Tuesday, December 2, 2014

တစ်ခါက Sweet December

 
 '' Happy Sweet December '' ပါ သူငယ်ချင်းတို့ရေ...
December comes again ...!
ဒီည ၊ ဒီလ ၊ ဒီနှစ်မှာ ခါတိုင်းနဲ့မတူ ပဲ ချမ်းအေးလိုက်တာ အများအားဖြင့်တော့church
သွားပြီး ဆုတောင်းကြလေရဲ့...တစ်ချို့ နေရာတွေမှာဆိုရင်ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီး
ဒီဇင်ဘာကိုကြို ဆိုနေကြတယ် လေ...
ခရစ်တော်မွေးဖွားတဲ့လမြတ်ကိုစတင်ဝင်ရောက်တဲ့အနေနဲ့ ပြုလုပ်ကျင်းပ ကြ တဲ့သဘော
  ပေါ့ ...ညဆယ့်နှစ်နာရီထိ စောင့်ပြီး ဘုရားဆုတောင်းကြတဲ့ခရစ်စမတ်အကြို ဆုတောင်း
ပွဲကို အမြဲကျင်းပနေကျတစ်ခါတုန်းက ခလေးဘ၀ တစ်ချိန် မိသားစုအကြောင်းလေးကို'ဒီညမှာ ပြန်ပြောင်းပြီးသတိရနေမိပါတယ်...

ဒီလိုညတွေဆို တစ်ညလုံး မုန့်လုံးရေပေါ်လုံးရင်း အိမ်နီးနားက အသိမိတ်
  ဆွေတွေနဲ့ စားသောက်ပွဲလေးလုပ်လို့ မိသားစုတွေစုပြီးခရစ်စမတ်ညကိုနှစ်စဉ်လိုလို
ကြို ဆိုခဲ့ဖူးပါတယ်၊ အဖေ့ရဲ့ ဂီတာသံ.. မောင်နှမတွေရဲ့သီချင်းသံတွေနဲ့
အမေ့ရဲ့လက်ရာ အထူးတလည်ပြုလုပ်ထားတဲ့မုန့်မျိုးစုံ အသိမိတ်ဆွေတွေနဲ့စိုပြေသာယာ
ခဲ့ဖူးတဲ့ ခရစ်စမတ်တစ်လလုံးလုံးမှာ ပြန်ပြောင်းတွေးရင် အမှတ်ရစရာတွေက
တစ်ပုံတစ်ပင်ပါ...
ဆယ့်နှစ်နာရီမထိုးမချင်းအိပ်ငိုက်နေလည်းမအိပ်ပဲထိုင်စောင့်ခဲ့ရတဲ့ခရစ်စမတ်
အကြို ညတွေ မိသားစုရဲ့ တေးသီချင်းချီးမွမ်းသံတွေ အဖေ့ရဲ့ဆုတောင်းသံတွေနဲ့ကင်းဝေး
ခဲ့ရတဲ့ ဒီဇင်ဘာအကြို ညတွေ အခုဆိုရင် အတွေးတစ်ချို့ မှာ မပီပြင်တော့သလို
မှုန်ဝါးဝါးနဲ့ကျန်ရစ်ခဲ့ပါပြီ...
တစ်ယောက်ထဲစောင့်ရတဲ့ခရစ်စမတ်အကြို ည..ဒီဇင်ဘာ ဆောင်းည
ချို မြိန်တဲ့ဒီဇင်ဘာ ၊ လှပတဲ့ဒီဇင်ဘာ ၊ အေးချမ်းတဲ့ ဒီဇင်ဘာ
  ပြီးတော့ အဖော်ဝေး တဲ့ အခုလို Sweet December...အိပ်မငိုက်တဲ့ဒီဇင်ဘာည
ဒါပေမယ့် ....မိသားစု ရဲ့အဝေးမှာ...။

No comments: