Sunday, March 15, 2015
Saturday, March 14, 2015
မတူညီမှု အလှတရား
အမြင်မတူ
ရင်... အတူပါပဲသူငယ်ချင်း
အကျင့်မတူ
အချစ်...တူပါ တယ် သူငယ်ချင်း
စိတ်မတူပေမယ့်
ကြိတ်ငိုတာချင်း တော့တူမယ်
သူငယ်ချင်း
မတရားမှု အားပြိုင်
လောဘတွေ အားနိုင်နေတဲ့ခေတ်
ရိုးသားမှုနဲ့ ကြည့်မြင်သမျှ
စိတ်ဘ၀င်မကျ နိုင်တဲ့ခေတ်မို့
မင်းလည်းအတူ
ငါ လည်းအတူ
ခံယူချက်မတူ
ယုံကြည်ချက်လွဲရင်လည်း
ငို ရယ် ပြုံးတစ်လှည့်
မျက်ရည်နဲ့ အရှုံးမဖဲ့ ဖို့
တို့နှလုံးသားတွေကြား
မတူညီမှုတံတိုင်းခြားမှာ
တူညီစွာလက်တွဲသွားရင်း
ဆေးရောင်စုံလှ
တူခြယ်သ
အနာဂါတ်
ပန်းများစွာ
စိတ်တစ်ခို မှာ
ထိုးစိုက်
မွှေးပျံ့ဖို့သာ
လိုရင်း ဓမ္မတာ....ပါ... .။
အမြင်မတူ
ရင်... အတူပါပဲသူငယ်ချင်း
အကျင့်မတူ
အချစ်...တူပါ တယ် သူငယ်ချင်း
စိတ်မတူပေမယ့်
ကြိတ်ငိုတာချင်း တော့တူမယ်
သူငယ်ချင်း
မတရားမှု အားပြိုင်
လောဘတွေ အားနိုင်နေတဲ့ခေတ်
ရိုးသားမှုနဲ့ ကြည့်မြင်သမျှ
စိတ်ဘ၀င်မကျ နိုင်တဲ့ခေတ်မို့
မင်းလည်းအတူ
ငါ လည်းအတူ
ခံယူချက်မတူ
ယုံကြည်ချက်လွဲရင်လည်း
ငို ရယ် ပြုံးတစ်လှည့်
မျက်ရည်နဲ့ အရှုံးမဖဲ့ ဖို့
တို့နှလုံးသားတွေကြား
မတူညီမှုတံတိုင်းခြားမှာ
တူညီစွာလက်တွဲသွားရင်း
ဆေးရောင်စုံလှ
တူခြယ်သ
အနာဂါတ်
ပန်းများစွာ
စိတ်တစ်ခို မှာ
ထိုးစိုက်
မွှေးပျံ့ဖို့သာ
လိုရင်း ဓမ္မတာ....ပါ... .။
Thursday, March 5, 2015
အတ္တဆေးစက်
အတ္တ တွေနဲ့နပန်းသတ်
မောပန်းပြီလား
သူငယ်ချင်း ရယ်
မောဟတွေ နဲ့
စီးချင်းထိုး
လဲပြို မှာလည်းစိုးမိတယ်
ဒေါသ တစ်ပိုင်
ဥာဏ်မခိုင်
မာန်ပြိုင် မှာပဲ ကြောက်မိတယ်
တစ်နေ့တစ်ခါ
သေရွာကူး
ဘာစိတ်ကူးများ ရှိနေမလဲ
ရှင်သန်သမျှ
ဘုံဘဝ
နိဂုဏ်းလှဖို့
ကြိုးစားအုံးကွယ်
ငါနဲ့ငါအတူ
သေလူ တူချင်း
အတ္တ၊ မောဟ
ဒေါသ များ ဖယ်
ကွေးလက်တစ်ခဏ
ဆန့်ယုံမျှ
ဆင်ခြင်တွေး တော
မမြဲ သဘော
မေတ္တာနှောလို့
အတ္တဆေး စက်
မှင်မတက် မှ ဖြစ်မယ်..။
တာရာလမ်း မှ လ သော်တာ
နွေ ည များ စွာ
ဆောင်ယူ လို့
အမှောင်ရှင်း ခဲ့
လ သော်တာ
ပုပ်ရောင်မသန်းနဲ့
တစ်ခ ဏ ချမ်း မှာ
ချစ်သူ လန်းဖို့
ဆန်းဆင့် ကာ သာ
နွေ အေးရိပ်ည
အဖော် ဝေး အိပ်မရ
တစ်ခါ လှမ်းသိပ် မလား
တာရာလမ်းက
လှမ်းလာခဲ့ပါ
နွေ အ၀င်
ထွေးသိပ်
အဖော်ကွာ ည ရိပ်
လ, အလင်းလေးနဲ့
အိပ်စက် ခွင့် ပေးပါ...။
တစ်ဆိတ်လောက်
ချစ်သူပြုံးဖို့
ကျ မ ရင်ကို သီကုံးခွင့်ပေးတဲ့အခါ
ရယ်နေပါရဲ့လား
ပြောပြပေးပါ
ချစ်သူမမုန်းဖို့
ကျ မ နှလုံးသားကို သုံးစားခွင့်ပေးတဲ့အခါ
ပျော်နေပါရဲ့လား
ပြောပြပေးလှည့်ပါ
ချစ်သူ သုံးဖို့
ကျ မ မျက်ရည်တွေ
ခြေဆေးခွင့်ပေးတဲ့ အခါ
ဖြေဆေးတစ်ခု ဖြစ်ရဲ့လား
ပြောပြ ပေး ကြပါ
တစ်ခါတစ်လီ
သုံးရာသီလိုက်
ချစ်သူ့ စိတ်ကြိုက်
ရေးချယ် သီထုံး
ကဗျာကုံးတိုင်းမှာ
ရောယောင် မှေးစက်
တစ်မိုးသောက် ရဲ့လား
ကျ မ ကိုယ်လေ
တစ်ဆိတ်...လောက်
ပြောပြ ပေး ခဲ့ ပါ...။
အတ္တနဲ့ ပရ
ပရဟိတ အသင်းတွေ ပေါများလာတဲ့ ဒီခေတ်မှာ လူသားတွေကိုယ်စီအနည်းနဲ့အများ
တော့ ပရဟိတ စိတ်လေး ရှိ နေကြတယ်ဆိုတဲ့ သက်သေပါ ပဲ...
လုပ်ဆောင်တတ်ရင် အင်မတန်မှ အကျိုး ထူးနိုင်သလို လွဲမှားစွာအသုံးချ မိရင်လည်း
ငရဲ ဆိုတာကို လက်မှတ်ပြစရာတောင်မှ လိုမယ်မထင်ပါ ဘူး
သူများကိုလှူ တယ်တန်းတယ်ဆိုတာ တော်ယုံသတ္တိနဲ့မလုပ်နိုင်ပါဘူး..
သို့ပေမယ့်လည်း လူသားပီပီ အတ္တဆိုတာအနည်းများ ပုံသဏ္ဍာန်ခံစားပုံချင်းသာ
ကွာချင်ကွာမယ် အတ္တ ဘောတွေချည်းပဲမို့ ကိုယ့်မှာမရှိပဲနဲ့ သူများကို လှူ ဖို့ဆိုတာ
ဘယ်လိုဖြစ်နိုင်မှာလဲ...လှူ ပြန်ရင်လည်း အကျိုးကို မျှော်ပြီး ညောင်ရေလောင်းကြတာ
က အများသား...
တစ်ကယ်ဆိုရင် ပရသမားဆိုတာက ကိုယ့်အတ္တကို တစ်မျိုးနည်းနဲ့ချိုးနှိမ်ကြတဲ့သူတွေ
လို့ တွေးမိပါတယ်၊ကိုယ့်ရဲ့ လောဘ ဒေါသ မောဟ တွေကို ကုသိုလ်စိတ်လေးနဲ့ ဖာထေးပြု ပြင်ယူကြတာပါပဲ ၊ ပရဟိတ လုပ်တဲ့သူတိုင်းကိုလည်းသူတော်ကောင်းလို့ သတ်မှတ်လို့မရနိုင်ပါဘူး အခွင့်ရေး တစ်ခု ခု ရပိုင်ခွင့်တစ်ခုခု ပေါ်ပင်လိုက်မှု တစ်ခုကြောင့်
ပရဟိတ သမားလို့နာမည်ခံ စေချင်တဲ့ အတ္တဟိတ သမားတွေ လည်း အများအားဖြင့်
တွေ့နိုင်ပါတယ်
ဆွမ်းဆန်ထဲမှာ ကြွက် ခြေး အနည်းငယ် ရော ပါသလိုပေါ့ ၊ ဘယ်နေရာဘယ်အရပ်
မှာမဆို တွေ့ရမှာပါ ၊ တစ်ကယ့်တစ်ကယ် စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ဆောင်တဲ့
သူက အနောက်မှာ ချောင်ကပ် လို့ဘေးရောက်ခံရပြီး ဘာမဟုတ်တဲ့ ယောင်ခြောက်ဆယ်သမား တွေအခွင့်ထူးခံလူတန်းစားတွေပဲ နေရာ
..ရကြတာ များပါတယ်
ဘာပဲဖြစ်ဖြစ် ...ပေါ့..
ကိုယ့်အတ္တကို အသေသတ်တဲ့ပွဲ ပဲ ကိုယ်နဲ့ စိတ်ပဲ သိခွင့်ရှိတဲ့ လုပ်ဆောင်ချက်ပါပဲ
ဘယ်သူက သတ်မှတ်ပြီးခေါင်းစဉ်တပ်စရာလိုမှာလဲ ..ပရသမား ပီသတဲ့သူ ပရသမား
စစ် စစ်ဟာ အလှု့ ရှင်မှန်းသိအောင်မဏ္ဍပ်တိုင် တက်မပြပါဘူး ဘယ်သူသိသိမသိသိ
ကိုယ့်စိတ်ရဲ့ လွတ်မြောက်ရာ ငြိမ်းချမ်းရာ ကို ကိုယ့်ဖာသာတတ်နိုင်သလောက်
လုပ်ဆောင်၇တာမို့ ကိုယ့်အတွက် ကိုယ်လုပ်တဲ့ လုပ်ငန်းလို့ ပြောရင်ရောမရနိုင်ဘူးလား
သူများ ရတာက နောက် ကိုယ်ရတဲ့ ပီတိက အရင် ပဲလေ..
ကိုယ့်ကြောင့်တစ်ပါးသူ ကျေနပ်သွားတာ အဆင်ပြေသွားတာ ၊ ဖြည့်ဆည်းပေးလိုက်တာ
ဟာ အသေးမွှားဆိုပေမယ့်လည်းပြန်လည်ခံစားရတဲ့ ရင်ထဲက ကြည်နှုးမှု က ဘာနဲ့မှ မလဲနိုင်ပါဘူး
ကောင်းတဲ့အလုပ်ကို လုပ်နေပေမယ့် ကိုယ်လုပ်တာနဲ့ ထိုက်တန်တဲ့ ရလဒ်ရှိဖို့လည်း
လိုအပ်ပါသေးတယ်..အဲဒါကတော့ ကိုယ့် ရင်တွင်းမှာ အမှန်တစ်ကယ် သိမယ့် ကိုယ့်ဖာသာ
ကျေနပ်နိုင်မယ့် အခွင့်လမ်းပါ ပြန်တွေးလိုက်တိုင်းဘာနဲ့မှ အစားထိုးလို့မရတဲ့ ကျေ နပ်ပျော်ရွှင်
မှု... ကိုယ့်စိတ်တွေ တဒင်္ဂလွတ်လပ် အေးချမ်း စေတဲ့ မွန်မြတ်တဲ့လုပ်ရပ်မှန်သမျှ ဟာ
ကိုယ်ပဲ သိတဲ့ ကိုယ့်ရင်တွင်းက အောင်မြင်မှု အစစ်မှန်ဆိုတာ လုပ်ဖူးသူတိုင်း ကြုံ ဖူးသူ
တိုင်း နားလည်ခံစားမိမှာပါ
အတ္တဟိတနဲ့ပရဟိတ ကိုယ်သာ ခွဲခြားသုံးသပ်လုပ်ရပ်မှန်မယ် ဆိုရင်ပေါ့....။
Subscribe to:
Posts (Atom)
