Thursday, March 5, 2015

သစ်၇ွက်လေး လို

 


အိမ်အပြင်ကို ငေးကြည့်ရင်းအတွေးတစ်ချို့  က စိမ်းစိုမြနေတဲ့ ဗန်ဒါပင်ပေါ် ဆီ
အမှတ်မထင်အကြည့်ရောက်သွားတဲ့အခိုက် ရာသီနဲ့ထပ်တူစွာ လှပနုဝေနေတဲ့ပင်၇ွက်ပျို တွေနဲ့ရွက်ခြောက်တစ်ချို့  က ကြို ကြားကျန်လို့...
ဝါဖန့်ဖန့် အရောင် ၊ နီတြာတြာ အရောင် တွေနဲ့ စုံလင်လှစွာ တည်ရှိနေပုံက
လောကသဘာဝကို ဖော်ညွှန်းပြသ နေသလို ၊ပင်စည်ကိုင်းကို အမှီပြု ဖက်တွယ်နေတဲ့
ရွက်ညှာတံ ကခြောက်သွေ့လို့အားယူ ရှင်သန်ဖို့ ခွန်အားမရှိလေတဲ့အခါမှသာ မြေပေါ်ကို
လေသင့်ယုံနဲ့ ကြွေလွင့်သွားတတ်တဲ့ သဘောသဘာဝ...

ရောင်ပြောင်းလဲစ ရွက် ၀ါ တစ်ချို့ ကဖြင့် ၀ါဖန့်ဖန့်အဆင်းနဲ့ အစိမ်းရောင်မသန်းပေမယ့်
လည်းပင်ယံထက်မှာ ရွက်နုစိမ်းတွေနဲ့ အလှချင်းပြိုင်တည်ရှိနေနိုင် ပြန်ပါသေးတယ်
တစ်ခါတစ်လေ လေမွေ့သရမ်းလို့ ကြွေလွင့်တာမဟုတ်ပဲ သူ့ဖာသာအညှာရယ်မခိုင်
စိတ်ဓာတ်ယိုင်လို့ ''ဖြုတ် ခနဲ '' ကြွေတတ်တဲ့ ရွက်ခြောက်တွေ ကဖြင့် အချိန်တန်လို့ပဲလား
တိုးထွက် ဝေဆာလာတဲ့ ရွက်ပျို တွေ တွက်နေရာပေးဖို့လေလား မပြောမဆို ကြွေ ခဲ့ ပြန်
လေတော့.....

ပင်ခြေမှာ ကြွေလွင့်လာတဲ့ ရွက်ခြောက်တွေကို တောင်းနဲ့ကောက်သိမ်း ဒါမှမဟုတ် မီးအပူနဲ့
ရွက်ခြောက်ကြွေကို ကျွမ်းလောင်မြိုက်လို့ မြေပေါ်မှာ တည်ရှိခြင်းကို သက်သေ မဲ့စွာ
ပျက်စီးစေခဲ့သလို..
ကမ္ဘာကြီးကိုလည်းသစ်ပင်တစ်ပင်နဲ့အလားတူ မြင်ယောင်မိလေတော့လူတွေရဲ့
 ဖြစ်တည်မှုလူသားမျိုးဆက် generation တစ်ခုနဲ့သဏ္ဍာန်တူ တဲ့အကိုင်းတစ်ကိုင်း မျိုးဆက်တစ်ဆက်ဟာ....
ဖြစ်တည်တယ် မွေးဖွားတယ် စိမ်းစိုတယ် ရောင်ပြောင်းတယ် ခြောက်သွေ့တယ်
နောက်တော့ ပင်စည်ခြေရင်းကို ပြန်လည့်ကြွေကျ ပြန်တယ် မြေကြီး ရဲ့ ဖြစ်တည်မှု မူလ နေရာကို ပြန်လည်ဆင်းသက်ခဲ့ရတယ်

