Tuesday, December 2, 2014

အထီးကျန် ဆောင်း



အထီးကျန်နာရီ
အချစ်မရှိလေပြီ
ချမ်းအေး နေသလား
အသိမှာ ၀ိုးတစ်ဝါး
မပီပြင်သောဆောင်းည
အချစ်တစ်ခုက
ကွဲအက်ပျောက်ရှ
  နေ့နဲ့ည မှား
ချစ်ခြင်းရဲ့ကြားမှာ
ငါ ဆိုတာဘာလဲ
ဒီတစ်ခါဆောင်းဟာ
အချစ် ဆိုတာ
ပျင်းရိခြင်းလား
  လေးတွဲခြင်းလား
ရင်ခုန်သံအသေတွေကို
လူမမြင်အောင်
ထုတ်ပိုးရင်း
ဒီဇင်ဘာကို
အသက်သွင်း
အတိတ်တွေကို
  မြေမြုပ်ရင်း
အချစ်ရောက်မလာသောဒီဇင်ဘာ

အအေးကဲသော
  ဆောင်းမနက်များစွာ
ရင်မှာဘယ်မနွေး
  ဆောင်းအအေးထဲ
ရက်စက်ပြီလား
ခွဲရက် မှာလား
  ဆောင်း လှဒီဇင်
မပြောင်းကြွမှီ
ဒီရင်ကိုဆွတ်ဖျန်း
အချစ်နှင်းစက်များ အရင်....။

No comments: