Monday, June 24, 2013



  အဖေ
 
တုန်ရီ နွမ်းလျ   အဖေ့ စကားသံတွေ

         လောကဒဏ်နဲ့ အထီးကျန်မူ့တွေကြောင့်

အဖေ ပင်ပန်းနေပြီလား…

တစ်ရွာတစ်ကြေး   မျိုးဆွေကင်းမဲ့

         အမှောင်ညတွေမှာ  ဘယ်နှစ်ကြိမ်လောက်

ငိုခဲ့ဘူးလဲ  အဖေ…

ဘာမဆို ရင်ဆိုင် အားမာန်အပြည့်နဲ့
 
 ရွှင်မြူး တက်ကြွ ၊ မိသားစုအတွက် တံတိုင်းကြီး

ဖြစ်ခဲ့ တဲ့ အချိန်တွေကို   သမီးမြင်ယောင်နေဆဲ ပါ အဖေ...

သမီး အတွက်ပူပင်စိတ်နဲ့   သောက အပူ ရင်မှာပိုက်လို့

ပြောမထွက်တဲ့   အဖေ့ စကား ...

သမီး ကြားနေရ ပါတယ် အဖေ။

                                 တောင်ဇလပ်