Thursday, March 5, 2015

ကာရံသခင် သို့

 

ဆိုးနွဲ့လွန်းတဲ့ ကိုယ့်ကိုယ်မှ
အလိုလိုက်ကာချစ်ရှာတဲ့သူ
ဘ၀င်ခိုက်အောင်အပြောတွေနဲ့
အနွံ့တာခံ ဂရုစိုက်လွန်းတဲ့သူ
တွေးသမျှ
နွေးလာရ ရင်ခွင်
အပြုံးတွေဖဲ့ ခြွေ လို့
နှလုံးဘ၀င်လန်းစေခဲ့သူ
ချစ်သောသူ သို့ရည်ရွယ်ညွှန်း
သူသိစေသော စကားတစ်ချို့ 
ထပ်ကာ ပိုး
သပ်သပ်ရစ်သီ
ချစ်ခြင်းတည်ဖို့
ကဗျာ ..ကာရံ ကုံးကာပို့
ပြုံးလျက်ပန်ဆင်
ကိုယ့်ဘ၀ရဲ့ကာရံသခင်.....သို့...။

No comments: