူရဲ့တိုက်တွန်းရာမဟုတ်
လူဆိုးလမ်းမှာ မလျှောက်
မထီမဲ့မြင်ပြု နေရာမမည်သော
အငယ်ဆုံးသောသူတို့ရဲ့တစ်နေရာ
ဆာလောင်ငိုကြွေး
ဒုက္ခဘေးမှ
ကူကယ်မစ
စေလိုရာအတိုင်း
ညွှန်ပြလျှောက်လိုက်
ဖြစ်ချင်းမလှ
သူတို့ဘဝ
ရင်နှစ်ဆပူမီး
ကိုယ်တော်ရဲ့ချစ်ခြင်း
ဘယ်ကိုများပျောက်ပြီလဲအဖြေရှာ
ဘုရားသားသမီးတွေ ပဲလား
အပြစ်သားတွေ လို့ပြောမှာလား

  ဖြေတွေး နှစ်သိမ့်
ဘယ်လိုနှလုံးသားနဲ့
ခွင့်လွှတ်ပေးနိုင်မလဲ... သခင်.ပြောပါ.
နာကျင်မှု ရဲ့ အဆုံးနိဂုဏ်း
ကိုယ်တော်ဘယ်လိုရှင်းပြအုံးမှာလဲ
အဖြေတစ်ခုတွက်
ရင်ထုမတတ်
သူတို့နှစ်ဦးတွက်
အဖြစ်မှန်တစ်ရပ်
စစ်မှန်ဖော်ထုတ်
မတရားမှု အကျိုး
ညိုးခြေ (ပြုတ်ကြွေ ) မွှန်းဖဲ့
ပန်းကောင်းနှစ်ပွင့်တွက်
တရားမျှ တခွင့် ရှာပေးလှည့် ပါ သခင်....


တစ်ခဏ





တစ်ခဏ အတွေး
တစ်ခဏ လေး
တစ်ခဏ ပါလား
လူ့ အသက်တာ
ရှင်ခြင်း နဲ့ သေခြင်း
အလွှာ ပါးတစ်ဖက်
ကာခြားလျက်ပါ
လူ့ အသက်တာ
အခိုးအငွေ့
အတိုးအရွှေ့
ကွေးလက်တစ်ခဏ
ဆန့်ယုံမျှ
မျက်လှည့်ဘဝ
လူ့အသက်တာ
မျက်တောင်တစ်ခတ်
လျှပ် တစ် ပြက်
ထိုင်ခြင်းခဏ
ထ..ခြင်း မှ
ခန္ဓာပျက်ရ တာ
မမြဲသဘော
အမြဲ ဇော
အတ္တမရောသင့်ပါ
တွေ့ကြုံ ဆုံခဏ
ဘုံဘဝ
တဒင်္ဂသဘောမျှ သာ
အစဉ်သတိတရား

ရင်ဝယ်ထား
ကိုယ်ကျိုးများရှောင်ကာ
တတ်နိုင်အရေး
များတွက်ပေး
ရှင်သန်ကြိုးစား
လူ့ဘ၀ ဒီခဏ တာ...။


 မသာတဲ့လရယ်
မပျော်တဲ့ညရယ်

အဖော်မဲ့ည တွေထည့်
အမှောင်တွေထဲ
ယောင်လည်လည်တစ်ယောက်ထဲသာ
အခန်းတစ်နေရာမှာ
အလွမ်းတစ်ထွေးတစ်ပိုက်နဲ့
ညတွေ အလိုက်
ဆွေးခဲ့ဖူးတယ်
အချစ်ဆိုတာက
တိမ်မဖုံးမှ
သာတဲ့လ လိုများ
ကိုယ့်ကမ္ဘာမှာ
အလွမ်းတိမ်တိုက်ခြုံ ထား
မဟူရာထက်မှောင်ကျ လွန်းနေလား
ပိန်းပိတ်လှောင်
အခန်းဆောင်ပြတင်းနား
လှစ်ကာကြည့်
ကိုယ်သိလိုက်တဲ့ည( ခြောက်ခြားလွန်းတဲ့ ည )
လ ...မပါ
ည မသာတဲ့ည...။