Thursday, June 19, 2014

တစ်စုံ တစ်ရာ သို့

ဘာကြောင့် လဲ ... တစ်စုံတစ်ရာ ..ရ ယ်..
ကိုယ် ချ ပြ စရာ ကျန်သေးလို့....
ကိုယ့်  အပြင်  အစိတ် ပိုင်း ထိ...
တိုးဝင် ပတ်သက်  ချင် တာ လဲ....
ကိုယ့် ကိုယ်   ပြောပါ....
ခံစားချက် တိုင်း ကို...
သေခြာ စစ်ဆေးကြည့် ရင်...
ဝေဒနာ    အတိမ် နက် ကို.....
သိသင့်  ပါ ရဲ့ နော်...
ကန့်သတ် နယ် မြေ ထဲ ကို....
တိတ်တခိုး  တိုးဝင်လို့...
ကိုယ် ဘယ်လိုမျိုး .... 
တုန့်ပြန် ရ မှန်းမသိအောင်...
ရင် တွေ မွန်းကြပ်နေတယ်...
တိတ်တိတ်လေး နဲ့...
ခပ်မဆိတ်လေး  သာ... နေပေးပါ့လား ကွယ်....
ချ  ပြ စရာ မကောင်းတဲ့ အတိတ်တွေထဲမှာ...
ပုန်းလျို ၀ှက်   နေခွင့်  ပေး ပါ့ လား...
ဘာကြောင့်  များ ပတ်သက်ချင်တယ်...
သိရက်နဲ့ တမင် မျက်ကွယ် ပြု တာ...
နှစ်ဦး စလုံး တွက်  ဖြစ်သင့်တဲ့  အရာ ပါ...
တောင်း ဆို ပါတယ်...
တားဆီး ထားတဲ့   စည်းတွေ ကြား မှာ....
တစ်စိမ်း တွေ လို ... ဆက် နေ ပေး ပါ....
ကဗျာ တွေ  ပေါ်မှာ  ပဲ..
ကိုယ့်   ကမ္ဘာကို  .... မြင်ကြည့် ပေး ပါ....
ကျေး ဇူး  ပြု ၍....
အပြင်   ကမ္ဘာ  ကို ရောက်  လာခွင့် ....
မပြု နိုင်လို့ပါ...။
တောင်ဇလပ်

No comments: