Wednesday, December 3, 2014

လူသား ပကတိ




တစ်စုံတစ်ရာ
ကျ ရှုံးသွားလို့
  နှလုံးမလှ
  ပြုံးမရတဲ့အခြေ
ဘ၀ဆိုတာ
အတိုင်းဆမဲ့
မှန်းဆ ခက်တဲ့ ကမ္ဘာ
ငိုကာတစ်လှည့်
ရယ်ပြန်ရင်လည်း
မမြဲခြင်းတစ်ခဏ
ဘုံဘ၀မှာ
  တွေ့ဆုံကြုံ ကွဲ
အချစ်နဲ့အမုန်း
သံသရာထုံးကို
ဘယ်လိုနည်းနဲ့
  ဖြတ်ကြမလဲ
  နေ့ရက်ဟူသမျှ
ပူပင်ရရင်
ဘယ်မှာတရားရှိမှာလဲ
  နေ့ရက်ဟူသမျှ
  ငြိမ်းအေးရရင်
ဘယ်မှာအပူ ရှိမှာလဲ

ခဏတာကို
အမြဲသာလို့
ဆွဲမှတ်နှလုံး
မှတ်ယူ သုံးရင်
အတ္တနဲ့ဖက်
  ကောင်းကျိုးပျက်မယ်
တစ်နေ့တစ်ရက်
စက္ကန့် အလှည့်
မပျက်စက်ဝန်း
ချိန် ရှိ တုန်း
စာနာတရား
အကြင်နာပွား
  မေတ္တာစိတ်များ
  ဖြန့်ကျ က်ထားကာ
ရှင်သန်သတိ
ရင်မှာရှိ
လူသားပကတိ
  နေထိုင်ကြည့်လိုက်ပါ...။

2 comments:

စံပယ်ချို said...

အတ္တနဲ့ဖက်လာရင်တော့ ဘာမှမကောင်းတော့ဘူးညီမရေ
ကဗျာလေးဖတ်ပြီး စဉ်းစားရင်း..............

Unknown said...

ကျေးဇူး အများကြီးတင်ပါတယ်

အားပေးတဲ့အတွက်...