Thursday, March 5, 2015

အမုန်းတစ်ပွဲ

 

 နှလုံးသားတစ်ခု
ယူကြုံးမရ
အနိုင်လိုမူ ကြားမှာ
စစ်မက် ပြု ရတဲ့အခါ
အချစ် အပြုံးများနဲ့
ရင်ခုန်သံတွေ ကို
ဒိုင်းပမာကာလို့
ပျော်စရာလေးများ
ယူဆောင်လာပေးပါ
အကြင်နာမဲ့တလင်းပြင်မှာ
အမုန်းတွေစစ်ခင်းတဲ့အခါ
အချစ် စကားသံ တစ်ချက်နဲ့
ကိုယ့်ကိုယ်အသာယာ
ထိန်းမတ်ပေးလှည့်ပါ
တုန်ရီမောဟိုက်
နယ်လွန်အချစ်တစ်ရှိုက်
တမ်းတမိန်းမော ခိုက်မှာ
ကိုယ့်လက်ကိုအသာယာဆွဲ
ဘယ်တော့မခွဲလို့
ကတိစကားပေး
အမုန်းပြေငြိမ်းရေးတွက်
စစ်ကူ ပေးမယ့်
ချစ်သူနံဘေး မှာ
အတိတ်တွေ

ပည်ဖုံးကားချ
အရှုံးလက်နက်တွေ
ရိုက်ချိုးပစ်ဖို့
အနမ်းတစ်ချို့  နဲ့ အားပြု ပေးခဲ့ ပါ.....။

No comments: