Friday, October 31, 2014

သို့ .... ဒီဇင်ဘာ

 
 အမေအို
လွမ်းလို့နေမလား
အိမ်ပြန်မယ့်ရက်
ဒီဇင်ဘာ
နီးသထက်နီး
လွမ်းချ င်း များညည်း
ဟိုးအဝေးက
  နှင်းမှုန်ဖွေးမှာ
လွမ်းရက်ရှည်ကြာ
အိမ်ပြန်ရမယ့်တစ်ခါ
ဒီဇင်ဘာ
  မျှော်လင့်ရ
  စောင့်ရ အခါခါ
ခါတစ်ကျော့ပြန်ရောက်ခဲ့တာ
စိတ်ပူ တဲ့ပုံရိပ်
  မေမေ့ နှုတ်စကား
  တောင်းဆုသံကြား
လွမ်းမျက်ရည်ကျ ခဲ့မိတာ
တမ်းတပျော်
လွမ်းရသောဒီဇင်ဘာ
ဒီတစ်ခါ
အိမ်ပြန်လမ်း
  အေးချမ်းမှုများ
  ဆောင်နှင်းပေးအပ်
  ဆောင်းနှင်းစက်များ နဲ့...ချစ် ရ သော ဒီဇင်ဘာ..။

ဆရာကြီး ဦးအောင်သင်း ( သို့ ) စာပေလောကရဲ့သူရဲကောင်း




အဖိုးတန်ပန်းတစ်ပွင့် ၊ စာပေလောကရဲ့သူရဲကောင်း တစ်ဦး ၊ စာပေရဲ့ဖိုက်တာကြီးတစ်ပါး
  ကြွေလွင့်ပျက်ပြယ်သွားပြီ…..
ဆရာကြီးဦးအောင်သင်း ဆုံးသွားတယ်ဆိုတဲ့သတင်းကြားတော့နှမြောတသစိတ်ဖြစ်မိတာနဲ့
ဆရာကြီးရဲ့ စာပေလောကပေါ်မှာထားတဲ့စိတ်၊ စေတနာ၊ဂရုဏာတွေကို ပြန်ကြား
  ယောင်မိပါတယ်၊ လူသေပေမယ့်နာမည်မသေတဲ့စာပေသမားတွေရဲ့မွန်မြတ်လှတဲ့
လုပ်ရပ်တွေကြောင့်ဆရာကြီးရဲ့နာမည်ဂုဏ်သတင်းဟာလည်းလူတွေရဲ့ရင်ထဲမှာ
ရှင်သန်ကျန်ရစ်နေခဲ့ပြီးသားပါ….

ဆရာကြီးပြောဟောသွားတဲ့ အကြောင်းအရာများအနက် ၊ ‘ ‘ လက်ခံ လိုက်ပါ ’’
ဆိုတဲ့ ခေါင်းစဉ်နဲ့ဟောကြားချက်တွေကို အနှစ်သက်ဆုံးပါ၊
အဲဒီထဲကတစ်ချို့ကိုပြန်လည်ရေးသားလိုက်ပါတယ်.....
ရုပ်ချောတဲ့သူနဲ့ရုပ်ဆိုးတဲ့သူအကြောင်းလေးပါ၊လက်ခံနိုင်ဖို့၊ကြိုးစားဖို့ပတ်သက်ပြီး…
ရုပ်ချောတဲ့သူဟာလောကကြီးက သူ့ကိုအလွယ်တကူထွေးပွေ့လိုက်လို့လောကကြီးရဲ့
မျက်နှာကိုမမြင်လိုက်ရပါဘူး၊ ရုပ်ဆိုးတဲ့သူက ဖြင့် လောကကြီးထဲအလွယ်တကူဝင်ခွင့်မရလို့လောကကြီးရဲ့
မျက်နှာကိုမြင်ခွင့်ရလိုက်ပါတယ်၊ ဒါနဲ့လောကကြီးကလက်ခံလာအောင်ကြိုးစားရင်း
ထူးချွန်တဲ့သူတွေဖြစ်လာပါတော့တယ်၊ ကျောင်းမတက်နိုင်ဘူးလား၊ လက်ခံလိုက်ပါ၊၀မ်းမနည်းပါနဲ့၊ကိုယ့်ကိုယ်ကို
သနားစရာအဖြစ်မမြင်ပါနဲ့သနားနေမယ့်အစားသေလိုက်တာမှပိုကောင်းပါလိမ့်မယ်...
သစ်သားချောင်းပေါ်မှာသံချွန်တစ်ချောင်းရိုက်ထည့်လိုက်သလို
သံချွန်ဝင်ဖို့သစ်သားကနေရာပေးလိုက်ရတယ်၊ ပွန်းပဲ့သွားတယ်ပေါ့ ၊ အဓိက ကတော့ပျော့ညံ့ရင်အရှုံးပေးရမယ်၊မာတဲ့သူကနေရာရသွားတာ
ပါပဲ၊

