Saturday, March 14, 2015

မတူညီမှု အလှတရား

 
အမြင်မတူ
ရင်... အတူပါပဲသူငယ်ချင်း
အကျင့်မတူ
အချစ်...တူပါ တယ် သူငယ်ချင်း
စိတ်မတူပေမယ့်
ကြိတ်ငိုတာချင်း တော့တူမယ်
သူငယ်ချင်း
မတရားမှု အားပြိုင်
လောဘတွေ အားနိုင်နေတဲ့ခေတ်
ရိုးသားမှုနဲ့ ကြည့်မြင်သမျှ
စိတ်ဘ၀င်မကျ နိုင်တဲ့ခေတ်မို့
မင်းလည်းအတူ
ငါ လည်းအတူ
ခံယူချက်မတူ
ယုံကြည်ချက်လွဲရင်လည်း
ငို ရယ် ပြုံးတစ်လှည့်
မျက်ရည်နဲ့ အရှုံးမဖဲ့ ဖို့
တို့နှလုံးသားတွေကြား
မတူညီမှုတံတိုင်းခြားမှာ
တူညီစွာလက်တွဲသွားရင်း
ဆေးရောင်စုံလှ
တူခြယ်သ
အနာဂါတ်
ပန်းများစွာ
စိတ်တစ်ခို မှာ
ထိုးစိုက်
မွှေးပျံ့ဖို့သာ
လိုရင်း ဓမ္မတာ....ပါ... .။

အမြင်မတူ
ရင်... အတူပါပဲသူငယ်ချင်း
အကျင့်မတူ

အချစ်...တူပါ တယ် သူငယ်ချင်း
စိတ်မတူပေမယ့်
ကြိတ်ငိုတာချင်း တော့တူမယ်
သူငယ်ချင်း
မတရားမှု အားပြိုင်
လောဘတွေ အားနိုင်နေတဲ့ခေတ်

ရိုးသားမှုနဲ့ ကြည့်မြင်သမျှ
စိတ်ဘ၀င်မကျ နိုင်တဲ့ခေတ်မို့
မင်းလည်းအတူ
ငါ လည်းအတူ
ခံယူချက်မတူ
ယုံကြည်ချက်လွဲရင်လည်း
ငို ရယ် ပြုံးတစ်လှည့်
မျက်ရည်နဲ့ အရှုံးမဖဲ့ ဖို့
တို့နှလုံးသားတွေကြား
မတူညီမှုတံတိုင်းခြားမှာ
တူညီစွာလက်တွဲသွားရင်း
ဆေးရောင်စုံလှ
တူခြယ်သ
အနာဂါတ်
ပန်းများစွာ
စိတ်တစ်ခို မှာ
ထိုးစိုက်
မွှေးပျံ့ဖို့သာ
လိုရင်း ဓမ္မတာ....ပါ... .။

No comments: