အလွမ်းတွေရယ်...အလွမ်း တွေ ရယ်..
ခြေမွခံ ရတဲ့ ရင်ခွင် ... ခပ်နွမ်းနွမ်း....
ဝေဒနာ တွေ ထပ် ပေါင်းထည့်...
မင်း လည်း သိလောက် ပါရဲ့လေ....
ငါ ဒူး ထောက်ခဲ့ ဖူးတယ်...
ငါ ... ဆုတောင်းခဲ့ဖူးပါတယ်....
ဝေဒနာ ခါး သက်သက်တွေ..
ထပ်ထပ် ... မလိုချင် တဲ့ အခါ....
ကောင်းကင် ကို မော့ကြည့်...
ခံနိုင်ရည် မဲ့ ခြင်း တွေ နဲ့....
အားကိုး ရှာ ... ဆုတောင်းမိတဲ့ အခါ...
အဖြေ ဆိုတာ ဘာလဲ.....
ဝေဒနာ ဆိုတာ... ထပ်တိုးလာ ပြန်ပြီ...
ပြေးထွက်ရင်း.... ရှောင် ခွာရင်း....
ချောင် တစ်ခု မှာပဲ....
နေ၀င် ... နေ ထွက်....
အလွမ်း ...ခပ် အက်အက်....
တစ်မိုး ချု ပ်... ခဲ့ ပြန် ပြီ ... ပေါ့ လေ....။
တောင်ဇလပ်
No comments:
Post a Comment