ဆင်းရဲရင်လက်ခံလိုက်ပါ၊ရုပ်ဆိုးရင်လက်ခံလိုက်ပါ၊ကျောင်းမနေရရင်
ပကတိအခြေနေကိုလက်ခံလိုက်ပါ၊ညံ့တာကိုဘယ်လိုတော်
  အောင်လုပ်မလဲ၊တတ်အောင်လုပ်မလဲအဲဒါကိုမှသတ္တိလို့ခေါ်ပါတယ်
၊စာခိုးချပြီးလဘ်ထိုးပြီးစာမေးပွဲအောင်တဲ့သူဟာပကတိအခြေနေကိုလက်မခံလို့ သူဟာဟန်သမား သူများခိုင်းတာခံရမယ့်သူပဲဖြစ်သွားမှာပါ၊

‘ ကိုယ့်ကိုယ်ကို မခိုင်းရင် သူများခိုင်းတာခံရမယ် ’’

ဒေါက်တာကျော်စိန် ရေးတ‘ဲ့ ‘သင့်ဘ၀အသက်တာအသုံးချ စိတ်ပညာ ’’စာအုပ်မှာ
 ‘ အစားထိုးအောင်မြင်မှု ’’ နဲ့ပတ်သက်ပြီး...မင်းဟာတစ်စုံတစ်ခုသောအကြောင်းကြောင်းကြောင့်
မအောင်မြင်နိုင်ဘူးဆိုရင် ၊ အစားထိုးပြီးအောင်မြင်နိုင်စရာတွေအများကြီးရှိပါတယ်၊
အသံမကောင်းလို့အဆိုတော်မဖြစ်နိုင်ရင်၊အောင်မြင်တဲ့တေးရေးဆရာ၊အောင်မြင်တဲ့ဂီတပညာရှင်
တစ်ဦးဦး ဖြစ်နိုင်ပါတယ်၊အစားထိုးအောင်မြင်စရာတွေနေရာအများကြီးမှာရှိပါတယ်....
‘ အဖက်ဖက်မှာကြိုးစားချင်ရင် နေရာတကာမှာ တံခါးတွေ အများကြီးပါ ’’

 ယောအတွင်းဝန်ဦးဖိုးလှိုင်ကို မင်းတုန်းမင်းကြီးက မေးခဲ့သလို
မင်းတုန်းမင်းက ‘ ဖိုးလှိုင် လောကမှာ မရှိတာထက် ၊ မသိတာခက်ဆိုတာရှိတယ်၊မသိတာထက်
ခက်တဲ့အရာရှိသေးလား ’’ လို့မေးတော ဦးဖိုးလှိုင်က… ‘ရှိပါတယ်အရှင်မင်းကြီး မလုပ်တာပါ ’’
မရှိတာက ရှိအောင်လုပ်ရင်၊ ရှိတယ်၊ မသိတာကသိအောင်လုပ်ရင် သိတယ်၊မလုပ်တာကတော့
ဘာမှမဖြစ်နိုင်တော့ပါဘူး ဘုရား ’’ လို့ပြန်ဖြေလို့သဘောတော်တွေ့တာနဲ့ မင်းတုန်းမင်းကြီးရဲ့လက်စွပ်တော်ကိုချီုးမြှင့် ခြင်းခံရပါတယ်၊

မသိတာထက်မရှိတာထက်မလုပ်တာဟာအဆိုးဆုံးပါပဲ ၊

လုပ်မှရမှာပါ အောင်မြင်မှာပါ၊ နေရာရမှာပါ.....
ကမ္ဘာကျော်ပညာရှိကြီးဆိုကရေးတီးဆိုရင်အင်မတန်မှရုပ်ဆိုးပါတယ်၊
သူဟာအစားထိုးအောင်မြင်မှုနဲ့နာမည်ကျော်ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်အောင်
စွမ်းဆောင်နိုင်ခဲ့ပါတယ်၊ယနေ့ခေတ်ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲနေတဲ့သူအများစုဟာ
ရုပ်ဆိုးတဲ့သူတွေများပါတယ်၊လောကကြီးကလက်ခံဖို့
ကြိုးစားရင်းနဲ့နေရာကောင်းတွေ မှာသူတို့ရဲ့မှတ်တိုင်တွေစိုက်ထူကြတာပါ၊အဓိက ကတော့ရုပ်ဆိုးတာပဲဖြစ်ဖြစ် ဆင်းရဲတာပဲဖြစ်ဖြစ်လက်ခံပြီး အကောင်းဆုံးအသက်ရှင်
  နေထိုင်သွားဖို့ပါပဲ....
အချိန်နဲ့ဘ၀ဟာတွယ်ဆက်ထားတာပါ၊ ဘ၀ကိုတန်ဖိုးထားရင်
အချိန်ကိုလည်းတန်ဖိုးထားပါ ….လို့ဆရာကြီးရဲ့ လက်ခံလိုက်ပါ ဆိုတဲ့ခေါင်းစဉ်အောက်က
  ဟောကြားချက်တစ်ချို့ကိုဝမ်းနည်းခြင်းအထိမ်းမှတ်အနေနဲ့ ပြန်လည်ရေးသားလိုက်ပါတယ်၊။

အလွမ်းမနက်ခင်း

 
လေညှင်းတစ်သွေ့
ဖမ်းဆုပ်လိုက်တိုင်း
လွမ်းမိတယ်ချစ်သူ
  လေနုတစ်ချက်
တိုးဝှေ့လိုက်တိုင်း
လွမ်းရတယ်ချစ်သူ
မနက်ခင်း တွေ
စိုက်ပျိုးရင်း
အလွမ်းတွေ မြေသြဇာထည့်
တမ်းတခြင်းတွေ
ရှင်သန်လာတော့
အမြစ်တွယ်နေတဲ့
အချစ်တွေ ကို
သံယောဇဉ်
အကိုင်းခက်

ဝေဖြာထွက်ဖို့
သံသယပေါင်းပင်
ဖယ်ထုတ်ရှင်းလင်း
သစ္စာအပင်အောက်
မနက်ခင်းများစွာရောက် ဖို့
  စောင့်စားရင်း
ပျိုးနေဆဲ မှာ
မနက် တွေ အတော်စုမိခဲ့ပြီ လေ...။

သူငယ်ချင်း

 

သူငယ်ချင်းရေ...
ခင်ပါတယ် ၊ ဒါပေမယ့် လေးစားတယ်ဆိုတာထက်
မင်းစိတ်ဓာတ်ကို မင်းလုပ်ရပ်တစ်ခု ၊ မင်းရဲ့ အတွေးခေါ် ၊

မင်းရဲ့ အစွန်းရောက်မှုမင်းရဲ့ လေယူရာတိမ်းတဲ့ လုပ်ရပ်၊
 ပေါ်ပင်လိုက်မှု တွေ ကြောင့်မင်းကိုဘယ်လိုလူ
ဆိုတာ သတ်မှတ်ပြီး တဲ့နောက်ပိုင်း စကားဟ ဖို့ ၊ နှုတ်ဆက်ဖို့ ငါ စိတ်မသန့်တော့ဘူး

၊ အနာဂါတ်ကို စိန်ခေါ်၊ ပညာတတ်လို့သမုတ်ခံဖို့ကြိုးစားနေတဲ့ လမ်းကြောင်းပေါ်မှာ
အတွေးခေါ် ခပ်တိမ်တိမ် ၊အနှစ်မဲ့တဲ့လုပ်ရပ်တွေ၊ အကျိုးမရှိတဲ့ အရာတွေကို
အရေးတယူ ဂုဏ်ယူချင်နေတဲ့ နှလုံးသားတစ်ခု ကို တော့ငါ အလေးမပြု ချင်ဘူး၊ဂုဏ်
မယူချင်ဘူး...

အနာဂါတ်ရဲ့ကြယ်ပွင့်လေးတွေက တစ်နေရာတွက်ပဲ
ရည်ရွယ်ထွန်းလင်းချင် နေတာမြင်တော့မင်း ရဲ့ အလင်းရောင်ကို နှမြောစိတ်ဖြစ်ပေမယ့်
မဆိုင်သူငါ့တွက် မင်းလည်းပဲ ရွေးချယ်ခွင့်၊ ဆုံးဖြတ်ခွင့် ရှိပါတယ်၊
ဒါပေမယ့် ငါ့နှလုံးသားက ဒီလို မရောင်ရာဆီလူးတဲ့လုပ်ရပ်တွေကိုခွင့်မပြုချင်လေတော့
ခပ်ခွာခွာပဲ နေကြပါစို့ ကွာ....။

အချစ် (သို့မဟုတ်)


 
ညင်သာညွတ်ပြောင်း
စိမ့်စီး စမ်းချောင်း
  အေးစက်နှုးညံ့
  ကွေ့ဝိုက်သွယ်လျက်
စီးဆင်း ပြီ ကော
အချစ်ရှိသော တစ်နေရာ

  နှလုံးသားထဲ
  လေညင်းသွဲ့
တိုးဝှေ့ခဲ့
ရင်တစ်ခက် ဆီ
လှုပ်သဲ့သဲ့
ယိမ်းခတ်ခတ်
ကြည်နှုးမှုအဆိပ်တက်
ကြင်နာမှု မှာ
အနမ်းဆက်
အလွမ်းတစ်ပွင့်
အခန့်မသင့်ကြွေ
စမ်းစီးသံ ကြား
ရင်တေး စကား
အချစ်တစ်ခုမွေးဖွားခဲ့ပြီလား
မသေခြာ...။

ကျွန်ုပ်နှင့် အတူ




အားနည်းမောပန်း
နွမ်းလျ ချိန်
ကိုယ် တော်ကျွန်ုပ်နှင့်ရှိသည်
မိဘ ၊ မောင်ဘွား ဆွေမျိုး များ
ကျွန်ုပ် အနား မရှိငြား
ကိုယ်တော် ကျွန်ုပ် နှင့်ရှိသည်
ခန္ဓာအားနည်း
တစ်ကိုယ်ရည်လည်း
အားငယ်စိတ်မထား
ကျွန်ုပ်အနား
ကိုယ်တော်အမြဲ ရှိ သည်
နှုတ်ကပတ်တော်
အားဖြည့် ပျော်
ဆုတောင်း ရင်း နဲ့
ခွန်အားထည့်
ကိုယ် တော်နှင့် မပြတ်
မိတ်ဆွေဖွဲ့
ကိုယ်တော် ကျွန်ုပ်နား
အစဉ်ရှိလျက်
နေ့ရက်တိုင်းမှာ
ပြည့်ခွန်အား
ဝိဥာဉ်လန်းရွှင်
စိတ်ရွှင်ကြည်
ကျွန်ုပ် အတွက်
လမ်းပြရှင်
ကိုယ်တော်ကိုသာ အားကိုးယုံကြည်....။

သို့ပေမယိ့





 မလာပါနဲ့
ငါ့ကမ္ဘာနက်
မဟူရာထက်
  မှောင်မဲ လွန်းပါတယ်


မဆိုပါနဲ့
ချစ်သီချင်းဖွဲ့
ငါ့ ရင်မှာမနွဲ့
ရမ်းရင့် လွန်း ပါတယ်


မယုံပါနဲ့
မူယာဖွဲ့
ငါ့စကားသက်သက်
မုသားကဲ
အချို မဲ့ လွန်းပါတယ်


မငိုပါနဲ့
ငါ မလိုလည်း
  ပြို လဲမယ့်ရင်
  ဖေးကူကြင်မယ့်
ရင်ခွင်နန်းသစ်
မင်းတွက် စစ်
အရံအသင့် ပေါလွန်းပါတယ်....

  
မလာဖို့တား
မဆိုဖို့များ
မချစ်ဖို့သနား
မချွေဖို့စကား

ပြောထားပေမယ့်
ခွန်းဆင့်နေခက်
ချစ်လို့ကြင်နာ
ပစ်မခွာမရှောင်တိမ်း
  ရောင်ယိမ်းလို့မစိမ်း သူ
ချစ်သူအ ဖြစ်နဲ့
အသက်ကိုနှင်းအပ်
ဘ၀ကို ပေးဆပ်
ချစ်ပရစေ ဆိုသလား
ခွန်းတုံ့ခြွေခက်
ဘယ်လိုဖြေရက်
အနေခက်ပြီ ကော ချစ်သူ....။