Sunday, March 15, 2015

နွေ


တစ်ခဏ လေး


မဆုံနိုင်ခြင်း ဆိုတာ

ကရာနီ ခရီး သို့


ဝါေ၇ွှမြူးမယ့် အတာသင်္ကြန်



ခါနွေတန်ခူး
ဝါရွှေ ဖူး
လာချေ အုံးမတော့
အတာသင်္ကြန်
ပွင့်ဝါပိတောက်
တစ်နှစ်တစ်ခါရောက်
ပွင့်ရှာအုံးမယ့်
သစ္စာပိတောက်ရယ်
တူးပို့သံစဉ်
မြူးကြွ နားဝင်
မြန်မာ နှစ်ကူး
ထူးလှနှစ်ဆန်း ယဉ်
ပိတောက်တစ်ခက်
ရေတစ်စက်
ဖြန်းပက်ကျီ စယ်
လန်းလျက်
နွေ အလည်
အတာကြူး
တန်ခုးလ နွေဂိမ္မာန်
ပိတောက်သစ္စာ
ပန်းဝင့်ဝါ
ခါနွေတစ်ကျော့
ပင်ယံမော့
ဝါစိုစိမ်းလဲ့လဲ့
မြန်မာ နှစ်ကူး
အတာတန်ခူး
ပိတောက်ဖူးခက်

တူစုံ နွှဲပက်
အတာဒီ ရက် မြတ်
ပိတောက်အက
နွေ အလှ
မြိုင်ဆိုင် လှပ
တူစုံက မယ့်
နှစ်ကူး သင်္ကြန်ပွဲ...( မြန်မာတို့ ရိုး ရာပွဲ) ။

သူ့ အတွက် ကျ မ



သူပေါ့
အချစ် လို့အမည်တပ်ပြီး
အမုန်း ၀င်ရိုးစွန်းတစ်နေရာကို
အရှိန်ပါပါ
ကန်ထုတ်ခဲ့ တဲ့သူ
ကျ မ လိမ့်မကျ ခဲ့ပါဘူး
ဒါပေမယ့်
ဒါပေမယ့် ပေါ့
တန်ပြန်ဝဋ်ဒုက္ခတွေ
သူ့အနားရောက်မလာမချင်း တော့
ကန်ချက်ပြင်း ခဲ့လေမှန်း
သူနားလည်ခဲ့ပါ့မလား
ခံစားချက်အပြည့်နဲ့
မာန်ပါပါ အမုန်း ဓားတွေကို
ကျ မအတွက်
တမင်ရည်၇ွယ်
ထုတ် သွေး ခဲ့ တုန်းက
သိပ်ပြီး ထက်ရှခဲ့ မယ်ဆိုတာ
သူ သိ ခဲ့ ပါ ရဲ့လား
ကြင်နာခြင်း တွေကို
နာကျင် ခြင်း နာမ်စား ပြောင်းဖို့
သူ့ စကားတွေ အခုထိ
modern ဖြစ်နေ ဆဲ ပေါ့ လေ
တစ်ခါတစ်လေ
တိုက်ခတ်လာတဲ့

အယောင်ဆောင်လေညှင်း တစ်ချက်မှာ
ညင်သာစွာ ကျင်လည်ဖူးတဲ့ ကျ မ
ဟာရီကိန်း မုန်တိုင်းတစ်ခု အဖြစ်
ပြောင်းလဲမွှေ ခံဖူး မှ
လေဖိအားနည်း ရပ်ဝန်းမှာ
ရပ်တန့် တည်ရှိနေတဲ့
ကျ မ နှလုံးသား
စုတ်...ဖဲ့... ခြောက်
ကြောက်ခဲ့ လေ သော အခါ
သူ ဆိုတဲ့ မာယာရှင် တစ်ယောက်
လတ်ဆတ်သစ်လွင်မှု တွေ နောက်
ကောက်ကောက်ပါအောင် လိုက်ဖို့
သူပိုင်နှလုံးသားတစ်ခုကို
မူပိုင် ကျ မအတွက်ရယ်လို့
တမင်လိမ်ညာ
အရှုးလုပ်
နာကျင်မှု ပြတိုက်ထဲ မှာ
လူတကာ ဟား တိုက်ခံဖို့ ၇ယ်
သူ တမင်
သော့ခတ်ထားခဲ့ လေတယ်
ရက်စက်ခြင်း စေညွှန်ရာမှာ
အရှိန် ယူ ပျော်မွှေ့ပါ လေ ..စ
သူ့ အ တွက်
ကျမ
ဆုခြွေ ပေး ခဲ့ပါတယ်
အသစ်တွေ အသစ်တွေနဲ့
အချစ်တွေ အမြဲ
up to date ဖြစ်ဖို့တွက်...။

အတိတ်လွမ်းရိပ် ဆီ


မပျော်တဲ့ညတွေ
ရင်ခွင်တစ်ဖက်ခြားပေမယ့်
ပြန်လာ ခဲ့ပေးပါ ချစ်သူ
နွေ အရိပ်အောက်
ကြွေ တစ် ရွက်မခြောက်ခင်
ဖြေသိမ့်ကာ
စောင့်မျှော် နေ တတ်တဲ့
ဟိုး အဝေးက
အတိတ်လွမ်းရိပ် ဆီ တစ်ခါ
နွေ မအိပ်ခင်
အရောက် ပြန် လာ ပေးပါ
အကျွမ်းတစ်ဝင်
အသည်း တစ်ခု
နွမ်းနယ် စ မပြု ခင်
အတိတ်ရင်ခွင် အို ဆီသာ
နောက်တစ်ခါ
ရင်ခွင် ရက်မခြားဖို့
ဟိုး အရင်
အတိတ်ဆီ
အလည်ပြန်လာ
ကြို သူ ချစ်ရက်
နွေကြို သစ်ခက်လို
ကြွေ ရက်တွေကို
ခြွေ ဖျက်
အချစ်ပင်ပျို ရွက် ဝေဆာ
နွေ မအိုခင်
ကိုယ့် အနား
ပြန်လာ ခဲ့ ပေး တစ်ခါ..။


