Sunday, May 4, 2014

အတိတ် နဲ့ စိတ်


မင်း သိ အုံးမလား...ဒီနေ့ ကို..
မှတ်မိ အုံး မလား..ဒီရက် ကို လေ..
တစ်ခါက..တစ် ချိန်က ..အဖြစ်ပျက်..
ကိုယ့် ရင်မှာ မမေ့ နိုင်တဲ့ ရက်တစ်ရက်...
ပေး ခဲ့ဖူး တဲ့  လက်ဆောင်ရယ်..
ပြော ခဲ့ဖူး တဲ့..ကတိစကားရယ်..

ရက် များကြာ ညောင်း...
နှစ် များ အို ဟောင်း သွားပေါ့လေ..
ခပ် ဆွေး ဆွေး ဖြစ်နေတဲ့..
ဝက်ဝံ ရုပ် လေး က..
ကိုယ့်ကို များ ... ပြုံး ပြနေသလား..
စားပွဲ ပေါ် က ...
ကော် နှင်း ဆီ နီ တွေ ဆီ..
အမှတ်တမဲ့.. ရောက်သွားတဲ့..
ကိုယ့် အကြည့်  ဝေ  ရီ..
အမှတ် မထင် အချက် ပြ လာတဲ့..
ကိုယ့်  ရင် က ဒဏ်ရာ အကြွင်း ကျန် နဲ့...
အမှတ်တရ  တွေ ဆီ..
အလည် လွန်တဲ့  စိတ်ကို..
ပြန် ချည် လို့...
နှလုံးသား ကို    လွှတ်ချ  လိုက် တဲ့ ...ခဏ..
ဒီ နေ့ လေး ဟာ    လှပ သွားသလိုပါလား..
လွတ် မြောက်   သွား သလိုပါလား...
သြော် ... အတိတ်.. အတိတ်...
အလည်  လာပြီး များ...
ဒီ စိတ်ကို ၀င်မွှေ သွား သေး  သတဲ့လား....
ဒီတစ်ခါ ...မင်း  ငို ရ အောင်..
ငါ ဒီ နေ့  ပျော်နေလိုက်မယ်... စိတ်ချ..။
၃.၅.၂၀၁၄ ...မွေးနေ့ အမှတ်တရ...
တောင်ဇလပ်






No comments: