Sunday, March 15, 2015

ဝါေ၇ွှမြူးမယ့် အတာသင်္ကြန်



ခါနွေတန်ခူး
ဝါရွှေ ဖူး
လာချေ အုံးမတော့
အတာသင်္ကြန်
ပွင့်ဝါပိတောက်
တစ်နှစ်တစ်ခါရောက်
ပွင့်ရှာအုံးမယ့်
သစ္စာပိတောက်ရယ်
တူးပို့သံစဉ်
မြူးကြွ နားဝင်
မြန်မာ နှစ်ကူး
ထူးလှနှစ်ဆန်း ယဉ်
ပိတောက်တစ်ခက်
ရေတစ်စက်
ဖြန်းပက်ကျီ စယ်
လန်းလျက်
နွေ အလည်
အတာကြူး
တန်ခုးလ နွေဂိမ္မာန်
ပိတောက်သစ္စာ
ပန်းဝင့်ဝါ
ခါနွေတစ်ကျော့
ပင်ယံမော့
ဝါစိုစိမ်းလဲ့လဲ့
မြန်မာ နှစ်ကူး
အတာတန်ခူး
ပိတောက်ဖူးခက်

တူစုံ နွှဲပက်
အတာဒီ ရက် မြတ်
ပိတောက်အက
နွေ အလှ
မြိုင်ဆိုင် လှပ
တူစုံက မယ့်
နှစ်ကူး သင်္ကြန်ပွဲ...( မြန်မာတို့ ရိုး ရာပွဲ) ။

No comments: