Thursday, March 5, 2015

အတ္တဆေးစက်




အတ္တ တွေနဲ့နပန်းသတ်
မောပန်းပြီလား
သူငယ်ချင်း ရယ်
မောဟတွေ နဲ့
စီးချင်းထိုး
လဲပြို မှာလည်းစိုးမိတယ်
ဒေါသ တစ်ပိုင်
ဥာဏ်မခိုင်
မာန်ပြိုင် မှာပဲ ကြောက်မိတယ်
တစ်နေ့တစ်ခါ
သေရွာကူး
ဘာစိတ်ကူးများ ရှိနေမလဲ
ရှင်သန်သမျှ
ဘုံဘဝ
နိဂုဏ်းလှဖို့
ကြိုးစားအုံးကွယ်
ငါနဲ့ငါအတူ
သေလူ တူချင်း
အတ္တ၊ မောဟ
ဒေါသ များ ဖယ်
ကွေးလက်တစ်ခဏ
ဆန့်ယုံမျှ
ဆင်ခြင်တွေး တော
မမြဲ သဘော
မေတ္တာနှောလို့
အတ္တဆေး စက်
မှင်မတက် မှ ဖြစ်မယ်..။

No comments: