Thursday, March 5, 2015

လောကဧည့်သည်

 
ဒို့များဘဝ
တစ်ခဏ ဧည့်သည်
ချိန်တန်စွန့်ခွာ
မြေမှုန့်ဘဝ
ပြန်သွားရမယ်
တားချင်သော်လည်း
အိမ်ပြန်ဒီခရီး
ငိုညည်းခြင်းနဲ့
ပူဆွေးသောက
ညိုးနွမ်းခြင်းမှ
သွေ့ခြောက်ခဏ
မြေသို့ ကျ ပြီ
မြေကြီးသားချင်း
ဧည့် ရင်းများသာ
မွေးဖွားခြင်းမှ
ငိုကြွေးခြင်း...စ
နေ၀င်သည့်တိုင်
မျက်ရည် စဖြင့်
နိဂုဏ်း ၇ပ်သည်
မမြဲခြင်းသာ
တစ်ခဏတာ
ပင်ရွက်မြစ်စိမ်း
လေကြမ်းတိမ်းလည်း
မခိုင်ပင်ခက်
ကြွေ လျက်လွင့်သည်
အမှည့်တစ်ဝင်းဝင်း

အကင်းတစ်ဖြုတ်ဖြုတ်
လောက မြေရွာ
သောကပွေစွာ
ရယ်မောတစ်ချိန်
ငိုကြွေး တစ်ခန်း
အဆုံးသတ်လမ်းက
သေရွာသို့သာ
သွားနှင့်သူတွက်
လွမ်းမျက်ရည်တစ်စက်
တစ်နေ့ ဘယ်မှာ
ကိုယ်လည်းပါမည့်
သေရွာဒီခရီး
ဖြေသိမ့်တွေးရင်း
မျှော်ကာစောင့်လင့်
ရွှေပြည်သစ်မှာ
ပြန်လည်ဆုံဖို့
သွားနှင့်အုံးပေါ့ (မှေးစက်အုံးပေါ့ )
ကိုယ်တော်ဘုရားရဲ့ ...ရင်ခွင်ထက်မှာ...။

No comments: