Thursday, June 30, 2016

လေ ပြေ



 လေပြေ
မင်းပြောဖူးတဲ့
ကဗျာလွတ်စကားတွေ
ငါ့ ရင်ကို
တစ်ခါ
တိုက်ခတ် မလားလို့
နေ့နဲ့ည ဆက်
စောင့် နေခဲ့မိတယ်
ချို သော
မွှေးသော
တန်စိုးမဲ့ တမ်းချင်းတွေ
အတိတ် တွေကို
တစ်ခန်းရပ်
စုတ် ပစ်ချင်လို့
ဘယ်တော့များမှ
ဘယ် နေ့များ မှ
ကာလာ မဲ့ ည များ ဆီ
ရောင်စဉ် တွေ ထွေးပိုက်
ငါ့ည တွေ သိမ်း ပိုက် ဖို့
သော့သော့ ကျီ စယ်
အနမ်းများနဲ့မြူ စွယ် မလား
ရွက် ခတ် သံ ကြား ယုံ နဲ့
ရင်ခုန်ရသူ ပါ လေပြေ ..... ။

 

ခြေရာ


 'ခြေရာ''

တစ်ခါနင်းတော့
ခြေရာ
နှစ်ခါ နင်းတော့
ဝေဒနာ
သုံးခါ နင်းတော့
ဒဏ်ရာ
ဒါကိုမှ
အချစ်လား လို့
ရင်နဲ့ ဆ
မေးခဲ့ မိသောအခါ
ရှောင် ပြေး သူ က
လှောင် သွေး ဒီစကား
တစ်ရံတစ်ခါမှ
အချစ် ဟု
သုံးမိပါသလား တဲ့...
အဖြေပြန် ပေး ခဲ့ တာ...။

Sunday, March 15, 2015

နွေ


တစ်ခဏ လေး


မဆုံနိုင်ခြင်း ဆိုတာ

ကရာနီ ခရီး သို့


ဝါေ၇ွှမြူးမယ့် အတာသင်္ကြန်



ခါနွေတန်ခူး
ဝါရွှေ ဖူး
လာချေ အုံးမတော့
အတာသင်္ကြန်
ပွင့်ဝါပိတောက်
တစ်နှစ်တစ်ခါရောက်
ပွင့်ရှာအုံးမယ့်
သစ္စာပိတောက်ရယ်
တူးပို့သံစဉ်
မြူးကြွ နားဝင်
မြန်မာ နှစ်ကူး
ထူးလှနှစ်ဆန်း ယဉ်
ပိတောက်တစ်ခက်
ရေတစ်စက်
ဖြန်းပက်ကျီ စယ်
လန်းလျက်
နွေ အလည်
အတာကြူး
တန်ခုးလ နွေဂိမ္မာန်
ပိတောက်သစ္စာ
ပန်းဝင့်ဝါ
ခါနွေတစ်ကျော့
ပင်ယံမော့
ဝါစိုစိမ်းလဲ့လဲ့
မြန်မာ နှစ်ကူး
အတာတန်ခူး
ပိတောက်ဖူးခက်

တူစုံ နွှဲပက်
အတာဒီ ရက် မြတ်
ပိတောက်အက
နွေ အလှ
မြိုင်ဆိုင် လှပ
တူစုံက မယ့်
နှစ်ကူး သင်္ကြန်ပွဲ...( မြန်မာတို့ ရိုး ရာပွဲ) ။