မကြာခဏ

 
ချစ်စိတ်ဖြေ
တိတ်တိတ် နေပေမယ့်
တားမရတဲ့ အချစ်စည်း
တို့နှစ်ယောက် ကြား
ဝင်လာ စည်းတား
နေရာချင်း ခြားပေမယ့် လေ
အချစ်နဲ့ အလွမ်းမှာ
အပြစ်ဖွဲ့ မုန်းစရာဆို
အချစ် သက်သက်သာ
ရှိ ခဲ့ တာ ပဲ လေ
ဘယ်လိုအကြောင်းတရား
ဝင်လာ ချောင်းခြားပေမယ့်
အလွမ်းရယ်အချစ်ရယ်
အပြစ်ဆိုတဲ့ ကမ်းတစ်ဖက်
အချစ် တွေနဲ့ လှမ်းတက်ဖို့
တို့လိုအပ်တာ
မင်းပေးမယ့် အကြင်နာ
တစ်နေ့ ဆုံးရင်
တစ်ရက် မမုန်းဖို့
အမြဲလို လက်သုံးစကား
ချစ်သူ နှုတ်ဖျား မှာ
သိပ်ချစ်တယ် ဆိုစကားသာ
မကြာခဏ
ကြားခွင့် ရ ချင် တဲ့သူ ပါ...။

with sympathy



မေတ္တာတွေ ခေါင်းပါးနေ
သစ္စာတွေ
အတောင်ပံတပ်
လွင့်ပျံ ထွက်ခွာချိန်
ချစ်ခြင်း ဆိုတာ ဗလာနတ္ထိ
အချင်းချင်းသတ်ဖြတ်
ညှင်းဆဲ ကြလေ ပြီ
မလိုမုန်းတရား
ရန်လို အငြိုး ထား
လောဘ သားကောင်များစွာ
သဘာဝဘေး
ရောဂါဘေး
ကပ်ရောဂါများ
လွန်ထူပြား
ဆင်ခြင်မိ ကာ
တစ်ခဏတာ
ခန္ဓာဒီစက်
တစ်နေ့ရပ်
ဘယ်လိုစခန်းသွားရမှာ
လူနဲ့လူချင်း
ဘာကြောင့်ညှင်း
စာနာခြင်း ဆိုတာ
ဘယ်ဘုံဘဝ
ကြုံဆုံသမျှ
ပေးဆပ် ရမှာဓမ္မတာ

 တစ်နေ့၊တစ်မိနစ်
တစ်စက္ကန့်
စာနာခြင်းထဲမှာ
နေထိုင် လုပ်ကိုင်ကြံစည်သမျှ
ကြိုးစားကြည့်လိုက်ပါ
မမြဲခြင်း မှာ
ရဲဝံ့ကာ
ရှင်သန် နေရင်း
နောင်ဘ၀ခရီး
တစ်နေ့မညည်း
ငြိမ်းချမ်း မှု များစွာ....။

တေးသီခဲ့သော မနက်ခင်း




မေတ္တာရောင်ခြည်ဦးမှာ
သစ္စာတွေ ရောင်နီ ပျိုးတော့
အချစ်ရနံ့တွေ
ဆွတ်ပျံ့ကြိုင် လှိုင်
အာရုဏ်တေးသွား
အလွမ်းတွေ ပြေးကစားတော့
ပန်းတစ်ချို့
တေးဆို ပြတယ်
မနက်ခင်းအမှီ
ချစ်ခြင်းသီတော့
အလွမ်းတေးထပ်တွေ
ရောညှပ်သွားတယ်
ရောင်နီကြို မော့
လေပြေနှော့ မှာ
အချစ်တွေဘယ်တော့
ရောက်လာမယ်
မျှော်ကာစောင့်ရင်း
မနက်ခင်း
လွမ်းချင်းများနဲ့
တေးဆိုညည်း...။

လ , သာ ညဆီ

 
 ဆွေးသူကိုမငှဲ့ညှာ
အမြဲသာနေတဲ့
လ...ယမင်းကို
ဒီတစ်ည မှာ
တိတ်တဆိတ်
ရိပ်ရိပ်လေး မေးမိတယ်
ချ စ်သူ အပျောက်
ဘယ်ဆီ ရောက်ကာ
သိ စမ်း ခဲ့ ရင်
လေပြေတစ်လှမ်း
ကြယ် တစ်မြန်း မှာ
လ ရုပ် မနွမ်းခင်
ညတစ်ပုဒ်ဆန်းအောင်
ပြောပြ ပေး ခဲ့ ပါ
ကြယ်မငိုသောတစ်ည
လေ ပြေတွေ ဆော့ပြေးကစား
လ..အလင်းရဲ့ ကြား
ရောင်မပီ ၀ိုးတစ်ဝါး
တမင်နောက်လေ လား
စိတ်ထင်မှား ပြီ
ကြယ်စုံ ဒီတစ်ည
တိမ် မရွှေ့ခင် ခဏ
တစ်ဆင့်စကားပါး
ချစ်သူရယ် ငှဲ့ သနား
ည အလင်းမနားခင်
လ မင်း အနားဆီ
တစ်ခါ ပြန်လာ.. ပေး...ပါ....။