သေခြာပြန်လည်စဉ်းစားမိရင် ခဏတာဖြစ်တည်မှုတွက် ခဏတာလှပမှုတွက်ဖူးပွင့်လာတဲ့
ပန်းပွင့်လေးတွေလို ခဏတာစိမ်းစိုဖို့တွက် ဖြစ်တည်လာတဲ့သစ်ရွက်လေးတွေလို
မမြဲခြင်းဓမ္မတာ သဘောကို လွန်ဆန်ချင်လို့ပင်ယံကိုဖက်တွယ်အကိုင်းကို ခင်တွယ်နေပေမယ့်
အချိန်တန်ရင် သူ့သဘာဝအရ မြေကြီးကိုတွန်းကန်ချ မှာမို့ ဆင်ခြင်မိကာ...

လူ့ဘ၀ တစ်ခဏတာမှာစိမ်းလန်းခွင့်ရတုန်း ၊ မွှေး ပျံ့ခွင့်ရတုန်း ကိုယ်ဖြစ်တည်ရာ
 သစ်ကိုင်းတစ်ကိုင်း ရဲ့ ဂုဏ်သတင်းမျိုးဆက်တစ်ဆက်ရဲ့ ဂုဏ်သတင်းကို ကိုင်းတစ်ခက်မကျိုးမပဲ့အောင်ထိန်းသိမ်းစောင့်ရှောက်ရင်းတန်ဖိုးရှိရှိ
ကြွေလွင့်သွားတဲ့ရွက်ခြောက်လေး တွေသာ ဖြစ်မယ်ဆိုရင် ကမ္ဘာကြီးနဲ့
တူညီတဲ့ပင်စည်ကြီးကသစ်ရွက်တစ်ရွက်ရဲ့တည်ရှိခြင်းတွက်အသိမှတ်တစ်ခု
 ပြု ပေးမယ်ဆိုတာအသေခြာပါ ပဲ...။
တွေးမိသမျှ

လောကဧည့်သည်

 
ဒို့များဘဝ
တစ်ခဏ ဧည့်သည်
ချိန်တန်စွန့်ခွာ
မြေမှုန့်ဘဝ
ပြန်သွားရမယ်
တားချင်သော်လည်း
အိမ်ပြန်ဒီခရီး
ငိုညည်းခြင်းနဲ့
ပူဆွေးသောက
ညိုးနွမ်းခြင်းမှ
သွေ့ခြောက်ခဏ
မြေသို့ ကျ ပြီ
မြေကြီးသားချင်း
ဧည့် ရင်းများသာ
မွေးဖွားခြင်းမှ
ငိုကြွေးခြင်း...စ
နေ၀င်သည့်တိုင်
မျက်ရည် စဖြင့်
နိဂုဏ်း ၇ပ်သည်
မမြဲခြင်းသာ
တစ်ခဏတာ
ပင်ရွက်မြစ်စိမ်း
လေကြမ်းတိမ်းလည်း
မခိုင်ပင်ခက်
ကြွေ လျက်လွင့်သည်
အမှည့်တစ်ဝင်းဝင်း

အကင်းတစ်ဖြုတ်ဖြုတ်
လောက မြေရွာ
သောကပွေစွာ
ရယ်မောတစ်ချိန်
ငိုကြွေး တစ်ခန်း
အဆုံးသတ်လမ်းက
သေရွာသို့သာ
သွားနှင့်သူတွက်
လွမ်းမျက်ရည်တစ်စက်
တစ်နေ့ ဘယ်မှာ
ကိုယ်လည်းပါမည့်
သေရွာဒီခရီး
ဖြေသိမ့်တွေးရင်း
မျှော်ကာစောင့်လင့်
ရွှေပြည်သစ်မှာ
ပြန်လည်ဆုံဖို့
သွားနှင့်အုံးပေါ့ (မှေးစက်အုံးပေါ့ )
ကိုယ်တော်ဘုရားရဲ့ ...ရင်ခွင်ထက်မှာ...။

အိမ်မက် ချစ်သူ



အိမ်မက်လေးရယ်
ထွက်မပြေးပါနဲ့လား
မိုးမသောက်ခင်
အလွမ်းတွေေ၇ာက်လာမှာကြောက်တယ်
သန်းခေါင်ယံအိမ်မက် မှာ
သူလာကာလှုပ်နိုးလာတော့
နိုးတစ်ဝက်
အိပ်ပျက်
အနမ်းပွင့်တွေ
ခိုးခိုးခြွေသွား
နိုးထ မှ သိခဲ့ရ
အော်..ဒါ
အိမ်မက်တစ်ခု ပါလား
အချစ်ရယ် အပြုံးရယ်
ရယ်သံတွေ လှုပ်ခတ်
တုန်ရီမောဟိုက်သွားတဲ့
ရင်တစ်ရှိုက်
ညည့်နက်နက်မှာ အလည်လာ
အလွမ်းတွေအပါခေါ်လာတော့
မိုးသောက် ရ မှာ
တိုးလို့ကြောက်မိ ခါပေါ့

 အိမ်မက်လေး လန့်မနိုးဖို့
စိတ်ကို သတိပေး
မိုးမသောက်ချင် သေး သူ
ဒီတစ်ည ရဲ့
အိမ်မက်ကမ္ဘာ ဆီ
ကိုယ့်ကိုယ်တစ်ခါ
သွေးဆောင်ခေါ် ဖို့
တစ်ခါ ပြန် လာ ပေး ပါ
အိမ်မက် ချစ် သူ လေး... ရာ..။

အမုန်းတစ်ပွဲ

 

 နှလုံးသားတစ်ခု
ယူကြုံးမရ
အနိုင်လိုမူ ကြားမှာ
စစ်မက် ပြု ရတဲ့အခါ
အချစ် အပြုံးများနဲ့
ရင်ခုန်သံတွေ ကို
ဒိုင်းပမာကာလို့
ပျော်စရာလေးများ
ယူဆောင်လာပေးပါ
အကြင်နာမဲ့တလင်းပြင်မှာ
အမုန်းတွေစစ်ခင်းတဲ့အခါ
အချစ် စကားသံ တစ်ချက်နဲ့
ကိုယ့်ကိုယ်အသာယာ
ထိန်းမတ်ပေးလှည့်ပါ
တုန်ရီမောဟိုက်
နယ်လွန်အချစ်တစ်ရှိုက်
တမ်းတမိန်းမော ခိုက်မှာ
ကိုယ့်လက်ကိုအသာယာဆွဲ
ဘယ်တော့မခွဲလို့
ကတိစကားပေး
အမုန်းပြေငြိမ်းရေးတွက်
စစ်ကူ ပေးမယ့်
ချစ်သူနံဘေး မှာ
အတိတ်တွေ

ပည်ဖုံးကားချ
အရှုံးလက်နက်တွေ
ရိုက်ချိုးပစ်ဖို့
အနမ်းတစ်ချို့  နဲ့ အားပြု ပေးခဲ့ ပါ.....။

သို့ .... လောက်ကိုင်


 
 လောက်ကိုင်ရေ
မင်းဘ၀နေတစ်လင်းမှာ
စစ်ခင်းကြတဲ့အခါ
နိုင်ငံသွေးချင်းတွေအသက်
ရာဇ၀င်တွင်ကျန်ရစ်တော့မှာလား
ခလေးလေးတွေငိုနေပြီ
အမေတွေလည်း မျှော်နေပြီ
တိုင်းတစ်ပြည်က
ဆွေသားမျိုးချင်းတွေ
ရင်အပူမိ
ဒီစစ်ဘယ်တော့ရပ် လေမလဲ
ပြောပေးပါလား လောက်ကိုင်ရယ်

တစ်အူတုံဆင်း
ညီကိုရင်းတွေ
သွေးဖလှယ်လို့
အပြီးတွယ်မယ့်
မြန်မာစိတ်ဓာတ်
တစ်ကြိမ်တစ်ခါမက

ကမ္ဘာကသိမှတ်
အရေးကြုံတော့
သွေး အဟုန်ကြွ
ပြေးကူကာ
ဖေးယူမျှ မယ့်
တစ်ပါးသူခြယ်လှယ်
မတရားသူ ဇီဝိန်ချွေဖျက်
သွေးခွဲဖျက်ခဲ့
ကျားဆိုးသရဲတွေ
ကုတ်သွေးစုပ်
အယုတ်သွေးတို့
အကုန်ဖောက်ထုတ်
မတုန်စိတ်ဓာတ်
အကုန်အပြီးသတ်
သွေးချင်းထပ်ပါစေ
စည်းရိုးတစ်ဖက်
သွေးစည်းလျက်
သစ္စာစောင့်အပ်
လုံကာရန်ဝန်း
အသက်ချင်းနီးပါစေ
ဘယ်တော့မရှုံးမယ့်
တရားသောစစ်
သွေးတစ်စက်ပေးရင်
သွေးပျက် ပြေးစေမယ့်
တို့မြန်မာ စိတ်ဓာတ်
ဘယ်တော့အဆုံးမသတ်

 မရဏာတေးတွေ
တစ်နေ့အပြီးသတ်ဖို့
လောက်ကိုင်ရေ....
ခဏတာပေါ့
ငိုညည်းလိုက်အုံး တော့...။

ကာရံသခင် သို့

 

ဆိုးနွဲ့လွန်းတဲ့ ကိုယ့်ကိုယ်မှ
အလိုလိုက်ကာချစ်ရှာတဲ့သူ
ဘ၀င်ခိုက်အောင်အပြောတွေနဲ့
အနွံ့တာခံ ဂရုစိုက်လွန်းတဲ့သူ
တွေးသမျှ
နွေးလာရ ရင်ခွင်
အပြုံးတွေဖဲ့ ခြွေ လို့
နှလုံးဘ၀င်လန်းစေခဲ့သူ
ချစ်သောသူ သို့ရည်ရွယ်ညွှန်း
သူသိစေသော စကားတစ်ချို့ 
ထပ်ကာ ပိုး
သပ်သပ်ရစ်သီ
ချစ်ခြင်းတည်ဖို့
ကဗျာ ..ကာရံ ကုံးကာပို့
ပြုံးလျက်ပန်ဆင်
ကိုယ့်ဘ၀ရဲ့ကာရံသခင်.....သို့...။

တစ်ကြိမ်တစ်ခါ

 
တစ်ကြိမ်တစ်ခါ
တေးဆို ရ ဖို့
နှလုံးသားတွေ ဘယ်အထိ.. ဆွံ့အ လို့..ထားမှာလဲ
တစ်ကြိမ်တစ်ခါ
က.ခုန်ရဖို့
ဘ၀တွေဘယ်လောက် စည်းချက်ပျောက်အုံးမလဲ
တစ်ကြိမ်တစ်ခါ
ပြုံးကာပြ ဖို့
မျက်ရည် ချောင်းထဲ ဘ၀တွေဘယ်လောက်
ပေါင်းကူးထားပြီလဲ
တစ်ကြိမ်တစ်ခါ
စာအံရဖို့
ကလေးတွေဘယ်နှစ်ယောက် ကျောင်းပျောက်ရအုံးမှာလဲ
တစ်ကြိမ်တစ်ခါ
လက်တွဲရဖို့
ဘ၀တွေ ဘယ်လောက် မိုးချုပ် ရအုံးမှာလဲ
တစ်ကြိမ်တစ်ခါ
ချစ်ကြင်နာဖို့
အပြုံးများဘယ်ထိ ပုန်းလျိုးကွယ် ကြ လေမလဲ
တစ်ကြိမ်တစ်ခါ
အိပ်ရေးဝဖို့
ဘ၀တွေ ဘယ်လောက်မိုးမသောက်ခဲ့ပြီလဲ

 တစ်ကြိမ်တစ်ခါ
ငြိမ်းချမ်း ရဖို့
လက်နက်တွေဘယ်လောက်
ရောင်းကောင်း ကြ ပြီလဲ ( ရောင်းကုန် နေပြီ လဲ )..။